
”စုန်းရွာသို့အလည်တစ်ခေါက် ”(စ/ဆုံး)
” စုန်းရွာသို့အလည်တစ်ခေါက် ”
၁-၂-၂၀၁၆ ခုနှစ် နေ့ကတော့ပင်စင်ရုံးက လူတွေ့စစ်ဆေးချင်တယ်ဆိုလို့ မဖြစ်မနေ အရှုံးခံပြီးသွားခဲ့တယ်။ ကျွန်တော် မကွေးကို ရောက်နေတယ်ဆိုတော့ ငယ်ပေါင်းတွေဖြစ်တဲ့ မကွေးဖြင့်သန်း၊ ဖန်ခါးမောင်မောင်နဲ့ မြန်မာပြည်ဆရာဟိန်းတို့လာတွေ့ ကြတယ်။ သူတို့ လူငယ်တွေဆိုတော့ လာနိုင်ကြတယ်။ မကွေးလှမြင့်နဲ့ မကွေးဝင်းမြင့်ကတော့ အသက်ကြီးလို့မလာနိုင်ကြဘူး။
ဒီတော့ ကျွန်တော်ကပဲသွားတွေ့ရတယ်။ မကွေးဝင်းမြင့်ကအိပ်ရာထဲလဲနေပြီ။ ကျွန်တော့်ကို သူ့မိသားစုအတွေ့ခံ လို့ မတွေ့ခဲ့ရဘူး။ မကွေးဝင်းမြင့်ကိုခြေ ဆုပ်လက်နယ်လုပ်ပေးနေတဲ့ သတင်းထောက် မန္တလေးသား ကိုသန်းမြင့် ကတော့ သူ့သမီး သားအိမ်ကင်ဆာဖြစ်လို့ မန္တလေးကို ပြန်သွားသတဲ့။ မကွေးလှမြင့်ကိုတော့ သူ့တိုက် ရှေ့က ကုလားတမာပင်အောက်မှာ (သတင်းဆောင်းပါး)တွေ ရေးနေတာတွေ့ရတယ်။ မန္တလေးက သတင်းစာ တိုက်မှာတစ်လသုံးသိန်းနဲ့ မကွေးတိုင်း တာဝန်ခံလုပ်နေတယ်ဆိုဘာသိရတော့ဝမ်းသာမိတယ်။
ရန်ကုန်ပြန်ဖို့ အဝေးပြေးကားဂိတ်အတွင်းက (ထိပ်တန်း)ကားလက်မှတ်ဝင်ဖြတ်တော့ မမျှော်လင့်ဘဲ အလင်းရောင်ဓာတ်ပုံတိုက်ပိုင်ရှင်၊ လ.ဝ.က ဥက္ကဋ္ဌဟောင်းပွင့်ဖြူမြို့သား(ဦးစိုးလင်း) နဲ့တွေ့တော့နှစ်ယောက်သာ၊ လက်ဖက်ရည်ဆိုင် ထိုင်မိတော့၊ ဦးစိုးလင်းက ကျွန်တော်ရေးတဲ့ သူရဲ့ ဝတ္ထုတွေ ဖတ်ရကြောင်း။ သူကိုယ်တိုင်လည်း သရဲပေါင်းစုံ တွေ့ရကြောင်းနဲ့။ သူစုန်းရွာကြီးတစ်ရွာကို ရောက်ရှိခဲ့ပုံကို အောက်ပါ
အတိုင်း ပြောပြလို့ ကျွန်တော့်စာဖတ်ပရိသတ် ဗဟုသုတရဖို့ ရေးသားတင်ပြ လိုက်ပါတယ်။
ရွာရောက်သည်မှာ ယနေ့ဆိုလျှင် ငါးရက်ပင်ရှိပြီ ဖြစ်သည်။ ဤရွာသို့ ကျွန်ုပ်စ၍ ရောက်လာသောနေ့က မြို့ နှင့် အလှမ်းဝေးရုံမျှမက ကားမပြောနှင့် လှည်းနှင့်ပင်သွားလာရသည်မှာမလွယ် ကူသောကြောင့် စိတ်ပျက်မိလေသည်။ သို့သော်လည်း ရွာလေး တည်ရှိ ပုံမှာ တောင်များ ပတ်လည်ဝိုင်းရံလျက် ရွာ၏ အနောက်ဘက်တွင် ချောင်းတစ် ထပ် မြောင်းတစ်ထပ်ရှိပြီး ရွာခံများ၏ဖော်ရွေမှုကြောင့် တစ်နေ့ထက် တစ်နေ့
နေသားကျလာကာ ပျော်ရွှင်လာခဲ့လေ၏။ ၎င်း၏ ရွာလေးသည်ကား ပွင့်ဖြူမြို့၏အနောက်ဘက် မိုင် (၂၀) ခန့် ဝေးသော လှည်းလမ်းဆုံးရွာကလေး(ကျောင်းကုန်၊ရွာ)ပင် ဖြစ်ပေသည်။
ညနေစောင်းလာသည်နှင့်အနောက်ရိုးမဆီသို့ သစ်တောကြိုးဝိုင်းမှ ဆင်များသည် ဆင်ဝိုင်းရှိရာ တဲများသို့ ပြန်ကြသလို တောင်ပေါ်သူချင်းမလေးများသည်လည်း ပလိုင်၊( ထောင်ပို)များကို လွယ်၍ တောင်ယာ(အသီး)မှ ရွာဆီသို့ ပြန်လာနေကြပေပြီ၊
လူပျိုပေါက်အရွယ်ရောက်စဆို တော့အသားဖြူဖြူ ချင်းမလေးများလာ ရာ၊ ရွာ၏အနောက်ဘက် ခုံကျောင်းသို့ သွား၍ ပိုးပန်းရန်ပြင်ဆင်နေမိ၏။
“ဟဲ့- ကိုလင်း- နင် ဘယ်ကိုသွားချင်လို့လဲ”
“ဘယ်မှ သွားချင်လို့ မဟုတ်ဘူး။ ချောင်စပ်ကို သာဒင်နဲ့ အတူသွာ၊မလို့ကြီးမေရဲ့”
ကျောင်းကုန်းရွာမှ စစ်စစ်ပေါက် ပေါက်ရေကြည့်လျှင် ဗမာဆို၍ ကြီးမ တို့သားအမိသာရှိ၏။ ကြီးမေ၏အင်ကို ဖြစ်သူ ဦးရာဖိုးမှာလည်း ချင်းမနှင့် အိမ်ထောင်ကျ၍မင်းလွင်ရွာတွင် ရှိပါသည်။
ပွင့်ဖြူမြို့နှင့် အဝင်အထွက် အသွားအလာရှိသောကြောင့် တချို့ ရွာသူရွာသားများမှာဗမာစကားကိုလည်ပတ်စွာ ပြောတတ်ကြသလိုတချို့ဆိုလျှင်လည်းယခုအချိန်ထိပင်ဗမာစကားနားမလည် သူတွေရှိနေသေး၏။
ကြီးမေက -.
“ကိုလင်း- နင်ရွာထဲကို လျှောက်မသွားနဲ့၊ နင် တစ်ခုခုဖြစ်သွားရင် နင့်အဖေက ငါ့ကို ရိုက်လိမ့်မယ်။
သာဒင်-
နင်လည်း သတိထားနော်။ နင့်ကိုလည်းကြည့်မရတော့ဘူ။ နွားစာမကျွေး၊ ဘာမကျွေးနဲ့ ဧည့်သည်ကို အကြောင်းပြပြီးမယ်”
အိမ်အလုပ်ကိုမလုပ်တော့ဘူး- ဟင်း”
သာဒင်က ခေါင်းခါပြီး..
“ကျွေးပြီပြီလေ – အစ်ကိုနဲ့ သွား လည်ဦးမယ်၊ ပြန်ခါလာ ထပ်ကျွေး”
ကြီးမေက သူ့သားကို ဘာမှမပြောတော့ဘဲ ဆန်အိုးထဲမှ ဆန်အနည်းငယ်ကိုနှိုက်၍ ကျွန်တော်၏ ခန္ဓာကိုယ်ကိုပစ်ပေါက်၍
“နေမဝင်ခင် ပြန်ခဲ့ကြနော် -ကိုလင်း”
“ဟုတ်ကဲ့ပါ- ကြီးမေ၊ စိတ်ချပါ”
ကြီးမေက နှုတ်မှ တတွတ်တွတ် ရွတ်၍ ဆန်စေ့များပတ်ပြီး ကျွန်တော့်အားအရေးကြီးသောအမှုအရာဖြင့်-
“ဒီနေ့က လကွယ်နေ့လေ မမှောင် ခင်အိမ်ကို ပြန်လာမှဖြစ်မယ်၊ ဟဲ့-သာ ဒင် – နှင့်အစ်ကို.ကို နင် သေချာဂရုစိုက် ပြီးအိမ်ကိုပြန်ခေါ်လာခဲ့ကြားလား”
သာဒင် ခေါင်းညိတ်၍.. “သိပါတယ်-အမေရာ စောစော ပြန်လာပါ့မယ်။ မဟုတ်လည်း ကျုပ်တို့ ကို တစ်ရွာလုံး ဘယ်သူက ထိရဲမှာတုန်း။
အမေတစ်ယောက်လုံး ရှိနေတာပဲဟာ။ လာအပ်ကိုသွားကြရအောင်။ စုလောက်ဆို ရေဆိပ်မှာ တော်တော်လေးစည်နေလောက်ပြီ”
စကားဆုံးသည်နှင့် ကျွန်တော်နှင့် သာဒင်တို့သည် ရေဆိပ်ရှိရာသို့ထွက်ခဲ့ကြလေတော့သည်။ ချောင်းရေမှာတောင်ပေါ်မှစီးဆင်း လာသောကြောင့် ရေစီးမှာအနည်းငယ် သန်၏။ ချောင်း၏ နံဘေးတွင် ကျောက်တုံးကျောက်ဆောင်များ ပေါများသောကြောင့် အင်မတန်ပင် သာယာလေသည်။ တောတောင်ထဲမှ ပြန်လာကြသူများသည် လူတိုင်းလိုလို ရေချိုးနေကြသောကြောင့် ရေချိုးဆိပ်တွင် စည်ကား
နေ၏။ တစ်ဖန်ကျွန်တော်တို့လိုရေမချိုးဘဲနဲ့ ကောင်မလေးများကိုလာ၍ ပိုးပန်းနေကြသူများလည်း ရှိနေကြပါသည်။ ထိုအထဲတွင်မြို့မှလာသောမြို့သား ဗမာဖြစ်သော ကျွန်တော့်မှာ မျက်နှာ အပွင့်ဆုံးဖြစ်လေသည်။
ချင်းမချောချောလေးတိုင်းလိုပင် ကျွန်တော့်အား ပြုံး၍နှုတ်ဆက်ကြလေသည်။
သာဒင်က ကျွန်တော့်လက်မောင်း ကိုကိုင်၍ စပ်ဖြီးဖြီးမျက်နှာဖြင့်…
“ငါ့အစ်ကိုကတော့ စွန်သဟေ့၊ အားကျတယ်ကွဲ့”
“မစွန့်သေးပါဘူ။ – သာဒင်ရာ၊ နှုတ်ဆက်နေရုံ၊ ပြုံးပြရုံနဲ့တော့ မဟုတ်သေးဘူးကွ”
“အံမယ် – အစ်ကို ဘယ်သူ ကြိုက်လဲပြော၊ကျွန်တော် ပြောပေးမယ်”
“တကယ်လားကွ၊ တကယ်ပြောပေးမှာလာ။”
သာဒင်သည် ထရပ်လိုက်ပြီး ပုဆိုးပြင်ဝတ်ကာ
“ပြော- အစ်ကိုကဘယ်သူ့သဘော ကျသလဲ”
ဟု မေးလေ၏။ ကျွန်တော်လည်းဘာရယ်မဟုတ်ပါ။ မိမိ မျက်စိရှေ့တွင်မြင်နေရသော ခပ်ချောချောချင်းမလေးကို မေးငေါ့ပြ၍..
“သူပဲ”
သာဒင်သည် ကျွန်တော် ညွှန်ပြ သော ကောင်မလေးဆီသို့ ချက်ချင်းကို သလိုပင် လျှောက်သွားလိုက်ပြီး ချင်း ဘာသာစကားဖြင့် ပြောဆိုနတော့သည်။ သာဒင်သည် ဤဒေသတွင် မွေး သောဗမာ၊ ချင်းဖြစ်သောကြောင့်မြန်မာ စကားရော၊ ချင်းဘာသာစကားပါကျွမ်းကျင်သူဖြစ်သည်။
သူတို့နှစ်ယောက် ဘာတွေပြော နေမှန်းတော့ မသိပါ။ သို့သော်- သူတို့ နှစ်ဦးစလုံးသည် ကျွန်တော့်အားကြည့်၍ ပြောနေသောကြောင့် ကျွန်တော်ပင် အနေခက်သလိုလိုဖြစ်လာ၏။ ကောင်မလေးကလည်း ပြုံးရွှင်စွာ ခေါင်းတညိတ်ညိတ်ဖြင့် ရှိနေ၏။ ခဏ ကြာတော့ သာဒင် ပြန်ရောက်လာပြီး ကျွန်တော့်အားပခုံးကိုပုတ်၍
“ဟုတ်သွားပြီ… အစ်ကိုရေ”
“ဘာဟုတ်တာလဲ- သာဒင်၊ တော်ကြာ ဒုက္ခရောက်နေဦးမယ် အိမ်ပြန်ရအောင်”
“ဟာ “ အစ်ကိုကလည်းဘာမှမဖြစ်ပါဘူး။ သူကအိမ်ကိုအလည်ခေါ်နေတာ ကျွန်တော်တို့ ဒေသက ဧည့်သည်ဆိုရင်ဂရုစိုက်တတ်တယ်။ ခဏတော့ လိုက်သွားရအောင်နော် -အစ်ကို”
သည်လိုနှင့်ပင် သာဒင်ကလည်း အဆွယ်ကောင်းသလို ရင်းမလှလှလေးကလည်း ရပ်၍ တင့်နေသောကြောင့် လူငယ်သဘာဝအတိုင်း ရှေ့နောက်မစဉ်းစားတော့ဘဲ လိုက်သွားမိပါလေတော့သည်။ နံနက်မိုးလင်းသည်နှင့် ကြီးမ၏ အသံစူးစူးကိုအိပ်ရာထဲမှ ကြားနေရ၏။
“အံ့ပါရဲ့- သာဒင်ရယ်၊ နင့်ကို ငါ အတန်တန်ပြောထားလျက်သားနဲ့ နှင်မို့လို့ မစဉ်းစားမဆင်ခြင် ဧည့်သည်ကို ဒီလိုညမျိုးမှာ ညဉ့်နက်အောင် ခေါ်သွားရသလား ရွေးကောင်ရဲ့၊ ကဲဟယ် – မြန်းဖြန်း”
ကျွန်ဧတော်သည် အသာပင်အခန်းဝသို့တိုး၍ ချောင်းကြည့်လိုက်၏။ ကြီးမေက ဝါးခြမ်းပြားဖြင့် သူ့သားသာဒင်ကိုကလေးရိုက်သလို ရိုက်နေသည်၊ သာ ဒင်ကတော့ အပြုံးမပျက်ပင် လက်ဖြင့်ကာရင်း..
“အား-အမလေး-အမှု-တော်တော့လေဗျာ”
“ဘာလို့တော်ရမှာလဲ- ဖြန်း”
“ဟ-အမေ-တကယ်နာတယ်”
“နာမှန်း သိပြီလား၊ ဟင်-ခွေးကောင် ဟိုတစ်ယောက်တစ်ခုခုများဖြစ်ရင်…”
သာဒင်ကလဲ ကြားဖြတ်၍ …
“အခု ဘာမှမဖြစ်ဘူးလေ၊ အမေ ကျွန်တော်သည် ကြီးမေတို့ သားအမိ၏ စကားများကို ကြားနေရသော် လည်းနားမလည်ပဲရှိနေပါသည်။ကြီးမေတစ်ယောက် ဒီလောက်တောင် ဒေါသထွက်ရခြင်း၏အကြောင်းရင်းကို သိလိုလှပေသည်။ နောက်မှပဲ သာဒင်ကို မေးကြည့်ရန် စိတ်ကူးမိ၏။ ကျွန်တော် အိပ်ခန်းထဲမှ ထွက်၍ မျက်နှာသစ်ရန် ရေအို၊ဆီသို့ ထွက်ခဲ့လေ၏။ ကြီးမေက ကျွန်တော့်ကို မြင် တော့ သူမ၏ လက်ထဲမှ တုတ်ကို ပစ်ရကာ
“ဟော-ကိုလင်း ၊ နိုးလာပြီလား”
ဟု နှုတ်ဆက်သလို မေးသည်။ ကျွန်တော်လည်း ကြီးမေအား ပြုံးပြကာ
“ဟုတ်ကဲ့ ကြီးမေ”
သာဒင်ကို မသိမသာ လှမ်းကြည့်လိုက်တော့ သာဒင်ကမျက်စေ့တစ်ဖက်ကို မှိတ်ပြ၍ …
“အိပ်လို့ကောင်၊လား – အစ်ကို”
ကျွန်တော်က ရေစပ်ရင်း ခေါင်းညိတ်၍ …
“အေး- ကောင်းပါတယ်၊ ဒါနဲ့ မင်းဘယ်သွားစရာရှိသေးလဲ”
“ယာထဲကိုခဏသွားလိုက်ဦးမယ်၊ တောဝက်တွေကျနေမှာစိုးလို့”
ကျွန်တော်က မျက်နှာသစ်ပြီးသွားပြီဖြစ်၍ ကြီးမေအား..
“ကြီးမေကျွန်တော် သာဒင်နဲ့ ယာထဲကို လိုက်သွားချင်တယ်”
ကြီးမေသည် ထမင်းကြမ်းစားရန်ပြင်ဆင်နေ၏။
“ယာက သိပ်တော့ မဝေးပါဘူး။ ကိုလင်းလိုက်ချင်ရင် လိုက်သွားလေ”
“လာ-အစ်ကို ထမင်းကြမ်းပူပူလေး စားလိုက်ရအောင်၊ တောင်သုံးတောင်လောက်ဖြတ်ရမှာဆိုတော့ဗိုက်ပြည့်မှဖြစ်မယ်”
ဟုဆိုကာထမင်းကို စားနေလိုက် ၏။ ကြီးမေသည် ကျွန်တော့်အနီးတွင်ထိုင်၍ ကျွန်တော့် ထမင်းပန်းကန်ထဲသို့ ဟင်းများထည့်နေရင်း..
“ကိုလင်း- သားကိုကြီးမေကဒီရွာ ကိုလာလည်ခိုက်မှာအိမ်မှာပဲအေးအေး ဆေးဆေး နေစေချင်တယ်၊ ကိုလင်း အဖေကလည်း ကြေးနန်းစာထဲမှာ သား ကို သေသေချာချာဂရုစိုက်ဖို့ မှာထားတယ်၊ ကိုလင်းအဖေဆိုတာကြီးမေတို့ရဲ့ ကျေးဇူးရှင်ဆရာ မင်းသာ တစ်ခုခု တစ်စုံစုံ ဖြစ်သွားရင် ဆရာ့ကို ဘယ်လိုမှ မျက်နှာချင်းဆိုင်ရဲမှာမဟုတ်ဘူး”
သာဒင်က စားသောက်နေရင်း..
“အမေကလည်း အစ်ကိုက လူ ရမ်းကားမဟုတ်ပါဘူး။ နောက်ပြီးအမေရှိနေတာပဲ၊ ဘာကြောက်စရာလိုလဲ မဟုတ်ဘူးလား”
“နင်-အသာနေစပ်။” ကြီးမေက ငေါက်လိုက်၍ သာဒင် ပါးစပ်ပိတ်သွားသည်။ အားလုံးစားသောက်ပြီးသွား၍ ကြီးမေက ပန်းကန် တွေသိမ်းရင်း ….
“ဒီရွာမှာက တစ်ရွာလုံးပညာသည်တွေချည်းပဲ၊ စားသတိ၊ သွားသတိ အပြောအဆိုအနေအထိုင်ကအစသတိ ထားရတယ်။ အထူးသဖြင့် မင်းတို့လို မြို့သားလူငယ်တွေ ပိုပြီး သတိထားရတယ် ကိုလင်းရဲ့”
“ဘာ – ပညာသည်လဲ – ကြီးမေ၊ ကျွန်တော်နားမလည်ဘူး”
“စုန်းတွေ၊ ကဝေတွေကို ပြောတာ ကြီးမေစကားဆုံးတော့ကျွန်တော် လန့်သွားမိသည်။ ဟိုနေ့ညက သာဒင်နှင့်အလည်လွန်ခဲ့၍ ကြီးမဒေါသထွက်ရခြင်းကိုသဘောပေါက်သွား၏။ အနည်းငယ်လည်း ကြောက်လန့်သွားမိသည်။
“ချင်းမလေးကပြုစားလိုက်ရင်ဒုက္ခ”ဟုတွေးနေ၏။ ငယ်ငယ်ကတည်းကကြားဖူးသော စုန်းတို့၊ ကဝေတို့ဆိုသည်ကိုတွေ့လည်း တွေ့ချင်သည်၊ကြောက်လည်းကြောက် မိ၏။ လောကတွင်တကယ်ရောရှိရဲ့လား ဟု သံသယဝင်ခဲ့သည်။ ဇာတ်ပွဲတွေဇာတ်လမ်းတွေမှာ မြင်ဖူး ကြားဖူးခဲ့ပေမဲ့ အပြင်လောကတွင် ကျွန်မက စုန်းမပါ။ ကျွန်တော်က ကဝေပါလို့ ဘယ်သူ ပြောသံမှ မကြားဘူးခဲ့ပေ။ သူကတော့ စုန်းမ၊ သူကတော့ကဝေဆိုပြီးလက်ညှိုး ထိုးပြနိုင်သည့်သူလည်း မတွေ့ခဲ့ရပေ၊ အခု ကြီးမေက ဤရွာတွင် ပညာသည်စုန်းကဝေများရှိသည်ဟု ဆိုလာ သောကြောင့် မိမိအတွက် အန္တရာယ်မဖြစ်ပါက လက်တွေ့ကျကျ တွေ့မြင်ချင်လှပါသည်။
ထိုစဉ်သာဒင်သည် ကျွန်တော့်အားခမောက်နှင့် ဓားရှည်တစ်လက်လှမ်းပေး၍ –
“ကိုင်း-အစ်ကိုရေ- သွားစို့”
ဟုဆိုကာ ရှေ့မှဦးဆောင်၍ ထွက် သွားသဖြင့်ကျွန်တော်လည်း ကြီးမေကို နှုတ်ဆက်ကာ သာဒင်၏ နောက်သို့ ခပ် သုတ်သုတ်ပင်လိုက်သွားပါတော့သည်။ ရှစ်ရက်မြောက်နေ့ ဒီနေ့တော့ဘယ်မှမသွားဖြစ်တော့ပါ၊ အဘယ့်ကြောင့်ဆိုသော် နံနက်မှ ထသည်နှင့် ကြီးမေက …
“ကိုလင်း- သာ၊ ဒီနေ့ ဘယ်မှ မသွားနဲ့တော့၊ ကိုလင်း သိချင်မြင်ချင်တာကိုဒီနေ့ တွေ့ရ မြင်ရမယ်”
“ဘာကိုလဲ ကြီးမေ”
“ကိုလင်းက ပညာသည်ဆိုတာကို တွေ့ဖူးချင်တာမဟုတ်လား။ သားဒီနေ့ တော့ တွေ့ရလိမ့်မယ်”
ကြီးမေ စကားကြောင့် ကျွန်တော် အံ့ဩစွာဖြင့် ဝမ်းသာသွားသည်၊ လောကတွင် ရှိသော စုန်းဆိုသည်ကို မျက်ဝါးထင်ထင် တွေ့မြင်ရတော့မည်
မဟုတ်ပါလား။
“ဟုတ်ကဲ့ -ကြီးမ၊ ကျွန်တော် လည်းတွေ့ဖူးချင်နေတာ”
ပြောပြီးစိတ်ထဲ၌ စုန်းမဆိုတော့ တော်တော်ရုပ်ဆိုးမဲ့ ချင်းမဲမဲကြီးဖြစ်မှာပဲဟု တွေးလိုက်မိသည်။ ကြီးမေက မီးဖိုထဲသို့ ဝင်သွားပြီး ချက်ပြုတ်နေ၏။
ကျွန်တော်လည်းအိမ်ရှေ့တွင်ထိုင် ၍ရေနွေးကြမ်းသောက်ရင်း …
“ကြီးမေက ချက်ပြုတ်နေတုန်း စုန်းမက ဘယ်မှာနေတာလဲ မသိဘူး။ ဘယ်လိုပုံစံရှိလဲဆိုတာ သိချင်လာပြီ” ဟု စိတ်ထဲမှတွေးနေစဉ်အိမ်ထဲသို့..
ကျွန်တော် နားမလည်သော ချင်၊ စကားဖြင့်ပြောရင်၊ မိန်းကလေးတစ်ယောက် ဝင်လာလေသည်။ မိန်းမပျိုလေးသည် အသက်အားဖြင့် (၂ဝ)အောက်ပင်ရှိဦးမည်။ ရုပ်ကလေးပြေပြစ် ချောမွေ့၍ အသားအရေမှာဝင်းမှည့်နေ၏။ မြန်မာမိန်းကလေး၏ ဝတ်စားဆင်ယင်မှုပင် ဝတ်ထား၏။ ထိုခေတ်အခါက ခေတ်စားသော ချာလိထီးကို ဆောင်းထားပြီးအိမ်ထဲသို့ဝင်လာခဲ့လေသည်။
ကျွန်တော်လည်း ရုတ်တရက်ဆိုတော့အံ့အားသင့်သွားကာ ငေးကြည့်နေမိ၏။
နောက်မှ သတိဝင်လာကာ…
“ကြီးမေရေ ဧည့်သည်လာတယ်”
ဟု အသံပြုလိုက်၏။ ချက်ချင်းဆို သလို ကြီးမေသည် မီးဖိုထဲမှ ထွက်လာ ပြီးမိန်းကလေးအားချင်းစကားဖြင့်ပြော ဆိုကာအိမ်ထဲသို့ခေါ်သွားလေသည်။
ကြီးမေသည် မိန်းကလေးအား ဘုရားကျောင်းဆောင်ရှေ့တွင်ထိုင်ခိုင်းထားပြီး မီးဗိုထဲသို့ ပြန်ဝင်ကာ ဟင်းအိုးကိုပြန်ချက်နေသည်။
ကျွန်တော်လည်း ကြီးမေအနားသို့တိုးကပ်၍
“ကြီးမ – ဧည့် သည်ကို အားနာ စရာကြီး၊ ဟင်းအိုးကိုထားခဲ့လေ၊ ကျွန်တော်ကြည့်ထားလိုက်မယ်”
ကြီးမေက ကျွန်တော့်အား တစ်ချက်လှမ်းကြည့်ပြီးပြုံးပြကာ လေသံအေးအေးဖြင့်..
“နေပါစေ ကိုလင်း ၊ သူ ဘယ်လောက်ကြာကြာ စောင့်နေပါလိမ့်”
“ဘာဖြစ်လို့လဲ ကြီးမေ” “သူက ဆေးကုဖို့လာတာလ
“ဪ”
ဟု ဆိုကာ ကျွန်တော် ဘာမှထပ်မပြောတော့ပါ။ ကောင်မလေးကြည့်ရသည်မှာ တော်တော်ကျန်းမာပုံပင်။ ဘာရောဂါများ ကုသပလို့ ပါလိမ့်ဟုတွေးလိုက်၏။
ခဏကြာတော့ ကြီးမေ၏ မီးဖိုချောင်ကိစ္စများ ပြီးဆုံးသွားလေသည်။ ကြီးမေသည် ခြေလက်ဆေးကြောကာ သန့်ရှင်းစင်ကြယ်အောင်ပြုလုပ်၍ ဘုရားကျောင်းဆောင်ရှေ့တွင် ထိုင်၍ ရိုကျိုးစွာ ရှိခိုးနေပါသည်။
ကျွန်တော်လည်း မြင်သာသော နေရာမှ တိုင်ကိုကျောမီ၍ ထိုင်ကြည့် နေလိုက်၏။ ဘုရားကျောင်းဆောင်၏ အောက်တည့်တည့်တွင် စားပွဲငယ်တစ်လုံး ရှိပါသည်။ ထိုစားပွဲပေါ်တွင် ကန်တော့ပွဲများနှင့် ပုံတော်များရှိနေ၏။ တဖန် ဆေးဘူးဆေးထုပ်နှင့် ဘာမှန်း မသိရသော လူရုပ်ထုများလည်း ရှိကြ လေသည်။ ရုပ်ထုလေးများမှာယောက်ျားရုပ်၊ မိန်းမရုပ်နှင့်ပုံစံမသဲကွဲသောအရုပ်များဖြစ်ပြီး အရွယ်အစားမှာ လက်တစ်ညိုးခန့်သာရှိ၏။
ကြီးမေသည် ဘုရား အာရုံပြုပြီးသည်နှင့် မိန်းကလေးဘက်သို့ လှည့်
“ကဲ- ဘာလုပ်ချင်တာလဲ၊ ဘာဖြစ် နေသလဲ၊ ဆန္ဒရှိတာ ပြော” ကြီးကဗမာလိုပြောသော်လည်း မိန်းကလေးသည် ချင်းလိုသာ ပြန်ပြော
၏။ ကျွန်တော့်လိုသူစိမ်းရှိနေ၍ အနေဟန်တူ၏။ ကြီးမေက..
“ကိစ္စမရှိဘူး- ဗမာလိုပြော
“မိန်းမကြီးက အတင်းလုပ်ရိုင်းနေတာ ကျွန်မ မလုပ်လို့ခံနေရတယ်”
“ဘယ်က မိန်းမကြီးလဲ၊ ဘာတော်လဲ၊ ဘာလုပ်ခိုင်းတာလဲ”
သူတို့နှစ်ယောက်သည် ဗမာလို တွေရော၊ ချင်းစကားတွေရော ပြောနေကြသည်ကိုကြားနေရ၏။ ကြီးမေအသံက ငေါက်ဆတ်ဆတ် ထွက်ပေါ်လာသည်။
“နင်လည်း ပညာတတ်တာပဲ ပြန်မလုပ်ရင်တောင် ခုခံကာကွယ်ပေါ့”
ကောင်မလေးက ခေါင်းခါ၍..
“ကျွန်မသူ့ကိုမနိုင်ဘူး။ သူကအနိုင် ကျင့်တယ်၊ လုပ်ပေးပါဦး…”
“အေး-အေး- ကောင်းပြီ၊ ငါဆေး
ပေးပြီး သန့်ရှင်းပေးလိုက်မယ်။ သူ့ကို လည်း ခေါ်ဆူလိုက်မယ်၊ ဟုတ်ပြီလား”
“ဟုတ်ကဲ့ပါ”
ကြီးမေသည် ကောင်မလေး၏မျက်နှာအား ဆေးပုလင်းထဲမှ ဆေးရည်ကို ယူ၍ လိမ်း၍ပေးလိုက်ပြီး နှုတ်မှ ရွတ်ဖတ်လိုက်ရာ ချက်ချင်းဆိုသလိုပင် မိန်းကလေး မျက်နှာတွင် အပ်နှင့် ထိုးဆွထားသလို အပေါက်အနီလေးများ ပေါ်လာလေတော့သည်။
ကောင်မလေးက အံကြိတ်၍ ခံနေရသည်။ နုတ်ကလည်းအဆက်မပြတ် ရွတ်၍ နေ၏။ ကျွန်တော်သည် ထူးဆန်းသောမြင်ကွင်းကိုကြည့်၍ အံ့ဩနေမိသည်။
ထို့နောက်တွင်ကြီးမေကဆေးရည်ပုလင်းကိုပေး၍…
“ရော့-ဒါကိုမှန်မှန်လိမ်း(၂) ရက်၊ (၃) ရက်လောက်ဆို ကောင်းသွားလိမ့်မယ်။ ဘုရားကိုဦးချပြီးပြန်တော့”
ကောင်မလေးလည်း ကြီးမေ၏ စကားအတိုင်း ဘုရားဝတ်ပြုကာ ပြန်သွားလေသည်။
ကျွန်တော်သည် ကြီးမေအနားသို့ တိုးထိုင်လိုက်သည်။ ကြီးမေက ကျွန် တော့်အား ကြည့်၍ …
“ကိုလင်း- သားက ဘာပြောချင်လို့လဲ၊ စောစောက ကောင်မလေးရဲ့အကြောင်းလား”
“ဟုတ်ကဲ့-ကျွန်တော့် စိတ်ထဲမှာထူးဆန်းနေလို့ပါ
“ဘာက ထူးဆန်းနေလို့လဲ – ကိုလင်းရဲ့”
“ဟို – သူလာတုန်းက သူ့မျက်နှာ မှာဘာမှမရှိသလို ဘာအနာမှလည်း မတွေးမိပါဘူး။ နောက်ပြီးမှ မျက်နှာအနှံ့ အပေါက်ကလေးတွေ ပေါ်လာတာ။ ဒါ မဟုတ်မှလွဲရော..”
“အင်း – ဟုတ်တယ်။ စုန်းပူးခံထား ရတာ။ ဒါပေမဲ့ သူလည်း စုန်းမပဲကွဲ့”
ကြီးမေကခေါင်းညိတ်ပြု၍
“အေး – တစ်နည်းပြောရရင်တော့ စုန်းမလေးကို စုန်းမကြီးက အနိုင်ကျင့် ထားတာပေါ့”
“ဟောဗျာ…”
ကျွန်တော့်မှာ ဘာဆက်ပြောမှန်၊ မသိအောင် ဖြစ်သွားရလေသည်။ ကြီးမေက
“တကယ်ဆိုရင် သူတို့အချင်းချင်း အဲဒီလိုကြီးနိုင်ငယ်ညှဉ်း မလုပ်ရဘူးကွဲ့၊ ဒါပညာသည်တွေ စောင့်ထိန်းရမဲ့ ကျင့်ဝတ်ပဲ”
“ဒါဆို ဘာလို့များအဲဒီလို လုပ်ရတာလဲ”
“သူတို့ လူမှုရေးကိစ္စတွေကြောင့် နေမှာပေါ့။ ကောင်မလေးကို အဆင့်တက်ပေးမယ်ဆိုပြီး သူ ခိုင်းတာလုပ်ရ မယ်လို့ ပြောတယ်တဲ့။ အဲဒါ ကောင်မလေးက မလုပ်ချင်ဘူးလို့ ငြင်းလိုက်လို့ ခေါင်းကို ဆီးစူးစက်နဲ့အုပ်ပြီး သုံးရက်လောက် ဒဏ်ပေးထားတာတဲ့၊ အဲဒါ မနေ့ညက လကွယ်ညလေ။ သူလည်း အစွမ်းတွေထကြွလာတော့မှ ထွက်ပြေးလွတ်မြောက်လာခဲ့တာ”
“ဆီးဆူးခက်လောက်များ ဘာ အရေးလဲ။ သုံးရက်တောင် မလွတ်နိုင် စရာလား။ အသာလေး ဖယ်လိုက်ရင် သိပ်မဆူးပါဘူး”
“ဒီမှာ- ကိုလင်း၊ ဘယ်ဖုန်းမပဲဖြစ် ဖြစ် အောက်လမ်းပညာဟာ တစ်လမ်း သွားဖြစ်တဲ့အတွက်စွမ်းချင်သလောက်စွမ်း၊ ဆီးစူးကိုတော့ကြောက်ကြတဲ့သူတွေချည်းပဲ”
“ဪ-လက်စသတ်တော့ဝုန်းမ တွေကိုနိုင်တဲ့လက်နက်က ဆီးဆူးကိုင်းကို၊
“ဘယ်ကလာ ဟုတ်ရမှာလဲ-ကိုလင်းရယ်-အဟင်း – ဟင်း”
ကြီးမေက သဘောကျစွာရယ်မောလေသည်။
“ဟင် … စောစောကပဲ ကြီးမေပြောတော့ ဆီးစူးကိုင်းကို သူတို့ကကြောက်တယ်ဆို”
