ဗစ်တာ ယောကရက်စ် ဆွီဒင်အသင်း

ဆွီဒင်ကို ကမ္ဘာ့ဖလားဆီ ပို့ဆောင်ပေးခဲ့တဲ့ အံ့မခန်း ၄ ဂိုးရှင် သူရဲကောင်း ဗစ်တာ ယောကရက်စ်

ဗစ်တာ ယောကရက်စ်ဟာ ပိုလန်နဲ့ပွဲမှာ နောက်ကျအနိုင်ဂိုး သွင်းယူပေးခဲ့ပြီး ဆွီဒင်အသင်းကို ကမ္ဘာ့ဖလားဆီ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ အာဆင်နယ်တိုက်စစ်မှူးဟာ သူ့နိုင်ငံအတွက် အလိုအပ်ဆုံးအချိန်မှာ ခြေစွမ်းပြပြီး ပလေးအော့ဖ်ပွဲစဉ်တွေကို အောင်အောင်မြင်မြင် ကျော်ဖြတ်နိုင်ခဲ့တာပါ။

ပထမပလေးအော့ဖ်ပွဲဖြစ်တဲ့ ယူကရိန်းနဲ့ပွဲမှာ ၃ ဂိုး သွင်းယူခဲ့တဲ့ ယောကရက်စ်ဟာ မြောက်အမေရိကမှာ ကျင်းပမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဆွီဒင် ခြေစစ်ပွဲအောင်ဖို့ ဒုတိယပိုင်း တင်းမာမှုတွေကြားမှာ ထပ်ပြီး အဆုံးအဖြတ်ပေးနိုင်ခဲ့ပြန်ပါတယ်။

ပိုလန်နဲ့ပွဲက ၂-၂ နဲ့ သရေကျနေတဲ့ အနေအထားမှာ ၈၈ မိနစ်မှာ သူသွင်းလိုက်တဲ့ ဂိုးက ဆွီဒင်အတွက် ကမ္ဘာ့ဖလားနေရာတစ်နေရာကို အသေအချာ ရရှိစေခဲ့ပါတယ်။

ပွဲအပြီးမှာတော့ တိုက်စစ်မှူးက “ဒါကို စကားလုံးနဲ့ ဖော်ပြဖို့တောင် ခက်ပါတယ်။ ဒါက ကျွန်တော်တို့အားလုံး လိုချင်ခဲ့တဲ့အရာဖြစ်ပြီး အိမ်ကွင်းမှာ လုပ်ပြနိုင်ခဲ့တာကတော့ တကယ်ကို ပြောမပြတတ်အောင်ပါပဲ” လို့ ဆိုခဲ့ပါတယ်။ ဒါဟာ ရလဒ်တင်မကဘဲ ရခဲ့တဲ့ပုံစံကြောင့်လည်း သူ့အတွက် အဓိပ္ပာယ်အများကြီး ရှိခဲ့တာပါ။

“ပြီးတော့ ကျွန်တော်တို့ လုပ်ခဲ့တဲ့ပုံစံကလည်း အဆုံးအထိ ယုံကြည်ခဲ့ကြတာပါ။ ဒါကြောင့်လည်း ကျွန်တော်တို့ ကမ္ဘာ့ဖလားကို ရောက်သွားတာပေါ့။ ခံစစ်ပိုင်း နည်းနည်း များသွားပေမဲ့ ဒီနေ့မှာတော့ လိုအပ်တာကိုပဲ လုပ်ခဲ့ရတာပါ။ ဘောလုံးပွဲတွေ နိုင်နေသရွေ့တော့ ကျန်တာကို ကျွန်တော် ဂရုမစိုက်ပါဘူး” လို့ သူက ဆက်ပြောပါတယ်။

“ပွဲအခြေအနေနဲ့ အချိတ်အဆက်မိဖို့ အမြဲကြိုးစားနေပြီး ပွဲပြီးခါနီးမှာတော့ အဲ့ဒီလို ဖြစ်လာခဲ့ပါတယ်။ ဂိုးသွင်းပြီးချိန်မှာ ဘယ်လိုခံစားရလဲဆိုတာ စကားလုံးရှာဖို့တောင် ခက်ပါတယ်။ ဒါကို အချိန်အကြာကြီး မှတ်မိနေမှာပါ” လို့လည်း သူက ဆိုပါတယ်။

ပွဲပြီးလို့ ဝီစီမှုတ်လိုက်တဲ့အချိန်မှာ ဆွီဒင်ပရိသတ်တွေက သူ့ရဲ့အမည်ကို အကြိမ်ကြိမ် အော်ဟစ်ခဲ့ကြပြီး ဒါဟာ ပလေးအော့ဖ်နှစ်ပွဲစလုံးမှာ အသင်းကို ကမ္ဘာ့ဖလားရောက်အောင် ဆွဲတင်ပေးခဲ့တဲ့ ကစားသမားကို အသိအမှတ်ပြုလိုက်တာလည်း ဖြစ်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးသံနဲ့ ခြေစစ်ပွဲအောင်သွားတဲ့ ခံစားချက်ကို မေးတဲ့အခါမှာတော့ ယောကရက်စ်က “ဒါက ပျော်ရွှင်မှု သက်သက်ပါပဲ၊ ကြက်သီးတောင် ထမိတယ်။ သူတို့အားလုံးကို ချစ်ပါတယ်” လို့ ပရိသတ်တွေကို ရည်ညွှန်းပြီး ပြောသွားခဲ့ပါတယ်။

တခြားတစ်ဖက်မှာတော့ ရစ်ကာဒို ကာလာဖီအိုရီ အတွက် စိတ်ပျက်စရာ ဖြစ်ခဲ့ရပါတယ်။ သူတို့ရဲ့ အီတလီအသင်းဟာ ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား နဲ့ပွဲမှာ ဦးဆောင်ဂိုး ရခဲ့ပေမဲ့ ၁၀ ယောက်တည်းနဲ့ ကစားခဲ့ရတာပါ။ အီတလီတို့ ၇၉ မိနစ်အထိ တောင့်ခံနိုင်ခဲ့ပေမဲ့ ဟားရစ် တာဘာကိုဗစ် က ချေပဂိုး သွင်းယူသွားခဲ့ပြီး ပင်နယ်တီ အဆုံးအဖြတ်မှာတော့ ရှုံးနိမ့်ပြီး ထွက်ခဲ့ရပါတယ်။

Source : https://sports.yahoo.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *