Spider-Man ရုံတင်ဝင်ငွေ စံချိန်

ရုံတင်ဝင်ငွေစံချိန်တွေ အထပ်ထပ်ချိုးဖျက်ပြီး သမိုင်းဝင်အောင်မြင်မှု အသစ်စိုက်ထူလိုက်တဲ့ Spider-Man: Brand New Day ရုပ်ရှင်

တွမ်ဟော်လန် က အမျှင်ပစ် လူစွမ်းကောင်း ဇာတ်ကောင်အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မာဗယ် ရဲ့ ဝင်ငွေအကောင်းဆုံးရုပ်ရှင်ဟာ အခုဆိုရင် အမေရိကန်ပြည်တွင်း ရုပ်ရှင်ရုံတွေမှာ ဒေါ်လာ သန်း ၉၀၀ ကျော်ကို အမြန်ဆုံးရရှိခဲ့တဲ့ရုပ်ရှင်အဖြစ် စံချိန်တင်သွားခဲ့ပါပြီ။ ဒီဝင်ငွေပမာဏကို ၃၆ ရက်အတွင်းမှာတင် ရရှိခဲ့တာဖြစ်ပြီး ၂၀၁၅ ခုနှစ်က ထွက်ရှိခဲ့တဲ့ Star Wars: The Force Awakens ရုပ်ရှင်ရဲ့ ရက် ၅၀ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။

Variety သတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီ မာဗယ် နဲ့ ဆိုနီ ပူးပေါင်းဖန်တီးမှုဟာ လေးရက်တာ အလုပ်သမားများနေ့ အားလပ်ရက်မှာတင် ဒေါ်လာ ၂၂ သန်းလောက် ထပ်မံရရှိနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် ပြည်တွင်းဝင်ငွေ စုစုပေါင်း ဒေါ်လာ ၉၂၂ သန်းအထိ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ ပြည်တွင်းရုံတင်ဝင်ငွေ စံချိန်တင် ဒေါ်လာ ၉၃၆ သန်းနဲ့ ထိပ်ဆုံးမှာရပ်တည်နေတဲ့ The Force Awakens ကို ကျော်တက်ပြီး အချိန်တိုင်းရဲ့ ဝင်ငွေအကောင်းဆုံး ရုပ်ရှင်ဖြစ်လာဖို့ကတော့ အချိန်တစ်ခုပဲ လိုပါတော့တယ်။

တွမ်ဟော်လန် ရဲ့ ရုပ်ရှင်အနေနဲ့ ရုံတင်ဝင်ငွေ စံချိန်ချိုးဖျက်တာ ဒါပထမဆုံးအကြိမ် မဟုတ်သလို နောက်ဆုံးအကြိမ်လည်း ဖြစ်လာမှာ မဟုတ်ပါဘူး။ ရုံတင်ပြသပြီး သုံးပတ်အကြာမှာတင် ဒီရုပ်ရှင်ဟာ ကမ္ဘာတစ်ဝန်း ရုံတင်ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံ စံချိန်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး ဒီမှတ်တိုင်ကို ရောက်ရှိတဲ့ ရှစ်ကားမြောက် ရုပ်ရှင် ဖြစ်လာခဲ့ပါတယ်။

ရုံတင်ဝင်ငွေ ဒေါ်လာ ၂ ဘီလီယံကျော် ရရှိထားတဲ့ တခြားရုပ်ရှင် ၇ ကားကတော့

၂၀၀၉ ခုနှစ်ထွက် Avatar (ဒေါ်လာ ၂.၉ ဘီလီယံ)၊

၂၀၁၉ ခုနှစ်ထွက် Avengers: Endgame (ဒေါ်လာ ၂.၇ ဘီလီယံ)၊

၂၀၂၂ ခုနှစ်ထွက် Avatar: The Way of Water (ဒေါ်လာ ၂.၃ ဘီလီယံ)၊

၁၉၉၇ ခုနှစ်ထွက် Titanic (ဒေါ်လာ ၂.၂ ဘီလီယံ)၊

၂၀၁၅ ခုနှစ်ထွက် Star Wars: The Force Awakens (ဒေါ်လာ ၂.၀၇ ဘီလီယံ) နဲ့

၂၀၁၈ ခုနှစ်ထွက် Avengers: Infinity War (ဒေါ်လာ ၂.၀၃ ဘီလီယံ) တို့ပဲ ဖြစ်ပါတယ်။

Spider-Man ဇာတ်ကားတွဲတွေထဲက ၂၀၂၁ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Spider-Man: No Way Home ကတော့ စုစုပေါင်းရုံတင်ဝင်ငွေ ဒေါ်လာ ၁.၉ ဘီလီယံသာ ရရှိခဲ့လို့ ဒီမှတ်တိုင်နဲ့ အနည်းငယ် လွဲချော်ခဲ့ရပါတယ်။

