ဟာလန်း နှင့် အီဘရာဟီမိုဗစ်

ဟာလန်း က သူ့ထက် ပိုမြင့်တဲ့ အဆင့်ကို ရောက်နေပြီလားဆိုတဲ့ မေးခွန်းအပေါ် အီဘရာဟီမိုဗစ် ဘယ်လို တုံ့ပြန်လိုက်လဲ

မကြာသေးမီ နှစ်တွေအတွင်းမှာတော့ နော်ဝေ နိုင်ငံသား တိုက်စစ်မှူး ဟာလန်း ဟာ စကင်ဒီနေးဗီးယား ဒေသရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒီ နော်ဝေ တိုက်စစ်မှူးဟာ ဘလွန်ဒေါ (Ballon d’Or) ဆုပေးပွဲတွေမှာလည်း အဆင့်မြင့်မြင့် နေရာတွေကို အကြိမ်ကြိမ် ရရှိခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်မှာတော့ ဗစ်တာ ယောကရက်စ် က အဆင့် ၁၅ နေရာနဲ့ စကင်ဒီနေးဗီးယားရဲ့ အကောင်းဆုံး ကစားသမားဆုကို ရရှိသွားခဲ့တာပါ

ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ကို Fox Sports ရုပ်သံလိုင်းကနေ ထုတ်လွှင့်ပြသနေစဉ်အတွင်းမှာတော့ ကျွမ်းကျင်သူအဖြစ်ပါဝင်နေတဲ့ ဆွီဒင် ဂန္ထဝင်ကစားသမားကြီး ဇလာတန် အီဘရာဟီမိုဗစ် ကို ဟာလန်း ဟာ ၎င်းထက် ပိုမြင့်တဲ့ အဆင့်တစ်ခုကို ရောက်ရှိနေပြီလားဆိုတဲ့ မေးခွန်းတစ်ခု မေးမြန်းခဲ့ကြပါတယ်။

ဒီမေးခွန်းအပေါ် ဆွီဒင် ဂန္ထဝင်ကြီးက ပြတ်ပြတ်သားသားပဲ ပြန်လည်ဖြေကြားခဲ့ပါတယ်။ “ကျွန်တော်တော့ အဲ့ဒီအချက်ကို သေချာမသိဘူး။ သူက ‘သဘာဝလွန် အရည်အချင်းရှိသူ’ (freak of nature) တစ်ယောက်ဖြစ်ဖို့ အများကြီး ပိုလုပ်ပြရဦးမယ်” လို့ ရုပ်သံစတူဒီယိုအတွင်းမှာ အီဘရာဟီမိုဗစ် က ပြောကြားခဲ့ပါတယ်။

အီဘရာဟီမိုဗစ် ရဲ့ အဆင့်အတန်းကိုရောက်ဖို့ ဟာလန်း ဘာတွေ ထပ်လုပ်ဖို့ လိုအပ်သလဲလို့ မေးမြန်းတဲ့အခါမှာတော့ အီဘရာဟီမိုဗစ် က အခုလို ထပ်လောင်း ပြောဆိုခဲ့ပါတယ်။

“သူက ဂိုးတွေ အများကြီး သွင်းနိုင်ပြီး ဂိုးဧရိယာအတွင်းမှာ သွေးအေးတဲ့ ‘လူသတ်သမား’ (killer) တစ်ယောက်ပါ။ ဒါပေမဲ့ ကျွန်တော်က ပိုပြီးစွယ်စုံရတဲ့ ကစားသမားမျိုးဖြစ်တယ်။ ဘောလုံးနဲ့ ကစားရတာကို ကျွန်တော် ပိုသဘောကျတယ်။ သူက ဂိုးဧရိယာထဲမှာ လူသတ်သမားတစ်ယောက်လို ဖြစ်နေပြီး ဉာဏ်ကောင်းတယ်၊ ပြီးတော့ သူလုပ်ရမဲ့ အလုပ်ကိုပဲ လုပ်တယ်။ ဒါပေမဲ့ သူ မလုပ်နိုင်တဲ့အရာကိုတော့ ပိုပြီး မလုပ်ဘူး။ အဲ့ဒီအတွက်လည်း အင်အား အလဟဿ အကုန်မခံဘူး” လို့ ပြောခဲ့ပြီး နောက်ထပ်လည်း ဆက်လက် ပြောကြားခဲ့ပါသေးတယ်။

“ကျွန်တော် သူ့ရဲ့ အင်တာဗျူးတစ်ခုကို ကြည့်ဖူးတယ်။ အဲ့ဒီမှာ သူက သူ့ရဲ့ အိပ်မက်ဟာ ဘောလုံးကို ၂ ကြိမ်ပဲထိပြီး ၂ ဂိုး သွင်းချင်တာလို့ ပြောထားတယ်။ ကျွန်တော့်ရဲ့ အိပ်မက်ကတော့ အဲ့ဒါထက် ပိုပါတယ်။ ဘောလုံးကို ၂ ကြိမ်ပဲ ထိပြီး ၃ ဂိုးလောက်အထိ သွင်းချင်ခဲ့တာမျိုးပါ” လို့ သူက ဆိုပါတယ်။

ဟာလန်း ရဲ့ နော်ဝေ အသင်းဟာ ဗုဒ္ဓဟူးနေ့မှာတော့ ကမ္ဘာ့ဖလား ပထမဆုံးပွဲစဉ်အဖြစ် အီရတ် အသင်းနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ အုပ်စုအဆင့် ပွဲစဉ်တွေအတွင်းမှာတော့ နော်ဝေ လက်ရွေးစင်အသင်းဟာ ဆီနီဂေါ အသင်း၊ ပြင်သစ် အသင်းတို့နဲ့လည်း ထပ်မံ ရင်ဆိုင်ရဦးမှာ ဖြစ်ပါတယ်

Source : https://www.tribalfootball.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *