အာဆင်နယ်အသင်း တိုက်စစ်က ဒီရာသီမှာ ပျမ်းမျှအဆင့်ပဲရှိတယ်

အာဆင်နယ်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးရောက်နေပေမဲ့ ဂျင်မီကာရေဂါ ကတော့ အာတီတာ ရဲ့အသင်းဟာ မနှစ်ကလောက် တိုက်စစ်စွမ်းဆောင်ရည် ထက်မြက်မှုမရှိတော့ကြောင်း သုံးသပ်ပြောကြားလိုက်ပါတယ် ။ ဟားဗတ်ဇ် ရဲ့ နောက်ကျသွင်းဂိုးနဲ့အတူ ဘရန့်ဖိုဒ့် ကို အနိုင်ရခဲ့တဲ့ အာဆင်နယ်အသင်းဟာ ဒီရာသီမှာပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယားထိပ်ဆုံးကို ရောက်ရှိလာခဲ့ပါတယ်။ အာဆင်နယ်အသင်းရဲ့ဒီရာသီ စွမ်းဆောင်ရည်ဟာ အထင်ကြီးစရာကောင်းပေမဲ့ ကာရေဂါ ကတော့ လွှမ်းမိုးမှု ၊ လျင်မြန်ထက်မြက်မှု နှင့် ခြိမ်းခြောက်နိုင်မှု အပိုင်းမှာ မနှစ်ကလောက် မကောင်းကြောင်းဆိုပါတယ် ။

Loading

Read more