အခုထွက်ရှိထားတဲ့ Brand New Day ကတော့ ကမ္ဘာတစ်ဝန်း ရုံတင်ဝင်ငွေ ဒေါ်လာ ၂.၃၃ ဘီလီယံကျော် ရရှိထားပြီးဖြစ်တာကြောင့် ဒေါ်လာ ၂.၉ ဘီလီယံရရှိထားတဲ့ Avatar နဲ့ ဒေါ်လာ ၂.၇ ဘီလီယံရရှိထားတဲ့ Avengers: Endgame တို့ရဲ့နောက်မှာ အချိန်တိုင်းရဲ့ တတိယမြောက် ဝင်ငွေအကောင်းဆုံး ရုပ်ရှင်အဖြစ် ရပ်တည်နေပါပြီ။ ကမ္ဘာတစ်ဝန်းမှာ ဒေါ်လာ ၂.၃ ဘီလီယံ ရရှိခဲ့တဲ့ ၂၀၂၂ ခုနှစ်ထွက် Avatar: The Way of Water ရုပ်ရှင်ကိုလည်း Brand New Day က ကျော်တက်သွားခဲ့တာပါ။

ဒီရုပ်ရှင်ဟာ ရုပ်ရှင်ဝေဖန်ရေးသမားတွေရဲ့ ချီးကျူးမှုကိုလည်း အပြည့်အဝ ရရှိထားပါတယ်။ The Independent အတွက် ကြယ် ၄ ပွင့်အဆင့် သုံးသပ်ချက်ပေးခဲ့တဲ့ ကလဲရစ် လာဖရေး ကတော့ ဒီရုပ်ရှင်ကို “နှစ်ပေါင်း ၂၀ ကျော်အတွင်း အကောင်းဆုံး Spider-Man ရုပ်ရှင်” လို့ ချီးကျူးခဲ့ပါတယ်။

ဒါ့အပြင် သူမက “Brand New Day ဟာ သူ့ရဲ့ လူစွမ်းကောင်းဇာတ်ကောင် ရင့်ကျက်လာမှုကိုသာမက တစ်ခုလုံးရဲ့ အမြင်သစ်ကိုပါ ဖော်ဆောင်ပြသနိုင်ခဲ့တယ်” လို့ ထပ်လောင်းပြောဆိုခဲ့ပါတယ်။

“ဇာတ်ညွှန်းရေးဆရာတွေဖြစ်တဲ့ ခရစ် မက်ကန်နာ နဲ့ အဲရစ် ဆမ်းမားစ် တို့က ဇာတ်ကောင်ရဲ့ အဆက်အစပ်ကို သဘာဝကျကျ ဆက်ထိန်းထားပေးနိုင်သလို ဒါရိုက်တာ ဒက်စတင် ဒန်နီရယ် ခရက်တန် နဲ့ စီနီမာတိုဂရပ်ဖာ ဘရက်တ် ပေါ်လက်ခ် တို့ရဲ့ လက်ရာတွေကြောင့်လည်း ဒီရုပ်ရှင်တွဲဟာ လုံးဝအသစ်တဖန် ပြန်လည်ရှင်သန်လာသလို ခံစားရစေတယ်” လို့လည်း ဆိုပါတယ်။

The Wrap ရဲ့ သတင်းအသစ်အရ တွမ်ဟော်လန် ဟာ ဒီရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့အတွက် ဒေါ်လာ သန်း ၁၀၀ ကျော်အထိ ဝင်ငွေရရှိဖို့ ရှိနေပါတယ်။

အသက် ၃၀ အရွယ် ဗြိတိသျှသရုပ်ဆောင်ဟာ ဒီရုပ်ရှင်အတွက် အစောပိုင်းကြိုတင်ငွေအဖြစ် ဒေါ်လာ သန်း ၂၀ ရရှိခဲ့တယ်လို့ အတွင်းလူတွေက သတင်းဌာနကို ပြောကြားခဲ့ပါတယ်။ ဒါဟာ ရုပ်ရှင်ထုတ်လုပ်ရေးနဲ့ ဖြန့်ချိရေးကုန်ကျစရိတ်တွေ ကာမိသွားပြီးနောက် မင်းသားတွေနဲ့ ဒါရိုက်တာတွေကို ခွဲဝေပေးလေ့ရှိတဲ့ အပိုဆုကြေးအဖြစ် နောက်ထပ် ဒေါ်လာ သန်း ၈၀ ဒါမှမဟုတ် ဒီထက်မက ထပ်မံရရှိနိုင်တယ်ဆိုတဲ့ သဘောပါပဲ။

Source : https://www.msn.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *