မန်စီးတီးနှင့် လီဗာပူး FA Cup

မန်စီးတီးကို ဂိုးပြတ်ရှုံးပြီး FA Cup က ထွက်ခဲ့ရတာဟာ တိုက်ပွဲဝင်စိတ်ဓာတ် အားနည်းခဲ့လို့လို့ ဆိုဘိုဆလိုင်း ဝေဖန်

မန်စီးတီးကို ၄ ဂိုး – ဂိုးမရှိနဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီး FA Cup ကနေ ထွက်လိုက်ရတာဟာ အသင်းမှာ တိုက်ပွဲဝင်လိုစိတ် ပျောက်ဆုံးနေလို့ဖြစ်တယ်လို့ ဒိုမီနစ် ဆိုဘိုဆလိုင်းက လီဗာပူးအသင်းသားတွေကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။

လာမဲ့ ဗုဒ္ဓဟူးနေ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပီအက်စ်ဂျီ (PSG) နဲ့ ရင်ဆိုင်ရချိန်မှာသာ အနိုင်ရလိုစိတ်ကို ပြန်မဖော်ဆောင်နိုင်ဘူးဆိုရင် အခုရာသီဟာ ဆိုးဆိုးရွားရွားနဲ့ အဆုံးသတ်သွားနိုင်တယ်လို့လည်း ကွင်းလယ်လူက သတိပေးခဲ့ပါတယ်။

နည်းပြ အာနယ် စလော့ကတော့ ဒါဟာ “ယုံကြည်နိုင်စရာမရှိလောက်အောင် စိတ်ပျက်ဖို့ကောင်းတယ်” လို့ ပြောခဲ့ပြီး အက်တီဟတ်ကွင်းမှာ ပထမပိုင်းနဲ့ ဒုတိယပိုင်း ၁၈ မိနစ်အတွင်း ၄ ဂိုးပေးလိုက်ရတဲ့ လီဗာပူးရဲ့ ခံစစ်ပိုင်းကိုလည်း ဝေဖန်ခဲ့ပါတယ်။ ဒီပွဲမှာ ဟာလန်းက ဟက်ထရစ်သွင်းယူခဲ့ပြီး အန်တိုနီ ဆီမန်ယိုကလည်း မန်စီးတီးအတွက် ကျန်တဲ့တစ်ဂိုးကို သွင်းယူပေးခဲ့တာကြောင့် သူတို့ဟာ ၈ နှစ်ဆက်တိုက် FA Cup ဆီမီးဖိုင်နယ်ကို တက်လှမ်းသွားနိုင်ခဲ့တာပါ။

ဆိုဘိုဆလိုင်းက TNT Sports ကို “တိုက်ပွဲဝင်စိတ်ဓာတ်လည်း မရှိသလို စိတ်ဓာတ်ပိုင်းကလည်း လုံလောက်မှုမရှိခဲ့ပါဘူး။ အမှန်အတိုင်းပြောရရင် ကျွန်တော်တို့အားလုံး အစွမ်းကုန် မကြိုးစားနိုင်ခဲ့ကြဘူး။” လို့ ပြောခဲ့ပါတယ်။

“ဒါက ခက်ခဲတဲ့အချိန်ပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ စုစုစည်းစည်း ရှိနေဖို့ လိုပါတယ်။ ဗုဒ္ဓဟူးနေ့မှာ နောက်ထပ် အခွင့်အရေးတစ်ခု ရှိသေးပေမဲ့ ဒီလိုမျိုးနဲ့ ရာသီသိမ်းဖို့ မဖြစ်သင့်ဘူးဆိုတာကို ခေါင်းထဲထည့်ထားရပါမယ်။ အခွင့်အရေးတွေ ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့သလို ပင်နယ်တီလည်း လွယ်လွယ်ကူကူ ပေးခဲ့ရတယ်။ ၄-၀ နဲ့ ရှုံးခဲ့ပါတယ်။ ဒီလောက်ထိ ဂိုးတွေ အများကြီး မပေးသင့်ဘူး။ အမှန်အတိုင်းပြောရရင် စကားလုံးတောင် ရှာမရတော့ပါဘူး။ ကျွန်တော်တို့ ဒီပွဲကို အရမ်းနိုင်ချင်ခဲ့တာပါ။ ဒါပေမဲ့ မန်စီးတီးကွင်းမှာ ၄-၀ နဲ့ ရှုံးတယ်ဆိုတာကတော့ အဆင်မပြေပါဘူး။” လို့ သူက ဆက်ပြောပါတယ်။

စလော့က “ဒါဟာ တကယ့်ကို စိတ်ပျက်စရာပါ။ ၄ ဂိုးပေးလိုက်ရတဲ့ မိနစ် ၂၀ လောက်ဟာ ကျွန်တော်တို့ရဲ့ စံချိန်စံညွှန်းတွေ မဟုတ်ပါဘူး။ PSG ဒါမှမဟုတ် မန်စီးတီးလို အသင်းမျိုးတွေနဲ့ ကစားမယ်ဆိုရင် အဲ့ဒီ မိနစ် ၂၀ ထက် ပိုကောင်းတဲ့ ခံစစ်မျိုး ရှိဖို့ လိုပါတယ်။” လို့ ဆိုပါတယ်။

“ဘောလုံးပစ်တင်ပေးရာကနေ ၂ ကြိမ်တောင် ဂိုးပေးခဲ့ရတယ်။ ဒုတိယဂိုးက ဒီရာသီ အစောပိုင်းမှာတုန်းက ဂိုးပေးခဲ့ရတဲ့ ပုံစံမျိုးပါပဲ။ ဒုတိယပိုင်း စပြီး ပထမ ၁၀ မိနစ်မှာ တိုက်ပွဲဝင်စိတ်ဓာတ် လုံးဝ ပျောက်ဆုံးနေတာကို မြင်ခဲ့ရတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ နှစ်သင်းစလုံးက ၄-၀ ဆိုတဲ့ ရလဒ်ကို လက်ခံသွားကြပါတယ်။” လို့ နည်းပြက ဝေဖန်ခဲ့ပါတယ်။

“ဒါပေမဲ့ အဲ့ဒီ ၁၀ မိနစ်၊ ၁၅ မိနစ်အတွင်းမှာ တိုက်ပွဲဝင်စိတ်ဓာတ်တွေတင်မကဘဲ ပြိုင်ဘက်ကို အခက်တွေ့အောင် လုပ်မယ်ဆိုတဲ့ စိတ်အားထက်သန်မှုတွေပါ ပျောက်နေခဲ့တယ်။ ဗုဒ္ဓဟူးနေ့မှာတော့ ဒါတွေကို အကောင်းဆုံး ပြန်လုပ်နိုင်ဖို့ လိုအပ်ပါတယ်။” လို့ စလော့က ပြောကြားသွားပါတယ်။

Source : https://www.independent.co.uk/

Loading

Leave a Reply

Your email address will not be published. Required fields are marked *