တွင်းအောင်းတစ္ဆေ

တွင်းအောင်းတစ္ဆေ

“တွင်းအောင်းတစ္ဆေ” (စ/ဆုံး)
————————————–
ဒီကောင်ကို ကျုပ်တို့သူငယ်ချင်းအားလုံးက ပုရစ်လို့ခေါ်တာဗျ။ခေါင်းက ကြီးကြီး၊ နဖူး က ပြောင်ပြောင်၊ မျက်လုံးက ပြူးပြူး၊မျက် နှာပေါက်ကလည်း စုတ်ချွန်းချွန်းနဲ့ဗျ။ ဒါကြောင့်လည်း ပုရစ်လို့ခေါ်တာပေါ့ဗျာ။
စကားပြောတော့လည်း ခင်ဗျား နားထောင်ကြည့်၊ ပုရစ်သံ၊ စူးစူးရှရှ အသံမျိုးဗျ။ ဒီကောင့်နာမည်က သိန်းအေးတဲ့။ဒါပေမဲ့ တစ်ရွာလုံးက သိန်းအေးလို့ ဘယ်သူမှ မခေါ်ဘူး၊ ပုရစ်ပဲ ခေါ်ကြတာ။ သိန်းအေးကို ပုရစ်လို့ ခေါ်ရတဲ့နောက်အကြောင်းတစ်ခုရှိသေးတယ်ဗျ။

အဲဒါကတော့ တော်တော်ထူးဆန်းတဲ့ ကိစ္စတစ်ခုပဲဗျာ။ ဘာလဲဆိုတော့ ပုရစ်နဲ့တူတဲ့ သိန်းအေးက ပုရစ်ဖမ်းတဲ့နေရာ
မှာ အတော်ဆုံးမို့လို့ပဲဗျ။ ကျုပ်တို့ ထနောင်းကုန်းတစ်ရွာလုံးမှာ သိန်းအေးလောက်ပုရစ်နှိုက်တဲ့ကောင် တစ်ကောင်မှကို
မရှိတာဗျ။ ဟိုတုန်းက ကျုပ်သူငယ်ချင်းအောင်စိန်တို့ လျင်တယ်ဆိုပေမဲ့လည်း ပုရစ်ဖမ်းရင်တော့ သိန်းအေးကို ဘယ်လိုမှကို မယှဉ်နိုင်တာဗျ။ နောက်ပြီးတော့ ပုရစ်ဆိုတဲ့ကောင်က လူကောင်သေးသေးညှက်ညှက်ကလေးဗျ။ အင်္ကျီချွတ်ထားရင် ရင်ဘတ်မောက်မောက်ကလေးနဲ့။ ပုရစ်က သူရဲ့အသံစီစီ စူးစူးရှရှလေးနဲ့ စကားကို အော်ဟစ်ပြောတဲ့အခါ ရွာထဲကလူတွေက…
“ပုရစ်ရာ မင်းကလည်း စကားကိုပုရစ်သံနဲ့ပြောနေပြန်ပြီ”
လို့ ပြောကြသဗျ။ အဲဒီအခါဆိုရင်နောက်တစ်ယောက်က …
“ဟကောင်ရ၊ ပုရစ်ပါဆိုနေမှ ပုရစ်သံနဲ့ပြောမှပေါ့ကွ”
လို့ ပြောကြတယ်။ ပုရစ်က ကျုပ်သူငယ်ချင်းဗျ။ ဒါပေမဲ့ ဒီကောင်က မြို့ကျောင်းတော့ မတက်ဘူးဗျ။ လေးတန်းအောင်ပြီးတော့ ရွာမှာပဲ နေခဲ့တော့တာ။ ဒါပေမဲ့ ရပ်ရေးရွာရေး ရှိလို့ကတော့ ပုရစ်ကကျုပ်တို့ အရင်ရောက်နေတဲ့ကောင်ဗျ။
ပြီးတော့ ပုရစ်က လွှတ်ဖင်တာ။ ဘာပဲလုပ်စရာရှိရှိ သူများအလုပ်ကို ထိုင်စောင့်နေတာ မဟုတ်ဘူး။ ရှေ့ကထလုပ်တဲ့ကောင်။ ပုရစ်က ပုရစ်နှိုက်တဲ့နေရာ၊ ပုရစ်ဖမ်းတဲ့နေရာမှတင် ချန်ပီယံဖြစ်တာ မဟုတ်ဘူးဗျ။ တောထဲဝင်ပြီး ခါထောင်တဲ့နေရာမှာလည်း လွှတ်တော်တာဗျ။

ခါထောင်တယ်ဆိုတာ တည်တဲ့ခါတစ်ကောင်ရှိရတာဗျ။ ပုရစ်မှာ ခါတည်ဖို့ ခါတွေမွေးထားတာ ရှိတယ်လေဗျာ။ ခါသား
စားချင်လို့ကတော့ ပုရစ်ကိုသာ ပြောလိုက်၊ ပြီးရင် တစ်ရက် နှစ်ရက်စောင့်၊ခင်ဗျား ခါသားဟင်းနဲ့ ထမင်းတစ်ဝ
စားဖို့ပြင်ထား၊ ဟိုတုန်းကဆိုရင် ပုရစ်မှာ ကြက်တည်တဲ့ တောကြက်တစ်ကောင် ရှိတယ်ဗျ။
အဲဒီတည်ကြက်ကလေးရှိတုန်းကဆိုရင် ကျုပ်တို့သူငယ်ချင်းတစ်စု ထန်းရည်ခါးနဲ့ ကြက်သားဆိုတာ သိပ်ပြတ်
လှတယ်ကို မရှိတာဗျ။ ကျုပ်တို့အညာမှာ ဆောင်းမြေပဲနှုတ်တဲ့အချိန်ဆိုတာတော်တော်အေးနေပြီဗျ။ ပဲနှုတ်၊ ပဲခြွေ
နဲ့ တစ်နေ့ကုန် ပင်ပန်းတော့ ညဆိုရင် တုံးထိုးသလို အိပ်ကြတော့တာပေါ့ဗျာ။ ပဲသိမ်းလို့ပြီးပြီဆိုတော့ ဆီကြိတ်ဖို့ လှမ်းတာလှမ်း၊ ထွတ်တာထွတ် လုပ်ကြရပြန်ရောဗျ။ ညနေစောင်းမှ ကျုပ်လည်း အလုပ်တွေနားလိုက်ပြီး ရေမိုးချိုးရတာဗျို့၊ ကျုပ်ရေမိုးချိုး အဝတ်အစားလဲပြီး ကွပ်ပျစ်မှာ နဂါးဆေးပေါ့လိပ်ကလေး ထိုင်ပြီးဖွာနေတုန်း ရှိသေးဗျာ။

“ဟေ့ကောင် တာတေ၊ အလုပ်တွေ
ပြီးပြီလားကွ”
ဝိုင်းဝက အော်ပြောတဲ့ အသံဗျ။ ကျုပ်လှည့်ကြည့်စရာတောင် မလိုပါဘူးဗျာ။ ဒီတစ်ရွာလုံးမှာ ဒီအသံမျိုးက ဒီတစ်သံ
ပဲ ရှိတာဆိုတော့ …
“ဟေ့ကောင် ပုရစ် လာလေကွာ၊ မတ်တတ်ကြီးရပ်လို့ ဘာလုပ်နေတာတုန်း”
“ဟ တာတေ၊ ထိုင်ဖို့လာတာ မဟုတ်ဘူးကွ၊ သွားဖို့ လာခေါ်တာ”
ကျုပ်က ပုရစ်ကို လှမ်းကြည့်တယ်။ ပုရစ်က သူ့လက်ထဲမှာ ကိုင်လာတဲ့ ငှက်
ပျောဖက်ထုပ်ကြီးကို မြှောက်ပြတယ်။
“ဘာထုပ်ကြီးတုံးကွ ပုရစ်ရဲ့”
“ခါတွေလေကွာ၊ ငါ မနေ့က ခါထောင်တာ အကောင်သုံးဆယ်လောက် ရလို့ကွ၊ သေသေချာချာ ကြော်ထားတာ၊ လာကွ၊
ကိုထွန်းကျော်ကြီးထန်းတဲ သွားရအောင်”
တာတေတို့က ဒါမျိုးဆိုရင် နှစ်ခါခေါ်ရရိုးရှိတာမှ မဟုတ်တာ။ အိမ်ပေါ် ကပျာကယာတက်၊ သေတ္တာဖွင့် ပိုက်ဆံယူ၊ ပြီးတော့ ပုရစ်နဲ့ ရွာပြင်ကို သုတ်ခြေတင်တော့တာပေါ့ဗျာ။ ပုရစ်က ခါကြော်လာမှတော့ ကျုပ်ထန်းရည်းဖိုးရမှာပေါ့ဗျာ။
ဒီနေ့လည်း ကိုထွန်းကျော်ထန်းတဲက လူအပြည့်ပဲဗျ။ ဝါးကွပ်ပျစ်တွေပြည့်လို့ ကျုပ်တို့နှစ်ယောက် ထနောင်းပင်လေး
အောက်မှာ ထန်းကျောဖျာတစ်ချပ်ခင်းပြီး နှစ်ယောက်တစ်ပိုင်း ဖွဲ့ရတော့တာပေါ့ဗျာ။ ပုရစ်ယူလာတဲ့ ခါကြော်ထုပ်ကို
ဖြည်ပြီး ဝိုင်းအလယ်မှာ ထားလိုက်တယ်။

ကိုထွန်းကျော်က ထန်းရည်နှစ်မြူနဲ့ အုန်းမှုတ်ခွက်ပက်ကလေးနှစ်ခွက် ယူလာပေးတယ်။ ကျုပ်က အိတ်ကပ်ထဲမှာ ထည့်
လာတဲ့ နဂါးဆေးပေါ့လိပ်တွေကို ထန်းကျောဖျာပေါ်မှာ ချလိုက်ပြီး အိတ်ကပ်ထဲမှာ အဆင်သင့်ထည့်လာတဲ့ ဓနုဖြူမီး
ခတ်ကိုပါထုတ်ယူလိုက်တယ်။ ပုရစ်ကနဖူးပြောင်ပြောင်၊ မျက်လုံးပြူးပြူးကြီးနဲ့ ကျုပ်ကို မော့ကြည့်ပြီး ပြုံးတယ်ဗျ။
ပုရစ်ပြုံးပေါ့ဗျာ။
“ဟဲ…ဟဲ ငါ့ကောင်တာတေကတော့ နဂါးမှ နဂါးပဲကွာ၊ သွားလေရာမှာ နဂါးပါဆိုတာလို ဖြစ်နေပေါ့ပဲ”
“ဟာ …မရဘူး ပုရစ်ရဲ့၊ တခြားဆေးလိပ်ပြောင်းသောက်လိုက်တာနဲ့ ချောင်းဆိုးတော့တာကွ၊ ဒါကြောင့် မင်းပြောသလိုပဲ
သွားလေရာမှ နဂါးပါ ဖြစ်နေရတာပေါ့ကွာ”
ကျုပ်နဲ့ ပုရစ်နဲ့ ရောက်တတ်ရာရာတွေပြောပြီး ပုရစ်ထောင်လာတဲ့ ခါကြော်လေးတဝါးဝါး ပင်ကျရည်လေး တကျိုက်ကျိုက်ပေါ့ဗျာ။
“ပုရစ်ချိန်ကုန်သွားလို့ကွ တာတေရ၊ မဟုတ်ရင်တော့ ပုရစ်ကြော်လေးပါ မင်း မြည်းရမှာ”
“အခုလည်း မင်းထောင်ထားတဲ့ ခါကြော်တွေက တော်တော်ကို ကောင်းတာပါပုရစ်ရာ၊ မင်းကတော့ ခါတည်ကြက်တည်
လွှတ်တော်တဲ့ ကောင်ပဲကွာ”
“ဟား ဟား ဟား ဟား အကုသိုလ်များခဲ့တဲ့ကောင်ဆိုတော့အကုသိုလ်အကျိုးပေးသန်တယ်နဲ့ တူပါရဲ့ကွာ”
“ဒါကတော့ ပုရစ်ရယ်၊ မင်းတို့ ငါတို့လို တောသူတောင်သားတွေဟာ အကုသိုလ်ကြီးကြီးမားမားတွေကိုသာ ရှောင်နိုင်ကြ
မှာပေါ့၊ အကုသိုလ် သေးသေးမွှားမွှားတွေကတော့ ကြုံကြရမှာလေကွာ၊ တို့ဆီမှာက ပိုက်ဆံရှိရင်တောင် ဝယ်စားဖို့ဈေး
တွေ ဘာတွေ ရှိတာမှ မဟုတ်တာ။ ကိုယ့်မိသားစုစားဖို့ အသားငါးကို ကိုယ်တိုင်ရှာကြရ၊ အိမ်မှာ မွေးထားပြီး ကိုယ့်ဟာ
ကိုယ်ပဲ သတ်စားကြရတာမို့လား ပုရစ်ရ”

“ဟုတ်တာပေါ့ တာတေရာ၊ သြော် …ဒါထက် နေဦးကွ၊ မင်းကို ထူးဆန်းတာတစ်ခု ပြောရဦးမယ်”
“ဟေ…ဘာများတုန်းကွ ပုရစ်ရ”
“မင်း ငါတို့ယာထဲက တောင်ပို့ကုန်းယာကို သိတယ်မို့လား”
“ဟာ သိတာပေါ့ကွ၊ တောင်ပို့တွေနှစ်ခုလား သုံးခုလား ရှိတာလေကွာ”
“သုံးခုကွ၊ ဒါပေမဲ့ တစ်ခုက ခပ်နိမ့်နိမ့်ပါ၊ နှစ်ခုကတော့ နည်းနည်းမြင့်တယ်”
“သြော် …သိပြီ၊ သိပြီ၊ အေး အဲဒါ ဘာဖြစ်လို့တုန်းကွ”
“ပုရစ်တွေ ဘယ်လောက်အချိန်ကုန်ကုန် ငါတို့ယာထဲက တောင်ပို့အောင်းတဲ့ ပုရစ်
နှစ်ကောင်ကတော့ ဘယ်တော့မှ အချိန်မကုန်ဘူးဟေ့”
“ဟင် …ဘာဖြစ်လို့တုန်းကွ”
“အရှေ့ဘက်က တောင်ပို့က ပုရစ်ကပကျစ် ပကျစ်လို့အော်လိုက်ရင် အနောက်ဘက် တောင်ပို့က ပုရစ်ကလည်း ပကျစ်
ပကျစ်လို့ ပြန်ပြီးအော်သကွ၊ တစ်ခါ တစ်ခါတော့ အဲဒီပုရစ်နှစ်ကောင်ဟာ အချီအချ စကားတွေ ပြောနေကြသလားလို့
တောင် ငါထင်တယ်ကွ”
“ဟား ဟား ဟား မင်းဟာက ဘာများတုန်းမှတ်တယ်၊ ပုရစ်အော်တာကို သုတေသနလုပ်နေတာကိုး”
ကျုပ်တို့နှစ်ယောက် ခါကြော် စားလိုက်၊ ထန်းရည် ကျိုက်လိုက်ပေါ့ဗျာ။

“ဒါဆို အဲဒီပုရစ်တွေ မင်း မနှိုက်ဘူးလားကွ”
“ငါ လိုက်ရှာဖူးတယ်ကွ၊ သူတို့ကို နှိုက်ဖို့နေနေသာတွင်းပေါက်တောင်ရှာလို့မရဘူးဟေ့။ အသံကတော့
ပကျစ် ပကျစ်နဲ့ အမြဲထွက်နေတာကွ။
တစ်ကောင်က သံရှည်ဆွဲပြီးအော်ရင် နောက်တစ်ကောင်ကလည်း သံရှည်ဆွဲပြီး အော်တော့တာဟေ့။ တစ်ကောင်
က သံပြတ်အော်ရင် နောက်တစ်ကောင်ကလည်း သံပြတ်နဲ့ အော်တာကွ၊ အဲဒီပုရစ်နှစ်ကောင်က တော်တော်တော့
ထူးဆန်းသားကွ။ သူတို့မှာ ပုရစ်ရာသီဆိုတာ မရှိဘူးကွ၊ အမြဲတမ်းအော်နေကြတာ”

“အေးလေ၊ ငါတို့ထနောင်းကုန်းကပုရစ်နှိုက် ချန်ပီယံကို ပုရစ်တောင်လက်လျော့ရတဲ့ ပုရစ်တွေဆိုတော့
လည်း ပေါ့သေးသေးတော့ ဟုတ်မယ် မထင်ဘူးကွ”
ကျုပ်က ပုရစ်ပြောတဲ့ တောင်ပို့ထဲကပုရစ်တွေကို လက်ခံလိုက်ရတာပေါ့ဗျာ။
ကျုပ်နဲ့ ပုရစ် ရွာထဲပြန်ရောက်တော့ မိုးတောင်ချုပ်နေပြီဗျ။

“ဟဲ့ တာတေ၊ ထတော့လေ၊ နင့်ကိုခိုင်းစရာရှိလို့ဟဲ့”
နောက်နေ့ မနက်ကျတော့ အမေ လာနှိုးမှပဲ ကျုပ်နိုးတော့တာဗျ။ မျက် နှာသစ်၊ ထမင်းကြမ်းစားပြီး နဂါးဆေး
ပေါ့လိပ်ကလေး ဖွာနေတုန်း…
“တာတေ၊ နင် ဘန့်ဘွေးကုန်းသွားစမ်းပါဟယ်”
“ဟင် ဘယ်သူ့ဆီ သွားရမှာတုန်း”
“ဘန့်ဘွေးကုန်း မြောက်ပိုင်းက မိဝိုင်းတို့အိမ်ကို”
“သြော် …ကိုစံရွှေတို့အိမ်ကိုလား၊ ဘာပြောရမှာတုန်း”
“မနေ့က စံရွှေ့မယား မိဝိုင်း လာပြောတယ်၊ ဒီနေ့ထိန်ကုန်းက တရုတ်ငကျောက်တို့ ဝက်ပေါ်မလို့တဲ့၊ အဲဒါ သူတို့အိမ်ကို
လာပို့မှာပြောတယ်၊ ငါ နှစ်ပိဿာ မှာထားတယ်၊ ဆရာတော့်ကျောင်းကိုလည်း ဆွမ်းအုပ်ပို့မလို့လေ။ နင် အဲဒါသွားယူ
လိုက်၊ ပိုက်ဆံလည်း တစ်ခါတည်းယူသွား၊ တစ်ပိဿာ ဆယ့်ငါးကျပ်တဲ့။
ငွေသုံးဆယ် ယူသွား၊ ဘုရားစင်ထောင့်မှာ ငါတင်ထားတယ်”
“ဟုတ်ကဲ့ အမေ၊ ကျုပ် တောင်းလေးယူသွားမယ်”
“အေး ယူသွား၊ အထဲမှာ ငှက်ပျောဖက်ခင်းခဲ့ဦး၊ ဒီအတိုင်း ပခုံးပေါ်ထမ်းလာရင် အင်္ကျီတွေ သွေးစွန်းကုန်ဦးမယ်”
“ဟုတ်ကဲ့၊ ဟုတ်ကဲ့”
ကျုပ်က ခွက်ဝင်တောင်းကလေးအထဲမှာ အိမ်ကပဲ ငှက်ပျောဖက်ခုတ်ပြီး တစ်ခါတည်း ခင်းသွားလိုက်တယ်၊
အပေါ်က အုပ်ဖို့လည်း ငှက်ပျောဖက်အပိုယူသွားလိုက်တယ်။ ကိုစံရွှေတို့လင်မယားကလည်း ကျုပ်တို့အတွက်
ဝက်သားတစ်ပိဿာတွဲ နှစ်တွဲကိုအဆင်သင့် ဖယ်ထားပြီးသားဗျ။
ကျုပ်အိမ်ပြန်ရောက်တာနဲ့ အမေက ဝက်သားကိုင်တော့တာဗျို့။ ကျုပ်ကတော့ အမေ့ရဲ့ မြေငရုတ် ဆုံလေးနဲ့ ငရုတ်သီးထောင်းရတော့တာပေါ့ဗျာ။
“ခွပ်၊ ခွပ်၊ ခွပ်၊ ခွပ်”
မြေငရုတ်ဆုံကို သစ်သားကျည်ပွေ့နဲ့ ထောင်းတဲ့အသံက ကျောက်ငရုတ်ဆုံ ထောင်းတဲ့အသံမျိုးနဲ့မတူဘူးဗျ။ ‘ခွပ်၊
ခွပ်’လို့ အသံထွက်တာ။ ကျုပ်တို့ တောသူတောင်သားဆိုတာ ငရုတ်သီးကိုညက်ပြီး စေးပိုင်နေအောင် ထောင်း
ကြတာဗျ။ ငရုတ်သီးလေးစိတ်ကွဲထောင်းရင် လူကြီးတွေက အားကြီး စိတ်ဆိုးတာ။
ကျုပ်တို့ငယ်ငယ်ကတည်းက ငရုတ်သီးထောင်းရင် အစေ့ပျောက်ပြီး အစေးပေါက်နေမှကြိုက်တာ။ အစေ့မပျောက်ရင် ချက်ချင်းခေါပြီး ပြန်ထောင်းခိုင်းတာဗျ။ ကျုပ်တို့ကလည်းနှစ်ခါ ပြန်မထောင်းရအောင် တစ်ခါတည်းနဲ့ ညက်အောင်ထောင်းကြရတော့တာပေါ့ဗျာ။ ဝက်သားနူးသွားတော့ အမေက ဆွမ်းချိုင့်ပြင်တယ်။
ပြီးတော့ ကျုပ်က ချိုင့်ဆွဲပြီး အမေ့ကို ဘုန်းကြီးကျောင်း လိုက်ပို့တယ်။
ကျုပ်ဆရာတော်ရဲ့ ပုဗ္ဗာရုံကျောင်းပေါ့ဗျာ။ ဆွမ်းချိုင့်ပို့ပြီး အိမ်ပြန်ရောက်တော့ အမေ့လက်ရာ ဝက်သားဟင်း
ကျုပ် ထမင်းစားလိုက်တာ သုံးပန်းကန်နဲ့ မဝလို့ ထပ်ထည့်ရသေးတယ်။ လူကြီးတွေပြောသလို နံရိုးဖဲထီးကိုင်း
ဖြစ်ရောပေါ့ဗျာ။
ဗိုက်လေးသွားတော့ မန်ကျည်းပင်အောက်က ကွပ်ပျစ်မှာ ဝါးပိုးခြမ်းခေါင်းအုံးလေးအုံးပြီး ကျုပ်အိပ်ရော
ဗျ။ အိပ်ရာကနေ နိုးလာပေမဲ့ မျက်လုံးက ဖွင့်လို့သိပ်မရချင်ဘူးဗျ။
“ကိုကြီးတာတေ၊ကိုကြီးတာတေ”
ကျုပ် ချက်ချင်းခေါင်းထောင်ကြည့်လိုက်တယ်။ ကျောက်ခဲဗျ။ ကျုပ်ခေါင်းထောင် ကြည့်တာ မြင်တော့မှ ဒီကောင် ဝိုင်းထဲ ဝင်လာတာဗျ။
“ဟေ့ကောင် ကျောက်ခဲ၊ လာလေကွာ”
ဒီကောင် ကျုပ်ဘေးက ကွပ်ပျစ်မှာဝင်ထိုင်တယ်။
“ကိုကြီးတာတေ၊ ရွာထဲကသတင်းကြားပြီးပြီလား”
“ဟေ …ဘာသတင်းတုံးကွ ကျောက်ခဲရ၊ ငါ ဘာမှ မကြားမိပါလား”
“ကိုကြီးတာတေ ဒီနေ့ ဘယ်မှမရောက်သေးဘူး ထင်တယ်”
“ဟာ ရောက်ပါတယ်ကွ၊ မနက်ကအမေနဲ့ ငါ ဆွမ်းချိုင့်သွားပို့သေးတာပဲ”
“အနောက်ပိုင်းမှာ ဖြစ်တာဗျ”
“ဟင်…ဘာဖြစ်လို့တုံးကွ”
“မီးဖိုချောင်းက ထမင်းတွေ ဟင်းတွေစားသွားလို့တဲ့ဗျ”
“ထမင်းတွေ ဟင်းတွေကို ဘယ်သူက စားသွားတာတုန်း၊ ခွေးတွေဘာတွေ ရှိမှာပေါ့၊ မီးဖိုတံခါးပွင့်နေတာ ဖြစ်မှာပေါ့”
“မဟုတ်ဘူးဗျ၊ ကိုကြီးတာတေရ၊ မနက်က ဘန့်ဘွေးကုန်းက ကိုစံရွှေတို့က ဝက်သားဆုံတွေ ရောင်းလို့ ကျုပ်တို့ရွာက
တော်တော်များများ သွားဝယ်ကြတယ်”
“အေး …ငါလည်း သွားဝယ်တယ်လေကွာ၊ ဒီမနက် ဆွမ်းချိုင့်ပို့တာ အဲဒါကြောင့်ပေါ့”
“ကိုကြီးတာတေက ဆွမ်းချိုင့်ပို့လိုက်ရသေးတယ်၊ အဲဒီလူတွေက ပို့ကိုမပို့လိုက်ရတာ။ ဟင်းနူးတော့ အိုးတွေလှပ်ပြီးအ
အေးခံထားတာတဲ့၊ ဆွမ်းချိုင့်ပြင်ဖို့ မီးဖိုထဲဝင်လာတော့ ဝက်သားတွေ တစ်
အိုးလုံးပြောင်နေတာတဲ့ဗျာ။ အိုးကပ်တောင် မရှိဘူးဆိုပဲ”

“ဟ…ဒါ ဘယ်လိုဖြစ်တာတုန်း နေ့ခင်းကြောင်တောင်ကြီးမှာ”
“ပြီးတော့ တစ်အိမ်တည်း မဟုတ်ဘူးဗျ၊ သုံးလေးအိမ်ဖြစ်တာ”
“ဟေ…ဟုတ်လား၊ ဒါဆိုရင်တော့ တော်တော်ကို ထူးတာပဲကွ ကျောက်ခဲရ၊ နို့…နေပါဦး၊ ဘယ်သူတွေတုန်းကွ”
“ဘိုးထွန်းရင်တို့အိမ်ပါတယ်၊ ပြီးတော့ လေးလေးဘညိုတို့အိမ်ပါတယ်၊ နောက်
တစ်အိမ်က ကျုပ်သူငယ်ချင်း တောင်လုံးတို့ပါတယ်၊ နောက်တစ်အိမ် ရှိသေးပါတယ်ဗျ၊ အဲဒါတော့ ဘယ်သူ့အိမ်များ
ကျုပ် မသိဘူး”
“ဒါဆိုရင် ဘယ်နည်းမှာတုန်းကွ၊ တစ်အိမ်ကို တစ်ပိဿာတော့ အနည်းဆုံးချက်မှာပေါ့၊ လေးအိမ်ဆိုတော့ လေးပိဿာပဲ ကျောက်ခဲရ၊ စားသွားတာ နည်းတာမှ မဟုတ်တာ၊ ပြီးတော့ နေ့ခင်းကြောင်တောင်ကြီးမှာ”
ကျုပ်က ဘာပြောရမှန်း မသိတာနဲ့ နဂါးဆေးပေါ့လိပ်ကလေးကို မီးညှိပြီးဖွာလိုက်တယ်…

“ကိုကြီးတာတေ”
ဟော နောက်တစ်ယောက်ဗျ။ ဝိုင်းဝ ကနေ ခေါ်ပြီး ဝင်လာတာ သံမဏိ။
“ကျောက်ခဲရော၊ သံမဏိရောတော့ စုံပြီဟေ့၊ လာကွ သံမဏိ၊ မင်းရောဘာကြားခဲ့တုန်း”
သံမဏိလည်း ကွပ်ပျစ်မှာ ဝင်ထိုင်တယ်။
“ကိုကြီးတာတေကို ကျောက်ခဲပြောပြီးရောပေါ့”
“အေး…ရွာနောက်ပိုင်းက ဝက်သားဟင်း ကိစ္စမို့လား”
“ဟုတ်တယ်ဗျ၊ အဲဒီအိမ်တွေမှာ လူတွေစုရုံး စုရုံးနဲ့ ဒီအကြောင်း ပြောနေကြတယ်ဗျ၊ လူတွေအားလုံးကတော့ တော်တော်ကို အံ့သြနေတာဗျ၊ နေ့ခင်းဘက်ကြီးမှာမီးဖိုထဲက ဟင်းတွေ ဝင်စားသွားတာကို တော်တော်အံ့သြပြီး တွေးရခက်နေကြတယ်”

“အေးကွ သံမဏိရ၊ ငါနဲ့ ကျောက်ခဲလည်း ဒါကိုပဲ ပြောနေကြတာ၊ နေ့ခင်းကြောင်တောင်မှာ ဘယ်လိုဖြစ်ပြီးဝက်သားဟင်းတွေ ပျောက်သွားတာတုန်းဆိုတာ တွေးကို့ကို မရဘူးကွ”
“သြော်…နေဦးဗျ၊ တစ်ခုပြောသေးတယ်၊ အဲဒီဝက်သားဟင်းပျောက်တဲ့အိမ်တွေကို ပုရစ်အော်သံ အကျယ်ကြီး ကြားရတယ်တဲ့ဗျ”
“ဟာ သံမဏိရာ ပုရစ်ကတော့ဝက်သားတွေ စားသွားမှာမဟုတ်ပါဘူးကွာ”
ကျောက်ခဲက သံမဏိကို ပြောတာဗျ။
“လူတွေပြောနေကြတာကို ငါကပြောတာပါကွာ၊ ပုရစ်ကတော့ဝက်သားဟင်း ဘယ်စားမှာတုန်း”
ကျုပ်က ဆေးပေါ့လိပ်ကလေး ဖွာရင်းဒီကောင်နှစ်ယောက်ပြောတာကို နားထောင်နေတာဗျ။ နောက်တော့ ဒီကောင်နှစ်ကောင်လည်း ကျုပ်နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေပြောရင်း ညနေစောင်းတော့မှ ထပြန်သွားကြတာဗျ။ ညရောက်တော့ အဘနဲ့ အမေ့ကို ကျုပ်က ဒီအကြောင်းပြောပြတော့ အဘတို့လည်း အံ့သြနေကြတာပေါ့ဗျာ။

“နေ့ခင်းကြောင်တောင်ကြီးတော်၊ ဒီရွာမှာလည်း ဖြစ်လိုက်ရင် အထူးအဆန်းတွေချည်းပဲ”
အမေက ပြောတာဗျ။ ပြီးတော့ အဘတို့၊ အမေတို့ ငယ်ငယ်က ကြားဖူးတာတွေကိုပြောကြတော့တာပေါ့ဗျာ။ ကျုပ်တို့ အိပ်ရာဝင်တော့ တော်တော်ကောင် ညဉ့်နက်နေပြီဗျ။

“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ကိန်၊ ကိန်၊ကိန်”
“လူဟေ့ လူ၊ လိုက်ဟ၊ လိုက်ဟ၊ တောင်ဘက်ကို ချိုးသွားပြီး”
“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်”
“ဟာ နှစ်ယောက်ဟေ့ နှစ်ယောက်၊ အနောက်ဘက်ကို တစ်ယောက်ပြေးတယ်”
“ဘာပါသွားတုန်းဟ”
“ကြက်ဖကြီးနှစ်ကောင် ပါသွားတာဗျို့”
“ခွေးတွေ ဟောင်နေတဲ့ကြားကကို အတင်းဝင်ဆွဲသွားတာဗျို့”
“တာတေ၊ တာတေ ကြားလား လူသံတွေ”
“ကြားတယ် အမေ၊ ကြားတယ်”
“သူခိုးထင်တယ်၊ လူတွေ ဝိုင်းလိုက်နေကြတာ”

ကျုပ်အဘ ပြောတာဗျ။ အဘလည်းနိုးသွားတော့ အသံတွေ ကြားလိုက်ပုံရတယ်။ ကျွက်စီ ကျွက်စီနဲ့ ပြောနေတဲ့အသံတွေ ရွာအရှေ့ပိုင်းကရတုန်းဗျ။ နောက်တော့လည်း တဖြည်းဖြည်းနဲ့ လူသံတွေ တိတ်သွားရောပေါ့ဗျာ။ မနက်ကျတော့ ရွာရှေ့ ပိုင်းက သိန်းဇော် ကျုပ်ဆီကိုရောက်လာတယ်။

“လာကွ သိန်းဇော်၊ ထိုင်၊ အကြမ်းသောက်၊ ဆေးလိပ်လည်းဖွာကွာ၊ ညက မင်းတို့အပိုင်းမှာသူခိုးဝင်တာ ထင်တယ်”
“အေး …အဲဒါပြောချင်လို့ လာတာကွ၊ တာတေရ၊ ညက ငါတို့ဝိုင်းကို ဝင်တာ၊ခွေးတွေ ဝိုင်းဟောင်ပြီး လိုက်ဆွဲလို့
ခွေးတွေကို ကန်ပစ်ခဲ့ပုံပဲကွ၊ ငါ့အစ်ကို မွေးထားတဲ့ ကြက်ဖကြီးကို အိပ်တန်းပေါ်က ဆွဲချသွားတာ”
“ဟေ…ကြက်ဖကြီး ပါသွားတာ”
“ဟာ ပါသွားတာပေါ့ကွ တာတေရ၊ ပြီးတော့ ငါတို့ဝိုင်းနဲ့ တစ်ဝိုင်းကျော် က ဘိုးစံပတို့ဝိုင်းမှာလည်း ဒီလိုပဲကွ…ခွေးတွေ ဟောင်နေတဲ့ကြားကကို ဝိုင်းထဲက အိပ်တန်းတက်နေတဲ့ ကြက်ဖကြီးတစ်ကောင် ဆွဲချသွားတယ်”

“ဟေ…ဒီသူခိုးက မြန်လှချည်လား သိန်းဇော်ရ၊ ဒီခဏလေးအတွင်းမှာတင်ဝိုင်းနှစ်ဝိုင်းက ကြက်နှစ်ကောင်ရအောင်
ခိုးသွားတာ၊ တော်တော်ကိုလျင်တဲ့ သူခိုးပဲ သိန်းဇော်ရ၊ ပြီးတော့ သူခိုးဆိုတာ လူနိုးမှာ သိပ်ကြောက်တာကွ၊ ညကလိုမျိုး
ခွေးတွေ ဝိုင်းလိုက်မှတော့ ကပ်ကို မကပ်တော့ဘူး၊ အခု သူခိုးက ခွေးတွေဟောင်ရုံမဟုတ်ဘူး၊ ဝိုင်းလိုက်တာ
တောင် ကြက်ကို ရအောင်ဆွဲသွားတယ် ဆိုတာ တော်တော်ကို စဉ်းစားစရာပဲကွာ”

