
မနုစာရီ – အပိုင်း ( ၁၀ )
* * * မနုစာရီ * * * ( ၁၀ ) မနုစာရီ၏ မနုစာရီ ကြာတော့ ကြာခဲ့ပါပြီလေ။ မောင်တော် အတိတျာနှင့် မနုစာရီတို့ရဲ့ အဖြစ်အပျက်ဟာ ကြာခဲ့ပါပြီ။ ဟိုးပဝေသဏီ အတိတေကာလလောက်ကဟုသာ မနုစာရီ ကိုယ်တိုင်က မရေမရာ ဆိုချင်ပုံရသည်။
အားကစားသတင်း | ရုပ်ရှင်အညွှန်း | စာအုပ်စင် | ဝတ္ထုတို
* * * မနုစာရီ * * * ( ၁၀ ) မနုစာရီ၏ မနုစာရီ ကြာတော့ ကြာခဲ့ပါပြီလေ။ မောင်တော် အတိတျာနှင့် မနုစာရီတို့ရဲ့ အဖြစ်အပျက်ဟာ ကြာခဲ့ပါပြီ။ ဟိုးပဝေသဏီ အတိတေကာလလောက်ကဟုသာ မနုစာရီ ကိုယ်တိုင်က မရေမရာ ဆိုချင်ပုံရသည်။
* * * မနုစာရီ * * * ( ၉ ) ကျွန်ုပ်သည် မကျေနပ်သဖြင့် နောက်တစ်ခါခပ်၍ကြည့်ပြန်ရာ ရေချိုဖြစ်နေပြန်၏။ ကျွန်ုပ်သည် တစ်ခွက်ပြီးတစ်ခွက်ခပ်၍ ငုံကြည့်လိုက် ထွေးထုတ်လိုက်နှင့် ရေ၏အကြောင်းကို စူးစမ်းနေစဉ် အသက်၃၀-ကျော်ခန့် လူတစ်ဦးရောက်လာပြီးနောက် ချောင်းဘေးကမြေအနည်းငယ်ကို သံပြားငယ်တစ်ခုနှင့်တူးယူ၍ အနီး၌ပေါက်နေသော ပိန်းရွက်တစ်ရွက်နှင့် ထုပ်လိုက်ပြီးနောက် လွယ်အိတ်တွင်းသို့ ထည့်လိုက်သည်။
* * * မနုစာရီ * * *( ၈ ) ကျွန်ုပ်နှင့် မိုးကြိုးအိုးကလေး( ၁ ) ကျွန်ုပ်သည် လက်ဖတင်နင် နန်းဝေကို လည်းကောင်း၊ တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင်ကို လည်းကောင်း၊ သူတို့ နှစ်ဦးနှင့်ပတ်သက်သော မနုစာရီကို လည်းကောင်း လုံးဝအမှတ်ရခြင်း မရှိတော့ပါ။
* * * မနုစာရီ * * * ( ၇ ) တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင်( ၂ ) နောက်တစ်နေ့ နံနက်တွင် ကျွန်ုပ်နှင့် ကိုလှမောင်အပြင် စပါးပွဲစား ဦးသူတော်နှင့် ၎င်း၏တူ မောင်ကျော်စိန်တို့ပါ စကုမြို့ အဝင် ညီအစ်မခုနစ်ဖော်ဘုရားအနီးရှိ မြေကွက်လပ်ကိုဝယ်ယူရန်အတွက် သွားရောက် ကြည့်ရှုတိုင်းထွာကြ၏။
* * * မနုစာရီ * * * ( ၆ ) တက္ကသိုလ်ကျောင်းသား မောင်ကျော်ခိုင် လက်ဖတင်နင် နန်းဝေကို လုံးဝလောက်ပင်မေ့ခဲ့ပြီး အချိန်မှာလည်း တစ်နှစ်ခန့် ကွာခြားခဲ့ပြီဖြစ်၏။ သို့ရာတွင် မနုစာရီကို ကျွန်ုပ်ပြန်လည်သတိရနိုင်ရန်အတွက် အကြောင်းတစ်ခုပေါ်လာပြန်၏။
* * * မနုစာရီ * * * ( ၅ ) ဂျေရာတံဆိပ်ကို ရှင်းပြနိုင်သော သူတော်စင် ကျွန်ုပ်သည် လက်ဖတင်နင် နန်းဝေ လက်ဖြတ်ခဲ့သော ကျောက်ဆည်မြို့မှ ကုလားမထံသို့ သွားရလေ၏။ ကျွန်ုပ်၏ စိတ်၌ “ဂျေရာ” ဆိုသောတံဆိပ်၏စွမ်းအင်ကို မရမနေ သိရှိအောင်ကြိုးစားမည်ဟု ဆုံးဖြတ်ထားသည်ဖြစ်ရာ ခြေရာခံ၍ ရသမျှသော သဲလွန်စ အသေးအဖွဲကလေးများပါမကျန် “ဂျေရာ”တံဆိပ်နှင့် ပတ်သက်လာလျှင် စုဆောင် သိမ်းဆည်းရလေ၏။
* * * မနုစာရီ * * * ( လေး ) ဂြိုဟ်မွှေတဲ့ဂျေရာ တစ်နေ့သ၌ ကျွန်ုပ်သည် ကျူရီယာဆိုင်၌ ကတ်တလောက်နှင့် ပစ္စည်းများကို လူပုလေးဝိုင်းမောင်နှင့်အတူ တိုက်ဆိုင်စစ်ဆေးလျက်ရှိ၏။ ဆိုင်တို့၏ သဘာဝအတိုင်း တစ်ခါတစ်ရံ ပစ္စည်းကအမှန်တကယ်ရှိပြီး ကတ်တလောက်ထဲ၌ ထိုပစ္စည်းကို ရေးသွင်းခြင်း မပြုမိသဖြင့် ရှာ၍မတွေ့ဘဲ ရှိတတ်၏။
* * * မနုစာရီ * * * ( ၃ ) ဗိုလ်နန်းဝေ ထူးဆန်းစွာပျောက်ဆုံးခြင်း တစ်နေ့သ၌ ကျွန်ုပ်သည် ဆိုင်ဖွင့်ပြီးနောက် လချုပ်စာရင်းများ ရေးသွင်းရန်ရှိသည်နှင့် ရေးသွင်းနေစဉ်၌ ကျွန်ုပ်ထံသို့ ကျွန်ုပ်၏မိတ်ဆွေ ကိုစိန်ရသည် အဖော်တစ်ယောက်နှင့်အတူ ရေးကြီးသုတ်ပြာနှင့် ရောက်လာလေတော့၏။