3 idiots ရုပ်ရှင်အညွှန်း

3 Idiots


December 23, 2009 (USA) မှာ ရုံတင်ပြသခဲ့ပြီး Director: Rajkumar Hirani ရိုက်ကူးထားတဲ့3 Idiots အမည်ရှိ India ဟာသ ရုပ်ရှင်ကားလေးဟာ ဟာသ တစ်ခုထဲတင်မကပဲ Aamir Khan ရိုက်ကူးလေ့ရှိသော ဇာတ်ကောင်များအတိုင်း ပရိတ်သတ်ကို အတွေးသစ်အမြင်သစ်နဲ့ ထိုးထွက်လာသော ရုပ်ရှင်ကားကောင်းတစ်ခုဖြစ်ပါတယ်…

မိဘတွေဟာ သားသမီးတွေအပေါ် ငယ်စဉ်ကတည်းက အရမ်းမျှော်လင့်ချက် ရှိကြတယ်။ လမ်းမှားမသွားအောင်လို့ ပဲ့ပြင်ဆုံးမကြတယ်…  ဒါ့အပြင် အရှေ့တိုင်းမိဘတော်တော်များများမှာ သူတို့သားသမီးကို ဆရာဝန်ကြီး အင်ဂျင်နီယာကြီး စတဲ့ လူကြိုက်များတဲ့ပညာရပ်ကိုသာလေ့လာစေချင်ကြတယ်။

ဒါပေမယ့် ကလေးတွေဖက်ကနေ သူတို့ ဘာဖြစ်ချင်ပါတယ်ဆိုတာကို ဘယ်သူမှ မတွေးပေးကြသလို မေးလဲ မမေးကြပါဘူး….သိလည်း မသိချင်ကြသလို စိတ်လဲမဝင်စားကြပါဘူး၊ ကလေးတွေဟာ စက်ရုပ်တွေလိုပဲ မိဘတွေ ဖြစ်စေချင်တဲ့ စီးပွားရေးသမား အစိုးရဝန်ထမ်း ဆရာဝန် အင်ဂျင်နီယာ ရှေ့နေတွေဖြစ်လာကြပေမယ့် သူတို့ဝါသနာပါပြီးထူးချွန်နိုင်မယ့် အားကစားလို အနုပညာလို ဘာသာရပ်တွေမှာ မှေးမှိန်ခဲ့ကြရပါတယ်။

 

ဒီအကြောင်းတွေကို ဒီရုပ်ရှင်လေးမှာ “ရန်ချို” ၊  “ဖာရ်ဟန်း” “ရာဂျူး” ဆိုတဲ့ အင်ဂျင်နီယာကျောင်းက သူငယ်ချင်း ၃ ယောက်နဲ့ ပုံဖော်ရိုက်ကူးထားပါတယ်။

ဘယ်ကလာမှန်းမသိ ဘယ်လိုလူမှန်းမသိ လူထူးလူဆန်း ဖြစ်နေတဲ့
ရန်ချို

ပင်စင်လစာလေး တစ်ပဲခြောက်ပြားနဲ့ လေဖြတ်နေတဲ့ အဖေကို ဆေးကုနေရင်း အမေဖြစ်သူရဲ့
ချာပါတီရောင်းပြီး ရတဲ့ပိုက်ဆံနဲ့ ကျောင်းလခ ပေးရင်း ချို့တဲ့စွာ စာသင်ယူနေရတဲ့ ရာဂျူး

ငယ်စဉ်ကတည်းက အနုပညာကိုဝါသနာပါပေမယ့် ဖခင် ဖြစ်စေချင်တဲ့ အင်ဂျင်နီယာကြီးဖြစ်ဖို့အတွက်
မိဘစကား နားထောင်ပြီး ရိုးရိုးကုတ်ကုတ် စာကြိုးစားတတ်သူ ဖာရ်ဟန်း

သူတို့ ၃ ယောက်ဆုံကြတာက နာမည်ကြီး အင်ဂျင်နီယာကျောင်းတစ်ခုမှာ…
ရက်စက်ပြီး စက်ရုပ်လိုနှလုံးသားနဲ့ စည်းကမ်းကြီးတဲ့ ကျောင်းအုပ်ကြီးလက်အောက်မှာ သူတို့ ၃ ယောက် ကိုယ့်ဝါသနာနဲ့ပညာရပ်တွေကို ဘယ်လိုပုံဖော်ကြမယ်ဆိုတာ ကြည့်ရှုရမှာပါ…။

ဆုတွေတစ်သီကြီးရရှိထားတဲ့ ဒီဇာတ်ကားဟာ အိန္ဒိယရဲ့အကောင်းဆုံးဇာတ်ကားထဲက တစ်ကားဖြစ်ပြီး အတွေးအမြင်တွေကို သမားရိုးကျကနေ လူသားဆန်ဆန်ဖောက်ထွက်သွားနိုင်တာမို့ ကြည့်ပြီးရင် သိမ်းထားရမယ့်ဇာတ်ကားမျိုးပါပဲ။

 

ဇာတ်ကားအစ,အဆုံးကို ဒီ Link မှာ Download လုပ်စရာမလိုဘဲ တိုက်ရိုက်ကြည့်ရှုနိုင်ပါပြီ..

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Source – Channel Myanmar

#jdbkx.live #jdbkx #myanmarcasino #onlinegames 

အကောင့်ပြုလုပ်ရန်  👉 Link

https://www.youtube.com/watch?v=lbCRtrrMvSw

Loading

Leave a Reply

Your email address will not be published. Required fields are marked *