“ညက ငါထွက်လိုက်တယ်ကွ တာတေရ၊ ငါတို့ဝိုင်းက တံခါးလည်း မပွင့်ဘူး၊ပိတ်လျက်သားပဲ၊ ပြီးတော့ မင်းလည်း
ရောက်ဖူးတာပဲ၊ ငါတို့ဝိုင်းက စည်းရိုးက အမြင့်ကြီးပဲလေကွာ၊ ဒါကို ခုန်ထွက်လို့ရော ရမလား၊ နောက်တစ်ခု
က ငါတို့စည်းရိုးမှာ တိုးထွက်လို့ရတဲ့ခွေးတိုးပေါက်ဆိုတာ တစ်ပေါက်မှရှိတာ မဟုတ်ဘူးကွ”
“ဟိုဘက်က ဘိုးစံပတို့ဝိုင်းကရော”
“ဟာ ဘိုးစံပတို့ဝိုင်းက ငါတို့လို ဝိုင်းတံခါးကို မင်းတုတ်ထိုးရုံမကဘူးကွ၊ သော့ခလောက်ပါ ခတ်ထားတာ၊ သူ
တို့ခြံစည်းရိုးကလည်း ငါတို့ခြံစည်းရိုးလိုပဲ အမြင့်ကြီးကွ။ အပေါက်အပြဲလည်း ရှိတာမဟုတ်ဘူး။ ဘိုးစံပလည်း
ဒါကိုပဲ ပြောနေတာကွ၊ ဒီသူခိုးက ဝိုင်းထဲကို ဘယ်လိုရောက်လာတုန်း၊
ပြီးတော့ ချက်ချင်း ဘယ်လိုပြန်ထွက်သွားတုန်း။ ပြီးတော့ ဘိုးစံပတို့ ခွေးသုံးကောင်ကလည်း ခွေးစွာတွေ
ကွ။ သူခိုးကို ထိုးဟောင်ပြီး လိုက်ဆွဲတာပဲ။ ဒီကြားထဲကနေကြက်ဖကြီး ရအောင်ဆွဲသွားတာကွ”
“အေးကွာ၊ မင်းပြောပုံဆိုရင်တော့ တော်တော်ကို ထူးခြားနေတာပဲသိန်းဇော်”

“တို့ရှေ့ကဝိုင်းက လေးလေးအောင်ဘုကတော့ ညကတည်းက ဝိုင်းလိုက်ကြရင်း အော်တာကွ၊ သူခိုးက နှစ်ယောက်
ဟေ့၊ တစ်ယောက်က အနောက်ဘက်ကို ပြေးပြီလို့အော်တာ၊ ဒါပေမဲ့ ကျန်တဲ့လူတွေကတော့ တစ်ယောက်ပဲ
မြင်တယ်၊ ဒါကလည်းနော် ပီပီပြင်ပြင်မြင်လိုက်ကြတာ မဟုတ်ဘူး၊ သစ်ပင်တွေ ဘေးကို လှစ်ကနဲ လှစ်ကနဲ ပြေးကပ်လိုက်၊ တာလမ်းပေါ်မှာ လှစ်ကနဲပြေးလိုက်နဲ့ ရိပ်ကနဲ ရိပ်ကနဲပဲ မြင်ရတာ။ လူပြေးလိုက်တာ မီဖို့နေနေ
သာသာ မြင်းနဲ့လိုက်ရင်တောင် မမီလောက်ဘူးကွ”
“ဟာ ဒီလောက်ကို မြန်တာလားကွ”
“မြန်ချက်ကွာ၊ အေး နေဦးကွ၊ အဲဒီသူခိုးက ပုရစ်လိုအော်သွားတယ်
ထင်တယ်၊ ပုရစ်သံကတော့ နှစ်သံကွ၊ တောင်ဘက်က တစ်သံ၊ အနောက်ဘက်က တစ်သံကွ”
“ဒါဆိုရင် လေးလေးအောင်ဘု ပြောတာ ဟုတ်နိုင်တယ်ကွ၊ သူခိုးက နှစ်ယောက်ဖြစ်မယ်၊ ပုရစ်လို အော်တာ
ကတော့ သူတို့ချင်း အချက်ပေးတာဖြစ်မှာပေါ့ကွာ”

“ဒါပေမဲ့ တာတေရ၊ တောင်ပိုင်းရော အနောက်ပိုင်းရောက လူတွေကလည်း လူသံတွေကြားလို့ ပြေးထွက်ပြီး ကြည့်
ကြတာတဲ့၊ သူတို့တော့ ဘာမှမတွေ့ ကြဘူးလို့ပြောတယ်။ ပုရစ်အော်သံ တော့ ကြားတယ်လို့ ပြောတယ်ကွ”

တွင်းအောင်းတစ္ဆေ jdbkx

ကျုပ်ခေါင်းထဲမှာတော့ တော်တော်ကို
ရှုပ်သွားပြီဗျ။ မနက်က ဝက်သားဟင်းတွေ အစားခံရတဲ့အိမ်တွေလည်း ပုရစ်အော်သံ ကြားတယ်လို့ ပြောတယ်။
ညက ကြက်ခိုးခံရတဲ့ လူတွေကလည်းပုရစ်အော်သံကြားရတယ်ဆိုတော့ သူခိုးနဲ့ ပုရစ်က ဘယ်လိုပတ်သက်တယ်
ဆိုတာ ကျုပ်တော့ တွေးလို့မရတော့ဘူးဗျ။ သိန်းဇော် ပြန်သွားတဲ့အထိ ကျုပ် ဆက်တွေးနေသေးတယ်။ ရွာထဲ
မှာတော့ ထုံးစံအတိုင်းပေါ့ဗျာ။ ကင်းတွေတွဲကြတော့တာပေါ့။
ကင်းတွဲတယ်သာ ဆိုပါတယ်၊ နဂိုတွဲပြီးသား ကင်းတွဲတွေ ရှိနေတာဆိုတော့ ကင်းချရုံပါပဲဗျာ။
ဆောင်းတွင်းဆိုတော့ ကင်းစောင့်ရတာချမ်းတော့ ချမ်းတာပေါ့ဗျာ။ ကင်းတဲတွေမှာ မီးဖိုလေးတွေနဲ့ မီးလှုံကြရတာပေါ့။
ရပ်ရေးရွာရေးမှာ အမြဲရှေ့ဆောင်တဲ့ကျုပ်တို့လို ကာလသားကြီးကြီးတွေကို ကင်းတွဲတဲ့အထဲမှ ဘယ်တော့မှ မထည့်
ဘူးလေဗျာ။ ကျုပ်တို့ထက် တစ်ဆင့်ငယ်တဲ့ အရွယ်တွေပဲ ကင်းစောင့်ကြရတာဗျ။
“ဒေါင်၊ ဒေါင် ဒေါင် ဒေါင်”
ညတစ်နာရီလောက်မှာ ကျုပ်တို့ရွာလယ်ပိုင်း ကင်းတဲက စပြီး သံချောင်းခေါက်တာဗျ။
“ဒေါင် ဒေါင် ဒေါင် ဒေါင် ”
ဟော အရှေ့ပိုင်းကင်းကလည်း ခေါက်ပြီဗျို့။
“ကျီ၊ ကျီ၊ ကျီ၊ ကျီ၊ ပကျီ၊ ပကျီ”
ဟာ ပုရစ်အော်သံဗျ။ အကျယ်ကြီးပါလား။ ကျုပ်သေသေချာချာ နားထောင်တယ်။
“ကျီ၊ ကျီ၊ ပကျီ၊ ပကျီ၊ ပကျီ”
ဟော နှစ်သံဗျ။ မြောက်ပိုင်းကလည်းတစ်သံ ထွက်နေတယ်။
“ဒေါင်၊ ဒေါင်၊ ဒေါင် ဒေါင်”
ဟာ ခေါက်ပြီဗျို့၊ မြောက်ပိုင်းက ကင်းတဲကလည်း သံချောင်းခေါက်ပြီ။
“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ ကိန်၊ ကိန်၊ကိန်”
ခွေးဟောင်သံတွေ ထွက်လာပြီဗျို့…ခွေးတစ်ကောင် မချိမဆံ့ အော်တဲ့အသံလည်း ကြားရတယ်။ ဒါက ရွာ
အရှေ့ပိုင်းက ကြားတာဗျ။
“ဝုတ်၊ ဝုတ်၊ ဝုတ်၊ ဝုတ်၊ကိန်၊ ကိန်၊ ကိန်”
ဟော ရွာမြောက်ပိုင်းကလည်း ခွေးတွေဟောင်ပြန်ပြီဗျို့။
“လိုက်၊ လိုက်၊ ဟိုမန်ကျည်းပင်နောက်မှာ ကပ်နေတယ်”

