
ဘော်လွန်းဒီအော်ဆုရနိုင်ချေနဲ့ပတ်သက်ပြီး ထုတ်ဖော်ပြောကြားလာတဲ့ ဟာရစ္စတို
ဘာစီလိုနာဂန္ထဝင်ဟောင်း ဟာရစ္စတိုက လူငယ်ကစားသမား ယာမဲလ်ဟာ ဘော်လွန်းဒီအော်ဆုအတွက် ရေပန်းစားတယ်လို့ ချီးကျုးပြောကြားလိုက်ပြီး သူ့အနေနဲ့ ပီအက်စ်ဂျီစတားတွေနဲ့အားပြိုင်ရနိုင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဘာစီလိုနာဂန္ထဝင်ဟောင်းက ယာမဲလ်ဟာ ဘော်လွန်းဒီအော်ဆုရှင်ဖြစ်နိုင်တယ်လို့ ထောက်ခံခဲ့ပြီး တကယ်လို့ စပိန်သားရခဲ့မယ်ဆိုရင် သူ့အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ဆုသပ်သပ်ပေးမယ်လို့ ကြေညာလိုက်ပါတယ်။