ထိုအခါ ကြီးမေသည် လေးနက်သောအမူအရာဖြင့်…
“ကိုလင်း -ရှင်းရှင်းလင်းလင်း နားလည်အောင် ကြီးမေ ပြောပြမယ်။ ကြီးမေမှာ အစ်ကိုတစ်ယောက် ရှိတယ်။ ကြီးမေတို့ကမောင်နှမနှစ်ယောက်ပေါ့။ ကြီးမေတို့အဘိုးက (…မြို့က အထက်ဂိုဏ်းဆရာတော်ရဲ့ ဒု – ဂိုဏ်းချုပ်ပေါ့။ ကြီးမေတို့ မောင်နှမကို ဆေးတော်ထိုး
ပေးခဲ့တာ ငယ်ငယ်ကတည်းကပဲ။
အရွယ်ရောက်လာတော့ ဒီရွာသား မင်းတို့ဘကြီး ဦးဖိုးလုံးနဲ့ အိမ်ထောင်ကျပြီး အနှစ် (၃၀) လောက်အထိ တို့အဘိုးရဲ့ လမ်းစဉ်အတိုင်း ဆေးကုပေးတယ်၊ ပယောဂ ကူပေးတယ်။
“ဒါဆို – ကြီးမေက ဒီရွာမှာ တော်တော်ကြာအောင်ရှိနေခဲ့တာပေါ့နော်”
“ဟုတ်တယ် – ဒါကြောင့် ဒီရွာက ပညာရှင်တွေမပြောနဲ့၊ အနီးအနားကရွာ တွေဖြစ်တဲ့ “မင်းလင်းရွာ၊ ဝင်္ကပါရွာ၊ ရေဖြူရွာ ရှောက်ရင်းရွာ”အစရှိတဲ့ရွာတွေက ပညာသည်တွေနဲ့ အားပြိုင်ပြီး အနိုင်ရလို့ ဆရာမတစ်ဆူအဖြစ်နဲ့ နေလာခဲ့ရတာ။ ဒါကြောင့် လူပြုစားခံရတဲ့ လူမမာတစ်ယောက် ရောက်လာရင် အနေအထားနဲ့ ပုံစံကိုအကဲခတ်ရုံနဲ့ ဒါ ဘယ်သူ့လက်ချက်ဆိုတာ သေချာသလောက် ခန့်မှန်းနိုင်တယ်”
“ဟာ ဒါဆိုကြီးမေက တော်တော် တတ်တာပဲ။ ကြီးမေ ထိုးထားတဲ့ ဆေးတော်က ဘာဂိုဏ်းလဲဟင်”
“အဲဒါတော့ ကြီးမေလည်းမသိဘူးကွဲ့ …အဘိုး ထိုးပေးထားခဲ့တာ၊ အင်း …ကြီးမေအထင်တော့ အကာအကွယ် တစ်ခုအနေနဲ့ပဲ ထိုးပေးခဲ့တာ ထင်ပါတယ်”
“ဒါဖြင့် -ကြီးမဆေးကုတာက ဘာအစွမ်းနဲ့ ကုတာလဲ-ကြီး”
“အနောက်မယ်တော်ကြီးလေးပါးရဲ့စောင့်ရှောက်မှုနဲ့ အိပ်မက်အရ ကုသတာပဲ။ အစတုန်းကတော့ ကိုယ့်ဟာ ကိုယ်တောင် မယုံဘူး။ နောက်တော့ လည်းအတွေ့အကြုံများလာတော့လုပ် တတ်ကိုင်တတ်သွားတာပါပဲ”
“ဒီလိုဆိုရင် ကြီးမေက အတော် စွမ်းတာပဲ။ အားလုံးကို မြင်နိုင်ကြားနိုင် ဆိုတော့ မြို့တက်ပြီး ဗေဒင်သာဟောလိုက်ရင် ပွပြီ”
ကြီးမေက ပျာပျာသလဲ လက်ကာလိုက်ပြီး
“အမလေး- မောင်မင်းကြီးသား ရယ်၊ မလုပ်ပါနဲ့၊ ကြီးမေက အကြား အမြင်ရတဲ့သူလည်းမဟုတ်ပါဘူး။ သရဲ တစ္ဆေလည်းမွေးပြီး ခိုင်းမစားပါဘူး”
ကျွန်တော်ကအနည်းငယ်စဉ်းစားလိုက်ပြီး..
“ဘာပဲပြောပြော ကြီးမေကိုတော့ အားလုံးက ကြောက်ကြတယ် မဟုတ်လား”
“အေး … ဒါကတော့ ကိုယ့်ဘက်က လုံအောင်နေလို့ဟေ့၊ မဟုတ်လို့ ကတော့”
ကြီးမေသည် စကားကို ရပ်လိုက် ပြီး စားပွဲခုံပေါ်တွင် လက်ဖက်လေးပွဲ၊ ဆေးပေါ့လိပ်လိပ်ကြီးလေးလိပ်နှင့် ရေ (၄)ခွက်ကို ပြင်ဆင်၍ အမွှေးတိုင် ဖယောင်းတိုင်များထွန်းညှိလေသည်။ ထို့နောက် ဘုရားဦးသုံးခါချ၍ –
“သမီးတော်အားစောင့်ရှောက်ပေး ကြပါသော မယ်တော်ကြီးလေးပါးအား ဦးထိပ်ထားပါသည်။ ဗုဒ္ဓ၏ သမီးတော်ဖြစ်သောကျွန်တော်မျိုးအားကူညီရန်ဤအိမ်သို့ယခုပင် ကြွမြန်းတော်မူကြပါ ရိုသေစွာဖြင့် ပင့်ဖိတ်အပ်ပါသည်။ မယ်တော်ကြီးများရှင်..”
ထိုသို့ ဆိုပြီးနောက် ကြီးမေက ကျွန်တော့်အား
“ကိုလင်း – – – သား မြင်ချင်တဲ့ စုန်းမကို ကြီးမေ လှမ်းခေါ်တော့မှာ။ စုန်းမဆို တာ ဘယ်လိုပုံစံလည်းသိအောင် သေချာသာကြည့်ထားပေတော့”
ကြီးမေစကားကြောင့် ကျွန်တော်၏ ရင်တွေအခုန်မြန်သွားမိသည်။ ရုပ်ရှင် တွေ၊ဇာတ်ပွဲတွေမှာ တွေ့ဖူးထားတဲ့ ရုပ်ထိုးထိုးသွားခေါခေါမျက်နှာကြီးကမည်းနေပြီး ပုံဆိုးပုံပျက်နှင့်ကြောက်စရာကြီး ရှိမှာပဲဟုတွေးလိုက်မိသည်။
ကြီးမေသည် ကန်တော့ပွဲဇလုံ အတွင်းသို့ ဆန်တစ်ပြည်နှင့် ကွမ်းယာလက်ဖက်ကိုထည့်၍ မယ်တော်လေးပါးအတွက် ပြင်ထားသော စားပွဲခုံရှေ့တွင်တဘက်စောင်ကို သေချာပေါက်၍ ခင်းလိုက်ပြီးနောက် ကန်တော့ပွဲကို တင်ကျုံ့ကျုံ့လေးထိုင်ပြီး လက်အုပ်ချီထားလိုက်၏။
“မှန်လှပါ – မယ်တော်ကြီးများရဲ့ အစွမ်းထက်လှသော အာဏာစက်ကို သမီးတော်အားခေတ္တခဏပေးသနား၍ အသုံးချခွင့်ပြုပါ မယ်တော်ကြီးများရှင်”
စကားဆုံးသည်နှင့်ကြီး၏ ခန္ဓာ ကိုယ်မှာ ဆတ်ခနဲလှုပ်သွားပြီး ပုံမှန်မဟုတ်သောအသံဖြင့်…
“ဟိတ် – တောင်ဘက် အနောက်ထောင့်မှာနေတဲ့ သောကြာသမီး အခု ချက်ချင်း ငါ့အိမ်၊ ငါ့အရိပ်၊ ငါ့ရှေ့ရှိရာကိုလာခဲ့စမ်း”
ထိုသို့ ပြောပြီးသည်နှင့် ကြီးမေ သည် ဦးချလိုက်၏။ ထို့နောက် ရေတစ် ခွက်ခပ်၍ သောက်လိုက်ပြီး…
“ကိုလင်းရေ – ကြီးမေတို့ ထမင်း စားကြရအောင်ကွယ်၊ မင်းညီ သာဒင်လည်း ယာထဲကပြန်လာပြီ။ အိမ်ရှေ့မှာ လှည်းဖြုတ်သံကြားတယ်”
မှန်ပါသည်။ ကြီးမေ၏ စကားပင် မဆုံးသေးပါ။ သာဒင်သည် အိမ်ထဲသို့ဝင်လာ၏။
“ကဲ-ခဏနေကြဦး၊ကြီးမေထမင်းပွဲ ပြင်လိုက်ဦးမယ်”
ဟုဆိုကာ မီးဖိုထဲသို့ ဝင်သွားလေတော့သည်။ ကြီးမေ မရှိသည်နှင့် ကျွန်တော်သည် သာဒင်အာ၊ လက်တို့၍ လေသံတိုးတိုးဖြင့် ….
“ဟေ့ကောင် – သာဒင်လာဦး ငါပြောစရာရှိလို့”
သာဒင်က အနားကပ်လာပြီး ဘာလဲဆိုသည့်သဘောဖြင့် မေးငေါ့ပြရာ
ကျွန်တော်က ကြီးမေပြင်ဆင်ထားသောအရာများကို လက်ညိုးထိုးပြ၍ ပြောရန်ဟန်ပြင်လိုက်စဉ်..
“ဪ … ဒါလားအစ်ကိုရာ၊ ဘာမှ အထူးအဆန်းမဟုတ်ပါဘူး။ ကျွန်တော်ကတော့ ရိုးနေပြီ၊ လာ-လာထမင်းစာကြစို့”
“ဪ- ဟုတ်ပေသားပဲ၊ ဒီကောင့် အတွက်ကတော့ ရိုးဧနေပြီပေါ့” ဟု စိတ် ထဲမှတွေးလိုက်မိပါသည်။
“စောစောတုန်းက ကြီးမေရယ် အခုလာခဲ့ဆိုပြီး ခေါ်လိုက်တဲ့သူလည်း ရောက်မလာပါဘူး။ ဘယ်တော့လာမှာ လဲမသိဘူး”ဟုတွေးလိုက်သည်။မကြာမီ စားသောက်ပြီးစီးကြ၍ ရေနွေးကြမ်းသောက်ရင်းဖြင့် ကြီးမေက
“ကိုလင်း- သားအတွက်တော့ နည်းနည်းထူးဆန်းနေမှာပေါ့၊ ဒီဒေသ မှာကအမြဲတမ်းလိုလိုဖြစ်နေကြအဖြစ်အပျက်ပဲ ။ သိပ်မကြာပါဘူး။ ခဏနေရင် ပညာရှင်တစ်ယောက် ရောက်လာလိမ့် မယ်၊ သူကနည်းနည်းဝေးတော့ နောက်ကျနေတာပေါ့”
“ကြီးမေ – သူ ရောက်လာရင် ကြီးမေက ဘာလုပ်မှာလဲဟင်”
“ဘာလုပ်ရမှာလဲ – ကိုလင်းရဲ့ …သူတို့ကို နားထောင်အောင် ဆုံးမရမှာပေါ့
“အင်း-ကြီးမေက သူတို့လောကအတွက်တော့ လူကြီးတစ်ယောက်လိုဖြစ်နေတာပေါ့နော်။ တကယ်လို့များ တစ်ယောက်ယောက်က နားမထောင် ဘဲကြီးမေအပေါ်မှာ အငြိုးထားပြီး ပြုစားလိုက်ရင် ခက်ဦးမယ်”
“ဒါတော့- စိတ်မပူပါနဲ့ အစ်ကိုရာ၊ သူတို့က တစ်ခုခုလုပ်တော့မယ်ဆိုရင် စမ်းသပ်ပြီးမှ လုပ်တတ်ကြတာ၊ သူ့တို့ ကမနိုင်လောက်ရင် ဘာမှမလုပ်ဘူး” သာဒင်သည်စကားကိုအဆုံးသတ် ပြီးအိမ်ရှေ့သို့ထွက်သွားလေတော့၏။
ကြီးမေသည် ရေနွေးငွေ့ရင်း….
“ကိုလင်းတို့အဖေက အင်မတန်သတ္တိရှိတာ၊ စကားပြောရင်လည်း ပြတ်သားတယ်၊ ဘာမှလည်း အကြောက်အလန့်မရှိသလို ဘုရား တရား သံဃာ မိဘ ဆရာ ဆိုတာကလွဲရင် ဘာမှ မကိုးကွယ်ဘူး။ ဘယ်ဟာမူလည်း မယုံဘူး ဆိုတဲ့လူ့ဂွစာ။ ဒီရွာကို သူက အဆင့် အတန်းရှိအောင် မြို့နဲ့ အဆက်အသွယ် ရအောင်သူပဲကြိုးပမ်းခဲ့တာ။ ဗမာစကား ကို ကောင်းကောင်းနားမလည်တဲ့ ချင်း တွေကို မျက်နှာဝတ္ထု(ရဲ)မင်ကြောင် မထိုးရ။ နောင်လာမယ့်သားသမီးတွေ အပေါ်တစ်ပိုင်းပြတ်( သင်တိုင်း)ချင်း ဝတ်စုံမဝတ်ရဆိုပြီးပြုပြင်ခဲ့တာ။
စာသင်ကျောင်း၊ ဆေးခန်း၊ ဘုန်းကြီးကျောင်းတွေလည်း သူပဲ ဦးဆောင်ပြီးဆောက်လုပ်ခဲ့တာ။ အဲဒီအချိန်တုန်းက ကြီးမေတို့ မောင်နှမနှစ်ယောက်လည်း မိဘတွေ ဆုံးပါးသွားလို့ ဒုက္ခရောက်နေချိန်မှာ ဆရာကကူညီထောက်ပံ့ခဲ့တယ်။ နောက်တော့ အစ်ကိုကြီးက မင်းလွင်ရွာသူနဲ့အိမ်ထောင်ကျပြီးလိုက်သွားရပါလေရာ၊ ဒီတော့ ကြီးမေလည်း ဒီရွာသားဖြစ်တဲ့ ကိုဖိုးလုံးနဲ့ယူပြီး သားသမီးရသည်အထိပဲ ဆိုပါတော့”
“ဪ…ဒါဆိုရင်ကျွန်တော့်အဖေက ဒီရွာကို တိုးတက်အောင် ရှေ့ဆောင် လမ်းပြခဲ့တဲ့သူပေါ့နော်”
“အမှန်ပေါ့ကွယ် – သူ့ကြောင့်သာ မဟုတ်ရင် စာသင်ကျောင်းတို့ ကျန်းမာရေးဆေးခန်းတို့ ဆိုတာတွေ ဘယ်ရှိမှာတုန်း ၊ နောက်ပြီး- အခုရွာနဲ့မြို့ကိုသွားတဲ့ လှည်းလမ်းကို သူကပဲ ဦးဆောင်ပြီးဖောက်ခဲ့လို့ အခုလို ကားတောင် မောင်းလို့ရတော့မယ်။ ဒါကြောင့်- ဘာပဲပြောပြော ကိုလင်းအဖေဟာ ကြီးမေတို့အားလုံးအပေါ်မှာ ကျေးဇူးရှိတဲ့ ကျေးဇူးရှင်ပါပဲကွယ်၊ ဒါကြောင့် -ကိုလင်းရွာကို အလည်လာခိုက်မှာ ဘာအန္တရာယ်မှ မဖြစ်ရလေအောင် ကြီးမေက ဂရုစိုက်နေတာပေါ့”
ကျွန်တော်သည် ကြီးမေ၏ စကားကို နားထောင်ပြီး အဖေ့ကိုလည်း သတိရသလိုလေးလည်း လေးစားမိပါသည်။
အဖ၏ အမြော်အမြင်ရှိမှုကြောင့် ယခု လူငယ်လူရွယ်များမှာ ရိုင်းစိုင်းစွာ ဝတ်စားဆင်ယင်မှုမရှိကြတော့ဘဲ အားလုံးယဉ်ကျေးသိမ်မွေ့နေကြပြီ။
“အစုချိန်မှာ အဖေသာရှိရင် သိပ်ကောင်းမှာပဲ”ဟု တွေးလိုက်မိသည်။
ထိုစဉ်အိမ်ရှေ့မှ အမျိုးသမီးတစ် ယောက်ဝင်လာပြီး ကြီးမေ၏ ရှေ့သို့ရောက်လာသည်နှင့် ဆောင့်ကြောင့်
လေးထိုင်ချကာ
“ဂိုး-မောတယ်ငွေ၊ အမြန်လာခဲ့ဦးမယ်”
တာပဲဘီ၊ ရေတစ်ခွက်လောက်သောက်ဟုဆိုလေ၏။ ( ချင်းဘာသာစကား
ဖြင့်)ပြောခြင်းဖြစ်သည်။ သာဒင်က အနားရောက်လာပြီး ရင်းဘာသာဖြင့် ဘာတွေပြောမှန်းမသိအောင်ပြောရင်း စပ်ပြီးပြီးဖြင့် ရေခပ်ပေးလေသည်။
ကျွန်တော်သည်ရောက်လာသူကို အကဲခတ်ကြည့်လိုက်ရာအသက် (၄ဝ) ကျော်ရှိပြီး မျက်နှာတစ်ပြင်လုံးတွင် ပရဲ(ဆေးမင်)ထိုးထား၏။ ရိုးရာဝတ်စုံကိုဝတ်ထားသည်။ ရုပ်ရှင်တွေကလို ခေါင်းမွေ၊စုတ် ဖွား သွားကြဲကြဲ ဝါးကိုင်းကိုင်းနှင့် ပုံစံမျိုး မဟုတ်ပါ။ မျက်နှာကြီးတစ်ခုလုံး မည်းနေတာမှအပ အားလုံးပုံမှန်ပင်ဖြစ်သည်။ ကြီးမေသည် ထိုအမျိုးသမီးကြီးအား ဘုရားကျောင်းဆောင်ရှေ့သို့ ခေါ် သွားပြီးပွဲပြင်ထားရာ စားပွဲရှေ့တွင်ထိုင်စေ၏။ သူမ၏ ရှေ့တည့်တည့်တွင် ကန်တော့ပွဲဇလုံ ရှိနေ၏။
ကြီးမက သူမ၏ ဘေးတစောင်းအနေအထားဖြင့် သူမအားကြည့်၍
“နင်တို့တစ်တွေ မသင့်မြတ်တာနဲ့ မဆိုင်တဲ့သူတွေ ထိခိုက်လိမ့်မယ်။ မေတ္တာထားပြီး လုပ်ထားတာတွေ ပြန်သိမ်းပြီး စိတ်ကိုလျှော့”
ထိုအမျိုးသမီးကြီးက ဘာတွေပြောမှန်း ကျွန်တော် မသိရပေမဲ့ သာဒင် ကတော့ တခိခိနှင့် ပါးစပ်ပိတ်၍ ရယ်လေသည်။
ကျွန်တော်လည်း သာဒင်အားလက်တို့၍ လေသံတိုးတိုးဖြင့်မေးလိုက်သည်။
“မင်းက ဘာလို့ ရယ်နေတာလဲ၊
သူက ဘာတွေပြောလိုက်လို့လဲ”
သာဒင်သည်ကျွန်တော်နားနားသို့ကပ်၍ …
“သူ့ ရည်စားကို ရသွားလို့တဲ့ အစ်ကိုရဲ့။ အံ့ရော- ဒီအသက်အရွယ် ကျမှ – အဟီးဟီး”
သာဒင်မှာ စကားတောင်ဆုံးအောင်မပြောနိုင်ဘဲ ရယ်နေပြန်သည်။
“အဟမ်း”
ကြီးမေက သာဒင်ကို မျက်စောင်း ထိုး၍ ချောင်းဟန့်လိုက်သည်။ သာဒင် လည်းမျက်နှာပိုးသတ်ကာငြိမ်သွားလေ၏။ ကြီးမေက ဆက်၍ ထိုအမျိုးသမီးကြီးအား
“ဒါတွေ ပြောမနေနဲ့တော့၊ ငါပြောတဲ့အတိုင်းနားထောင် ၊ စိတ်ကိုလျှော့ပြီး လုပ်ထားတာတွေပြန်သိမ်း”
“အင်းပါ- သိမ်းပြီးပါပြီ”
“ငါ့စကားကို နားမထောင်လို့ကတော့ နေမဝင်ခင် သေသွားလိမ့်မယ်နော်၊ ငါ့ကို ညာသလား မညာဘူးလား ဆိုတာ သိရအောင် ကန်တော့ပွဲကို မချီလိုက်။ ဒါမှ … ငါယုံမယ်”
“အေး-ပါးစပ်ကပဲ ပြောမနေနဲ့၊ လက်တွေ့ပြမှရမယ်။ ဒီကန်တော့ပွဲကို အပေါ်ကိုကြွအောင် မနိုင်ရင် နင်ပြန်လို့ရပြီ။ ကြီးမေ၏ စပ်ဆတ်ဆတ်အပြောကြောင့် ထိုအမျိုးသမီးကြီးသည်အနည်း ငယ်လန့်သွားဟန်ရှိသည်။ ကန်တော့ပွဲ နားသို့ အနည်းငယ်တိုးကပ်၍ လက်နှစ် ဖက်ဖြင့် ဆွဲမလေသည်။ အံ့ဩစရာကောင်လောက်ပင် ထူးဆန်းလှပေသည်။ ကန်တော့ပွဲကို အားဖြင့် ဆွဲမသော်လည်းထိုကန်တော့ ပွဲမှာ တုပ်တုပ်မျှမလှုပ်ပေ၊
အချိန်အတော်ကြာသည်အထိ နေသော်လည်း မရနိုင်ဘဲ ရှိနေ၏။ ကျွန် တော်သည် သေချာစေ့စေ့စပ်စပ် အောက်သို့ငုံ့၍ကြည့်လိုက်၏။
ကန်တော့ပွဲဇလုံ၏ အောက်တွင် ခင်းထားသောတစ်ဘက်စောင်အခေါက်သည် ဇလုံ၏ဖင်တွင် ကပ်၍ပါနေသလိုအားစိုက်၍ မလိုက်တိုင်း ခင်းထားသောဖျာပင်လျှင် အနည်းငယ်ကြွကြွသွားသည်ကိုတွေ့လိုက်ရလေသည်။
ကျွန်တော်က သာဒင်အား …
“အဲဒါ-
ဘယ်လိုဖြစ်နေတာလဲ သာဒင်၊ ဘာလို့ ကန်တော့ပွဲက မလို့မရတာပဲကွ၊
“အစ်ကို နားလည်အောင် ရှင်းပြ ရရင် သူ့ကို စိတ်လျှော့ခိုင်းနေတာ၊ သူ စိတ်မလျှော့မချင်း ဒီကန်တော့ပွဲက မလို့ ရမှာမဟုတ်ဘူ။ ဒါဆိုရင် အမေ
ကလည်းသူ့ကိုလွှတ်ပေးမှာမဟုတ်ဘူး။
အစ်ကိုမြင်ဖူးတယ်ရှိအောင် သေချာကြည့်ထား”
“ငါရော စမ်းပြီး မကြည့်လို့ မရဘူးလားကွ”
ကျွန်တော့်စကားကို ကြီးမေက ကြားသွားပြီး ကျွန်တော့်ဘက် လှည့်ကာ
“မချင်ရင် မကြည့်လေ-ကိုလင်း၊ ကြုံဖူးသွားတာပေါ့”
ကြီးမေက ထိုသို့ ခွင့်ပြုသည်နှင့် ကျွန်တော်လည်း ကန်တော့ပွဲအနီးသို့ သွား၍ ဆောင့်ကြောင့်ထိုင်ကာ စိတ်ထဲ
“ဘာလို့မရရမှာလဲ ဆန်တစ်ပြည်လောက်ပဲရှိတဲ့ဟာကို”ဟုပြောကာ
ဆတ်ခနဲ ဆွဲမလိုက်လေသည်။
“ဟင်-ကံဟာ”
ကန်တော့ပွဲက ကြွ၍ ပါမလာဘဲ အမှန်တကယ်ပင် လူတစ်ယောက်မက တက်ဖိထားသလို လေးလံလှပေသည်။
ကျွန်တော်လုံးဝ လက်မခံနိုင်သေးပါ။ ထပ်၍မကြည့်၏။ မရပေ။ ဘယ်လိုပဲ မမ၊ မရတော့သဖြင့် လက်လျှော့ကာ
နောက်ဆုတ်၍ အိမ်တိုင်ကိုသာမှီ၍ထိုင် နေလိုက်တော့သည်၊
ဆန်းကြယ်လှသော ပညာရပ်များကိုတအံ့တဩရှိနေပါသည်။ လောကတွင် ထိုပညာရပ်များကို တတ်မြောက် ထားသူ ဘယ်လောက်တောင် ရှိနေလဲ ကြသလဲဆိုတာမခန့်မှန်းတတ်ပါ။
ကျွန်တော် စဉ်းစားတွေးတောနေစဉ် ကြီးမေက ချင်းအမျိုးသမီးကြီးအား
“နင့်အတွက် အချိန်မရှိတော့ဘူး။ နင်စိတ်မလျှော့ရင် မယ်တော်ကြီးတွေရဲ့အစောင့်အရှောက်တွေက နှင့်ကို နှိပ်စက်ပြီး ဒဏ်ပေးကြတော့မယ်။ငါ့စကား ကိုနားထောင်ပြီး အေးအေးချမ်းချမ်းနေပေါ့”
ကြီးမေက ထိုသို့ ပြောလိုက်သောအခါ ၎င်းချင်းအမျိုးသမီးကြီးလည်း မျက်နှာကိုလက်နှစ်ဖက်အုပ်၍ ကန်တော့ပွဲကို မလိုက်လေ၏။
ဒီတစ်ခါတော့ ကန်တော့ပွဲမှာ အသာလေးပင် ပါလာလေသည်။ သုံးကြိမ်ခန့်အထိ ကန်တော့ပွဲကို မလိုက် ချလိုက် လုပ်ပြီးနောက် သက်ပြင်းချကာ ကြီးမေနှင့်အတူ စကားတွေ ပြောနေတော့သည်။ ကျွန်တော်၏စိတ်ထဲတွင်
“ဪ- သူ စိတ်လျှော့လိုက် လို့ကိစ္စပြီးသွားပြီပဲ”ဟု တွေးလိုက်၏။ ထို့နောက်ထိုအမျိုးသမီးကြီးသည် ကြီးမေကို နှုတ်ဆက်၍ ပြန်ရန်ပြင်လေ ၏။ အိမ်အဝရောက်သောအခါနောက် သို့လှည်ကြည့်ပြီးကျွန်တော့်အား …
“ဪ-ဟုတ်ကဲ့”
“သူက ဘာတွေပြောပုန်းမသိပေမဲ့ နှုတ်ဆက်တာပဲနေမှာဟုတွေး၍ ကျွန်တော်လည်း ပေါင်းတညိတ်ညိတ်ဖြင့် ပြုံး၍ နှုတ်ဆက်လိုက်ပါသည်။ သို့ဖြင့် ထိုအမျိုးသမီးကြီးလည်း ပြန်သွားလေတော့၏၊ ထို့နောက် ကျွန်တော်၏ စိတ်ထဲတွင် ငါ စုန်းမနဲ့ စကား ပြောလိုက်ရတာပါလား” ဟု တွေးမိကာ ကျောချမ်းသွားမိလေသည်။ စောစောက ဘာမှ သတိမထားမိပေမဲ့ အခုမှတွေး၍ ကြောက်မိလေသည်။ စောစော က ဘာမှ သတိမထားမိပေမဲ့ အခုမှ တွေး၍ ကြောက်သလိုလို၊ ရွံ့သလိုလို ဖြစ်လာလေသည်။ ကြီးမေက ပစ္စည်း များ သိမ်းရင်း …
“ကိုလင်းကတော့ အတွေ့အကြုံ တစ်ခုရသွားတာပေါ့၊ ဒါက သာမန်ကိစ္စလေးတွေပဲရှိသေးတာ၊ တစ်ခါတလေ ပွဲကြမ်းရတာတွေလည်း ရှိသေးတယ်”
ကြီးကြီးစကားကြောင့် ကျွန်တော်သည်လက်ကာပြ၍ …
“တော်ပါပြီ-ကြီးမေရယ်၊ နောက်ဆိုရင် ဒီရွာလည်း မလာရဲတော့ပါဘူး”
“အဟင်းဟင်း – ဘာဖြစ်လို့လဲကွဲ့၊ ကြီးမေတစ်ယောက်လုံးရှိနေတာပဲ၊ ဘာမှမဖြစ်ပါဘူး”
ကျွန်တော်က ခေါင်းခါ၍ …
“ဒါပေမဲ့ ကြောက်စရာကြီး”
“အင်း- ကိုလင်းကို ကြီး စကားနည်းနည်းတော့ ပြောဦးမယ်၊ အဲဒါကဘာလဲဆိုတော့ စုန်းတွေ ဆိုတာကြောက်စရာ ရွံ့စရာမဟုတ်ဘူးကွဲ့၊
သူတို့အကြောင်း သူတို့ စိတ်ခံစားချက်ကိုမသိတဲ့သူတွေသာ စုန်းဆိုတာနဲ့ ဇွတ်ကြောက်နေကြတာ၊ သူတို့အကြောင်းကိုသာသိရင် တကယ်ခင်ဖို့ကောင်းတယ်”
“ကြီးမေရယ် -ကြီးမေလို သူတို့ အပေါ်မှာ ဩဇာညောင်တဲ့သူအဖို့တော့ကတာ့ ဟုတ်တာပေါ့၊ ကျွန်တော်တို့လို သာမန်လူတွေအဖို့တော့ အန္တရာယ်ရှိတယ်မဟုတ်လား”
ကျွန်တော့်စကားကို နားထောင်ပြီး ကြီးမေက …
“ကဲ … ဒါဆိုရင် ကိုလင်းကို ကြီးမေ တစ်ခုမေးမယ်၊ သားတို့သာမန်လူတွေ ရဲ့ ပေါင်းသင်းဆက်ဆံရေးနယ်ပယ်မှာ လူတစ်ဦးတစ်ယောက်ကို မခံရင်အောင် စမိနောက်မိပြောင်မိတာတွေရှိလား”
“ရှိတာပေါ့ -ကြီးမေရဲ့.. အဲလိုဆိုရင် ရန်ဖြစ်တာတို့ စကားများတာတို့ မရှိဘူးလား”
“ဟာ-ရှိတာပေါ့၊ တစ်ခါတလေ ဆိုရင် တုတ်ဆွဲ ဓားဆွဲနဲ့တောင် ဖြစ်ကြသေးတာ”
“အဲဒီလိုပြဿနာတွေမဖြစ်အောင် ဘာလုပ်ရမလဲ”
“အင်း -တည့်အောင် ပေါင်းရမှာပေါ့၊ ဒါမှ ချစ်စကိုရှည်စေ၊ မုန်းစကိုတိုစေ ဆိုသလို သင့်မြတ်ကြမယ်လေ”
“အင်း- ဒါကိုတော့ ကိုလင်းက နားလည်သားပဲ၊ ကြီးမေပြောချင်တာက လည်းဒါပါပဲ။ တကယ်တော့ စုန်းပညာတတ်လာတဲ့ သူတွေဟာသူတို့စုန်းဘယ်သူ့ကိုမှ မသိစေချင်ဘူး၊ သိသွားရင် ပတ်ဝန်းကျင်က ဝိုင်းပယ်တာကိုလည်း ခံရမယ်။ လူတွေနဲ့ ဆက်ဆံရမှာလည်းအခက်တွေ့မယ်။ ဒါဆိုရင် သူတို့အတွက်စားဝတ်နေရေးခက်ခဲသွားမယ်လေ၊ စုန်းမမှန်းသိလို့ အပြစ်တင်ကြ၊ ငြိုငြင်ကြတဲ့အခါ သူတို့တစ်တွေလည်း
လောကီလူသားပေမို့ ဒေါသတော့ထွက်တာပေါ့။ ဒီပညာကြောင့် လူတစ်ယောက်ကို ပြုစားပီပြီဆိုတာနဲ့ သူဟာ တစ်လမ်း
သွားလို့ပဲ။ သေချာပေါက် ငရဲပဲ ရောက်တော့မှာ ပြန်လမ်းမရှိဘူး။ ဒါကြောင့် အလကားနေရင်းနဲ့တော့ ဘယ်သူမှဒုက္ခမရှာကြပါဘူး”
ကြီးမေသည် ရှည်လျားစွာပြောပြီးနောက် ပစ္စည်းများကိုသိမ်း၍ မီးဖိုထဲသို့ ဝင်သွားလေတော့သည်။ ကြီးမေ၏ စကားကြောင့် အခုပင် စုန်းမများ၏ ဘဝကို နားလည်မိပါတော့သည်။
ကိုယ်တွေ့ကြုံတွေ့ခဲ့ရသော(စုန်း) များအကြောင်းပြန်ပြောပြခဲ့သော ပွင့်ဖြူမြို့၊ အလင်းရောင်ဓာတ်ပုံတိုက်ပိုင်ရှင် ( ဦး စိုးလင်း) လ,ဝက ငြိမ်းအား ကျေးဇူးတင်လျက် …
သဗ္ဗေအနိစ္စ သင်္ခါရာရ…
မကွေးညိုစိမ့်
#jdbkx.net #စုန်းရွာသို့အလည်တစ်ခေါက် #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames
Thank you for the auspicious writeup It in fact was a amusement account it Look advanced to far added agreeable from you However how can we communicate
Somebody essentially lend a hand to make significantly articles Id state That is the very first time I frequented your website page and up to now I surprised with the research you made to make this actual submit amazing Wonderful task
Nice blog here Also your site loads up very fast What host are you using Can I get your affiliate link to your host I wish my site loaded up as quickly as yours lol
Thanks I have just been looking for information about this subject for a long time and yours is the best Ive discovered till now However what in regards to the bottom line Are you certain in regards to the supply
Somebody essentially lend a hand to make significantly articles Id state That is the very first time I frequented your website page and up to now I surprised with the research you made to make this actual submit amazing Wonderful task
Naturally like your web site however you need to take a look at the spelling on several of your posts. A number of them are rife with spelling problems and I find it very bothersome to tell the truth on the other hand I will surely come again again.
Good post! We will be linking to this particularly great post on our site. Keep up the great writing.
Hey, I’m Jack. Your blog is a game-changer! The content is insightful, well-researched, and always relevant. Great job!
The words are like seeds, planting ideas that blossom into understanding and appreciation.
I appreciate the unique viewpoints you bring to The writing. Very insightful!
I learned a lot, and now I’m curious about what else you could teach me. The intelligence is as captivating as The prose.
Handling topics with grace and authority, like a professor, but without the monotone lectures.
Always learning something new here, because apparently, I didn’t pay enough attention in school.
The knack for making hard to understand concepts readable is something I greatly admire.
The writing is a masterpiece. You managed to cover every aspect with such finesse.
The Writing is like a trusted compass, always pointing me in the direction of enlightenment.
The writing style is captivating. Finally, something that can keep my attention longer than a TikTok video.
What a refreshing take on this subject. I completely agree with The points!
Bookmarking this! The practical advice is something I’ll definitely be coming back to.
This post is packed with insights, each one a gentle nudge to my intellect and curiosity.
Unique perspective? Check. Making me rethink my life choices? Double-check.
Thank you for consistently producing such high-high quality content.
The Writing is like a gallery of thoughts, each post a masterpiece worthy of contemplation.
The post resonated with me on many levels. Thank you for writing it!
The peace I feel at Charlotte Dog Park while my dog plays is pure bliss—best spot ever!