PK မြန်မာစာတန်းထိုး ရုပ်ရှင်ဇာတ်ကား

PK

၂၀၁၄ ခုနှစ်အတွက် ကမ္ဘာ့ဝင်ငွေအကောင်းဆုံး ဇာတ်ကားတွေထဲမှာ နံပါတ် ၆၅ နေရာလိုက်ပြီး အိန္ဒိယမှာတော့ ခေတ်အဆက်အဆက် အတွက် ဝင်ငွေစံချိန်ချိုးခဲ့တဲ့ ဇာတ်ကားကောင်းဖြစ်ပါတယ်။ 3 idiots ကို အသက်သွင်းခဲ့တဲ့ ဒါရိုက်တာ ရချ်ကူမား ဟီရာနီ (Rajkumar Hirani) ရဲ့ ညွှန်ကြားမှုအောက်မှာ အကြောက်တရား လွှမ်းမိုးခံရတတ်ပြီး မစူးစမ်းမဆင်ခြင်ဘဲ လမ်းမှားလိုက်တတ်တဲ့ လူတွေရဲ့ သဘာဝကို ပေါ့ပေါ့ပါးပါးကလေး ကြည့်ရှုနိုင်ဖို့ စီစဉ်ထားတယ်လို့ဆိုရမှာပါ။ အမီးရ်ခန်းကတော့ ကမ္ဘာကို လေ့လာရေးထွက်လာတဲ့ ဂြိုလ်သားတစ်ဦး၊ သူ့အတွက်တော့ ကမ္ဘာပေါ်က အရာအားလုံးဟာ အံ့သြစရာတွေချည်း ဖြစ်နေတော့တာပါပဲ။ သူတို့ ဂြိုလ်ပေါ်က ဂြိုလ်သားတွေက ဘာသာစကားပြောဆိုကြတာမျိုးမဟုတ်ဘဲ စိတ်နဲ့သာ ဆက်သွယ်ကြတာကြောင့် တစ်ယောက်နဲ့တစ်ယောက် မုသားပြောဖို့မဆိုနဲ့ နောက်ပြောင် ကျီစယ် တာမျိုးတောင် မရှိကြဖူးပေါ့။ ဒီလိုနဲ့ ဉာဏ်နီဉာဏ်နက်များလှတဲ့ ကမ္ဘာသားတွေအကြား ပထမဆုံးရောက်လာခဲ့တဲ့ အမီးရ်ခန်း ခမြာ လည်ပင်းမှာဆွဲထားတဲ့

Loading

Read more
3 idiots ရုပ်ရှင်အညွှန်း

3 Idiots

December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်… မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ်။ လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်…  ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။ ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး….သိလည်း မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး၊ ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို

Loading

Read more
1 40 41 42