ရွာအရှေ့ပိုင်းက သူခိုးလိုက်သံဗျ။ ကျုပ်လည်း အိပ်မပျော်တာနဲ့ အိမ်ရှေ့က ခုံတန်းလျားမှာထိုင်ပြီး နားစွင့်နေတာဗျ။
“လိုက်ဟေ့၊ လိုက်ဟေ့၊ ဟိုရှေ့မှာ ပျောက်သွားပြီကွ”
“ကျီ၊ ပကျီ၊ ပကျီ၊ ပကျီ၊ ကျစ်၊ကျစ်”
လူသံတွေ ခွေးသံတွေကြားမှာ ပုရစ်အော်သံကြီးကလည်း ညံနေရောဗျ။
နောက်တော့ တစ်ရွာလုံး ငြိမ်သွားတယ်။ ကျုပ်လည်း ပြန်အိပ်လိုက်တယ်။ မနက်မိုးလင်းတာနဲ့ ကျောက်ခဲနဲ့ သံမဏိရောက်လာရောဗျို့။
“ကိုကြီးတာတေတေရေ၊ ညကလည်း ကြက်နှစ်ကောင်ပါသွားပြန်ပြီတဲ့ဗျို့”
“အေး…ဘယ်သူ့အိမ်တုန်းကွ ကျောက်ခဲရ”
“အရှေ့ပိုင်းက ကျုပ်သူငယ်ချင်း ကျော်ဆွေတို့အိမ်ရယ်၊ မြောက်ပိုင်းက အရီးလှခင်တို့အိမ်ရယ်ဗျ။ အကြီးဆုံး
ကြက်ဖကြီးတွေကိုမှ ရွေးပြီးဆွဲသွားတာတဲ့ဗျို့။ အရီးလှချစ်တို့အိမ်က ခွေးတစ်ကောင်လည်း သေသွားတယ်။
“ဟေ…ဟုတ်လား၊ ခွေးက ဘာဖြစ်လို့ သေတာတုန်း”
” သူခိုးက ခြေထောက်နဲ့ ကန်ပစ်ခဲ့တာ ထင်တယ် ကိုကြီးတာတေရဲ့၊
ခွေးက နံရိုးတွေ အကုန်ကျိုးပြီး နေရာမှာတင် သေနေတာ”
“ဟေ…နံရိုးတွေ ကျိုးနေတယ်ဆိုတော့ ဒီသူခိုးရဲ့ခြေထောက်ကန်ချက်က ပြင်းလှချည်လားကွ ကျောက်ခဲရဲ့”
“ဟုတ်တယ် ကိုကြီးတာတေ၊ ပြီးတော့ သူခိုးက ကြောင်ဆေးတွေ ဘာတွေထိုးထားပုံရတယ်လို့ ရွာထဲက ပြော
နေကြတယ်ဗျ၊ ခြံစည်းရိုး အမြင့်ကြီးတွေကို ခုန်ဝင် ခုန်ထွက် လုပ်နိုင်ပုံရတယ်တဲ့ဗျ။ ပြီးတော့ လူတွေ ဝိုင်း
လိုက်လို့ ပြေးရင်လည်း လှစ်ကနဲလှစ်ကနဲ နေတာတဲ့ဗျ။ သစ်ပင်တွေပြေးပြေးကပ်လိုက် ပြေးထွက်လိုက်
နဲ့ နောက်ဆုံး ပျောက်သွားတော့တာပဲတဲ့ဗျ”

“ကိုကြီးတာတေရေ၊ ကျုပ်စိတ်ထင်တော့ သူခိုးက ကြောင်ဆေးထိုးထားတာ မဖြစ်နိုင်ဘူး၊ ပုရစ်ဆေး ထိုးထား
တာပဲဖြစ်မယ်၊ ပြေးရင်းနဲ့ ပုရစ်လိုအော်သွားတာတဲ့ဗျ၊ ပြီးတော့သစ်ပင်တွေကို ပြေး ပြေးပြီကပ်တာလည်း
ပုရစ်လိုပဲတဲ့ဗျ”
သံမဏိ ပြောတာကို ကျုပ်က ပြုံးမိတယ်။ ကျောက်ခဲကတော့ တဟားဟားနဲ့ရယ် တော့တာပဲဗျ။
“သံမဏိရာ ငါတော့ ကြောင်ဆေးပဲ
ကြားဖူးပါတယ် ဘယ့်နှယ် ပုရစ်ဆေးထိုးရမှာတုန်း”
မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ်လုပ်ပြီး ပြန်ပြောသဗျ။
“ဟ ကျောက်ခဲရ၊ မင်းတို့ ငါတို့လို လူတိုင်းမသိလို့ မကျော်ကြားတာ ဖြစ်ရင်ဖြစ်မှာပေါ့ကွ၊ ပုရစ်ဆေး
မရှိဘူးလို့တော့ ကျိန်းသေပြောလို့ ရမလား”
ခဏနေတော့ ဒီကောင်နှစ်ကောင် ထပြီးပြန်သွားကြတယ်။ သူတို့ပြန်
ပြီး သိပ်မကြာဘူးဗျ။ ကျုပ်သူငယ်ချင်း ပုရစ် ရောက်လာတယ်။
“ဟေ့ကောင် တာတေ”
“ဟာ ပုရစ် လာလေကွာ”
ပုရစ် အိမ်ပေါ်ကို တက်လာတယ်။
ကျုပ်ထိုင်နေတဲ့ တန်းလျားမှာပဲ ဝင်ထိုင်တယ်။
“မင်း ခါသွားမထောင်တော့ဘူးလား ပုရစ်”
“ခါထောင်ဖို့ထက် အိမ်က ကြက်တွေကို ညဘက် သူခိုးလာပြီးမဆွဲအောင်
ညတိုင်း အိမ်ထဲသွင်းသိပ်နေတာဟေ့”
“အေး…ပုရစ်ရာ၊ ဒီကြက်သူခိုးနှစ် ကောင်ကလည်း ဘယ်ကဘယ်လို ပေါ်လာတာပါလိမ့်ကွာ”
“အဲဒီကိစ္စတွေ ပြောပြောချင်လို့
မင်းဆီကို လာခဲ့တာကွ”
“ဟေ…ဘာကိစ္စတွေတုံးကွ ပုရစ်ရ”
“ညက သူခိုးထွက်လိုက်တဲ့အထဲမှာ ငါလည်း ပါတယ်ကွ တာတေရ၊ သူခိုးက ပြေးတာ လှစ်ကနဲ လှစ်ကနဲ ပြေး
တာကွ၊ လူပြေးသလို ခြေထောက်နဲ့ပြေးတဲ့ပုံစံ မဟုတ်ဘူး”
“ဟေ…ဒါဆိုရင် စောစောက သံမဏိ
ပြောတာလို ဖြစ်နေပြီထင်တယ်ကွပုရစ်ရဲ့”
“သံမဏိက ဘာပြောသွားလို့တုန်း”
“ဒီသူခိုးတွေက သစ်ပင်ကို ပြေးပြေးကပ်လိုက်၊ ပြေးထွက်လာလိုက်၊ပြေးကပ်လိုက်နဲ့ ပြေးတာတဲ့၊ ပြီးတော့
ပုရစ်လိုလည်း အော်တယ်ဆိုတော့ ဒီသူခိုးတွေဟာ ကြောင်ဆေးစွမ်းသလို ပုရစ်ဆေးထိုးထားတာ ဖြစ်
မယ်တဲ့ဟေ့”
“ဟား ဟား ဟား ဟား သံမဏိဆိုတဲ့ ကောင်ကတော့ကွာ တော်တော်လည်း ကြံကြံဖန်ဖန် တွေးတာပဲ”
“အေးကွာ၊ ငါနဲ့ ကျောက်ခဲလည်းရယ်လိုက်ရတာ မပြောပါနဲ့တော့ ပုရစ်ရာ”
ပုရစ်က ကျုပ်တည်ထားတဲ့ နဂါးဆေးပေါ့လိပ်ကလေးကို နှစ်ဖွာ သုံးဖွာဖွာပြီးမှ ကျုပ်ကို ပြောပြတယ်ဗျ။

“မင်းနဲ့ငါ ခါသားနဲ့ ထန်းရည်သောက်တုန်းက ငါပြောပြတယ်လေ၊ ငါတို့တောင်ပို့ယာထဲက တောင်ပို့နှစ်ခုက ပုရစ်နှစ်ကောင် အချီအချအော်တဲ့ အကြောင်းလေကွာ၊ မင်းတောင် ငါ့ကို ပြောသေးတယ်လေ၊ အဲဒီပုရစ်တွေကို မနှိုက်ဘူးလေးလို့ မေးသေးတယ်လေကွာ”

” အေးပါ ပုရစ်ရာ၊ငါ မှတ်မိပါတယ်”
“အေး…ညက သူခိုးနှစ်ယောက်ပါးစပ်က ပြေးရင်းနဲ့အော်သွားတဲ့အသံဟာ ငါတို့တောင်ပို့ယာထဲက တောင်ပို့နှစ်
ခုက ပုရစ်နှစ်ကောင် အော်တဲ့အသံနဲ့ အတူတူပဲကွ”
“ဟေ…မင်းက ပုရစ်အော်သံကို ခွဲခြားနိုင်လို့လားကွ”
” ဟ…တာတေကလည်း ငါက ပုရစ်သံတွေ ကြားတာနဲ့ အထီးအမ ခွဲခြားနိုင်တဲ့ကောင်ကွ၊ ပုရစ်သံတွေ တစ်ခု
နဲ့ တစ်ခု မတူတာကို ငါငယ်ငယ်ကတည်းက ခွဲခြားနိုင်တယ်။ ညက ငါကြားတဲ့ ပုရစ်သံနှစ်သံဟာ ငါတို့
ယာထဲမှာ ကြားတဲ့အသံနဲ့ တစ်ထပ်တည်း တူတာကွ။ ဘာဆိုတာတော့ငါမသိဘူး။ သြော်…နေဦးကွ၊ ညက
ကင်းစောင့်တဲ့ ကောင်လေးတွေပြောတယ်။သူခိုးတွေ မလာခင်ပုရစ်တွေ အုပ်လိုက်ကြီး ရွာထဲကိုဝင်လာတာတဲ့ကွ၊ ပုရစ်တွေ ဝင်လာပြီးတော့မှ ပုရစ်အော်သံ နှစ်သံ ပေါ်လာပြီး ကြက်တွေ ဝင်ဆွဲပြေးတာဆိုပဲ”

“ဟေ…ဟုတ်လား၊ မင်းပြောတော့ပုရစ်ချိန် ကုန်သွားပြီဆို ဒီပုရစ်တွေဘယ်က ထွက်လာတာတုံး”
“အေး …အဲဒါတွေ ထူးဆန်းနေလို့မင်းကို လာပြောတာပေါ့ကွ တာတေရ၊ ဒါမျိုးတွေကျတော့ မင်းကမှ သိမှာ
လေကွာ”
ကျုပ် တွေးမိသွားပြီဗျို့၊ ကျုပ်ကို ဆရာနွံဖ ပြောပြဖူးတယ်။ ဒါမျိုးဟုတ်၊ မဟုတ်တော့ မသေချာဘူးပေါ့ဗျာ။ မနက်ကတည်းက ကျုပ်က ပုရစ်ကို မှာလိုက်ပြီးသားဗျ။ ညကိုးနာရီထိုးတာနဲ့ ကျုပ်တို့နှစ်ယောက် ရွာထဲက ထွက်လာတယ်။
“ပုရစ် ဘယ်မှာတုန်းကွ၊ မင်းပြောတဲ့တောင်ပို့တွေ”

“ဟိုရှေ့မှာလေကွာ”

ပုရစ် လက်ညှိုးထိုးပြတဲ့နေရာကို ကျုပ် ကြည့်လိုက်တော့ ဟုတ်သားဗျ။ တောင်ပို့ သုံးခုတောင်ဗျ။ကျုပ် ဘေးဘီကိုလိုက်
ကြည့်လိုက်တော့ ထန်းပင်ကြီးသုံးပင်ဗျ။ ပြောရင်း ကျုပ်က ထန်းပင်မည်း မည်းကြီးတွေနောက်မှာ ဝင်ပြီးကပ်နေလိုက်တယ်။ ကျုပ်နဲ့ ပုရစ် ဆေးပေါ့လိပ်ကလေးတွေ မီးညှိပြီး သစ်ရွက်စိမ်းလေးတွေနဲ့ အုပ်ပြီး မီးရောင်ကို မမြင်အောင် ဖွာလိုက်တယ်။
ညဆယ့်တစ်နာရီထိုးတော့ ပုရစ်အော်သံ စပြီးကြားရတယ်။ ကျုပ်က မျက်ဆေး ကွင်း
ပြီးသားပါ၊ ဆေးအိတ်ထဲမှာပါတဲ့ ရေစင်နဲ့ နားနှစ်ဖက်ကိုပွတ်လိုက်တယ်။ ဒီရေစင်က ဘိုးလူပေ ကျုပ်ကို ပေးခဲ့တဲ့သောတဓါတ်အင်းကြီးကို ပြာချပြီး စီရင်ထားတဲ့ ရေစင်ဗျ။
“ပကျီ၊ ပကျီ၊ ကျီ၊ ကျိ၊ပကျစ်၊ ပကျစ်”
ပုရစ်အော်သံကို ကျုပ်သေသေချာချာ နားစိုက်ထောင်ကြည့်တယ်။
“တာတေ ငါပြောတာ အဲဒီပုရစ်သံကို ပြောတာ”

ပုရစ်ပြောတာတောင် နောက်ကျနေပြီ
ကျုပ်က ရေစင်ဆွတ်ပြီး နားထောင်နေပြီဟာ ကြားပြီဗျို့။ ကျုပ်ကြားပြီ။
“ဟေ့ကောင် ရွှေဘော် အဆင်သင့်ဖြစ်ပြီလား”
“ပကျစ်၊ ပကျစ်၊ ကျီ၊ ကျီ၊ ပကျီ”
ဒီအတိုင်း နားထောင်တော့ ပုရစ်အော်
သံဗျ။ ရေစင်နဲ့ သောတဓါတ် ဖွင့်လိုက်တော့မှ လူစကားသံကို ကြားရတော့တာဗျို့။
“ငါက အဆင်သင့်ဖြစ်ပြီ၊ မင်းကို စောင့်နေတာ ငမဲရဲ့”
“ပကျီ၊ ပကျီ၊ ပကျီ၊ ကျီ၊ ကျီ၊ ကျီ”
“အေး…ဒါဆိုရင် ထွက်ခဲ့တော့၊
ထနောင်းကုန်းမှာ ကြက်သွားဖမ်းမယ်”
ဟော ထွက်လာပြီဗျို့။ အို…လူအရွယ်လောက် ရှိတာဗျ။ ပုဆိုးရယ်၊အင်္ကျီရယ်လို့တော့ သဲသဲကွဲကွဲ မမြင်ရဘူး။ ဒါပေမဲ့
အဝတ်အစားတော့ ဝတ်ထားသလိုပဲဗျ။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”
ဟာ ပုရစ်တွေဗျို့၊ အလယ်တောင်ပို့ထဲကနေ ထွက်လာကြတာ။ အို…ထောင်သောင်းချီနေတာဗျာ။ ဒါတစ္ဆေတွေဗျ။
တွင်းအောင်းတစ္ဆေတွေ။ ကျုပ်ကို ဆရာနွံဖ ပြောပြဖူးတယ်။ ပုရစ်အော်သံနဲ့ စကားပြောကြတာဗျ။ ပုရစ်တွင်းကလေး
ထဲမှာ နေပေမယ့် အပြင်ရောက်တာနဲ့ချက်ချင်း လူလောက်ဖြစ်သွားတာဗျ။

“ပကျီ၊ ပကျီ၊ ကျီ၊ ကျီ၊ ကျီ”
“ရွှေဘော် ဘာလုပ်နေတုန်း… သွားစို့လေ”
ဟော ပုရစ်အုပ်ကြီးက ရှေ့က ကြိုပြီးပျံသွားပြီဗျို့။
“ဝီ၊ ဝီ၊ ဝီ၊ ဝီ၊ ဝီ”
ပုရစ်အုပ်ကြီးရဲ့နောက်က တွင်းအောင်းတစ္ဆေနှစ်ကောင် လိုက်သွားကြတာဗျို့။
ဟုတ်တာပေါ့ဗျာ။ ပုရစ်တွေ ခုန်သွားသလို ဖျတ်ကနဲ ဖျတ်ကနဲ ခုန်ပြီးသွားနေ
တာဗျ။ လမ်းလျှောက်သွားတာမှမဟုတ်တာ။ တော်တော်ကို မြန်တာဗျို့။
“တာတေ၊ မင်း တစ်ခုခုကို မြင်နေရတဲ့ပုံပဲ၊
ဘာကိုမြင်တယ်ဆိုတာ ငါ့ကိုပြောဦးလေကွာ။ ငါကတော့ပုရစ်တွေ အုပ်လိုက်ကြီး
ပျံသွားတာပဲ တွေ့လိုက်တာကွ”
“ပုရစ် တွင်းအောင်းတစ္ဆေနှစ်ကောင်ကွ၊
ဒီတစ္ဆေတွေက စကားပြောရင် ပုရစ်အော်သံနဲ့ ပြောတာ၊ တစ်ကောင်ရဲ့နာမည်ကရွှေဘော်တဲ့၊ နောက်တစ်ကောင်က ငမဲတဲ့”
“ဟေ ဟုတ်လားကွ တာတေ၊ မင်း ဒီကောင်တွေကို မြင်ရလား”
“အေး …မြင်ရတယ်၊ ကြားလည်း ကြားရတယ်၊ ငါ ဆေးကွင်းထားတယ်လေကွာ”
“ဒါဆိုရင် မနက်ဖြန် ရွာထဲကလူတွေကိုခေါပြီး ဒီတောင်ပို့တွေကို ဖြိုပစ်မယ်ကွာ”
ပုရစ်က ဒေါသတကြီး ပြောတာဗျ
“မလိုပါဘူး ပုရစ်ရာ၊ မင်း ဒီနားကပဲစောင့်နေ၊ ငါ လုပ်စရာလေးတွေလုပ်လိုက်ဦးမယ်”
ကျုပ်က ထန်းပင်နောက်ကနေ ထွက်လိုက်ပြီး ကျုပ်လွယ်အိတ်ထဲက မဖဲဝါအပ်ထားတဲ့ ကိုယ်တူကိုယ်ခွဲရုပ်က
လေးထုတ်ယူလိုက်တယ်
“သင်္ချိုင်းရှင်မ မဖဲဝါခင်ဗျာ၊ ကျုပ်တာတေမှ အကြောင်းပြုပါတယ်၊ တွင်းအောင်းတစ္ဆေနှစ်ကောင် ကျုပ်တို့
ထနောင်းကုန်းရွာကို အနှောင့်အယှက်ပေးနေပါတယ်။ သင်္ချိုင်းရှင်မ အမြန်ကြွလာပြီး ဖြေရှင်းပေးပါဗျာ”
ကျုပ် မဖဲဝါကို ရည်စူးပြီး ပင့်ဖိတ်လိုက်တယ်။

ဒေါင် ဒေါင် ဒေါင် ဒေါင်
“လိုက်ဟေ့ လိုက်ဟေ့ လိုက်ကြဟေ့”
ဟော ကျုပ်တို့ရွာထဲမှာတော့ သံချောင်းခေါက်သံတွေရော လူသံတွေရော ဆူ
ညံနေပြီဗျို့။ ဟော ပုရစ်အုပ်ကြီး ပျံလာပြီဗျို့။
“ဝီ ဝီ ဝီ ဝီ ဝီ”
ဟာ ကျုပ်လက်က မဖဲဝါရုပ်ကလေးတုန်သွားပြီး ဖြူဖြူအရိပ်တစ်ခု ထွက်သွားတယ်ဗျ။ ဟာ မဖဲဝါဗျို့။ အရုပ်
ကလေးထဲက ထွက်သွားပြီ။ တွင်းအောင်းတစ္ဆေ ငမဲနေတဲ့ တောင်ပို့ပေါ်မှာ ရပ်နေတာဗျ။

“ပကျီ၊ ပကျီ၊ ကျီ၊ ကျီ၊ ကျီ”
“ဟေ့ကောင် ငမဲ၊ ဒီနေ့ အကောင်ကြီးတွေက ပိုတောင်ကြီးသေးသကွ၊
ဟာ ဟေ့ကောင် ငမဲ၊ ဟိုမှာ ဟိုမှာ”
“ဟင် ”
တွင်းအောင်းတစ္ဆေတွေ တုံ့ကနဲ ရပ်သွားပြီဗျို့။ မဖဲဝါက သူတို့ကို လက်ရပ်ခေါ်လိုက်တယ်။ ကျုပ်က သော
တဓါတ်ရေစင် ဆွတ်ထားတော့အသံပါ ကြားရတာပေါ့ဗျာ။
“ရွှေဘော်နဲ့ ငမဲ”
“ဗျာ…ဗျာ…သင်္ချိုင်းရှင်မကြီး”
“တွင်းအောင်းတစ္ဆေဆိုတာ လူ့ရပ်ရွာကို မသွားရဘူး၊ လူ့ရပ်ရွာမှာအစာမရှာရဘူးဆိုတဲ့ စည်းကမ်း
ကို ဘာကြောင့်ဖောက်တာတုန်း”
“ပကျီ၊ ပကျီ၊ ကျီ၊ ကျီ၊ ကျီ ”
“လူ့ရွာမှာ အစာရှာရတာ လွယ်လွန်းလို့ပါ သင်္ချိုင်းရှင်မ ”
“နင်တို့နှစ်ကောင် တွင်းအောင်းတစ္ဆေတွေရဲ့ စည်းကမ်းချိုးဖောက်တဲ့အတွက် ဒီရပ်ဒီရွာမှာ နေခွင့်မရှိတော့ဘူး၊ နင်တို့
ကို တရားစီရင်ဖို့ အခုပဲ လာခေါ်လိမ့်မယ်၊ နင်တို့ လိုက်သွားကြပေတော့”
မဖဲဝါ စကားဆုံးတာနဲ့ အရိပ်မည်းကြီး ချက်ချင်းရောက်လာတယ်။ မဖဲဝါကတွင်းအောင်းတစ္ဆေ ရွှေဘော်နဲ့ ငမဲကို
လက်ညှိုးထိုးပြလိုက်တယ်။ ရွှေဘော်နဲ့ငမဲလည်း လက်ထဲမှာ ကိုင်ထားတဲ့ ကြက်ဖကြီးတွေကို မြေကြီးပေါ်ကို လွှတ်ချလိုက်ပြီး အရိပ်မည်းကြီးနောက်ကို ဖျတ်ကနဲ ဖျတ်ကနဲ ခုန်ပြီး လိုက်သွားကြရောဗျို့။

ကျုပ်လက်ထဲမှာ ကိုင်ထားတဲ့ မဖဲဝါအရုပ်ကလေးက ဆတ်ကနဲတုန်သွားတယ်။ တောင်ပို့ပေါ်မှာတော့ စောစောက မားမားကြီးရပ်နေတဲ့ မဖဲဝါ မရှိတော့ဘူးဗျ။
“ကဲ ပုရစ်ရေ၊ မင်းတို့ယာထဲကတောင်ပို့တွေမှာနေတဲ့ တွင်းအောင်းတစ္ဆေနှစ်ကောင်တော့ ပါသွားပြီဟေ့၊
ရွာထဲက ဖမ်းလာတဲ့ ကြက်ဖသေကြီးနှစ်ကောင်ယူပြီး ပြန်ကြစို့ဟေ့”

ပုရစ်နဲ့ ကျုပ်နဲ့ ကြက်ဖကြီးတွေကိုတစ်ယောက်တစ်ကောင်ဆွဲပြီး ပြန်လာခဲ့ကြရတာပေါ့ဗျာ။
ကျုပ်တို့ပြန်ရောက်တော့ လူတွေရုံးစု ရုံးစုပဲ ရှိကြသေးတာဗျ။ ကြက်ဖကြီးတွေ ဆွဲပြီး ပြန်လာတဲ့ ကျုပ်
တို့နှစ်ယောက်ကိုတော့ အံ့သြပြီး ကြည့်ကြတော့တာပေါ့ဗျာ။

ကျုပ်လည်း တွင်းအောင်းတစ္ဆေတွေအကြောင်းကို ပြောပြလိုက်တယ်။ ဒီတော့မှ ကျုပ်တို့ရွာသားတွေလည်း
မျက်စိပျက်မျက်နှာပျက်တွေဖြစ်ပြီး ကြောက်ကုန်ကြတော့တာပေါ့ဗျာ။ သူတို့က ကြက်သူခိုးနှစ်ယောက်ကို
လူလို့ပဲ ထင်နေကြတာဗျ။ ခုမှပဲ လူမဟုတ်ဘဲ တွင်းအောင်းတစ္ဆေတွေမှန်း သိသွားတော့တာ။ ကျုပ်ထင်
တယ်၊ ဒီညတော့ ဒီလူတွေ အိပ်ရဲမှာ မဟုတ်တော့ဘူးဗျ။
တစ္ဆေမကြောက်တဲ့လူ ရှိတာမှ မဟုတ်တာဗျာ။

မူရင်းရေးသူ : ဆရာ တာတေ

#jdbkx.net #တွင်းအောင်းတစ္ဆေ #Online #Games  #Myanmar #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

 

Loading

3 comments

  • Very well presented. Every quote was awesome and thanks for sharing the content. Keep sharing and keep motivating others.

  • I have read some excellent stuff here Definitely value bookmarking for revisiting I wonder how much effort you put to make the sort of excellent informative website

  • Just wish to say your article is as surprising The clearness in your post is just cool and i could assume youre an expert on this subject Fine with your permission allow me to grab your RSS feed to keep updated with forthcoming post Thanks a million and please keep up the enjoyable work

Leave a Reply

Your email address will not be published. Required fields are marked *