
မတည်ငြိမ်မှုတွေနဲ့ ရုန်းကန်နေရတဲ့ ချဲလ်ဆီးကို မာရက်စကာ ပြန်တည့်မတ်နိုင်ပါ့မလား?
ချဲလ်ဆီးအသင်းရဲ့ ဒီနှစ်ရာသီကတော့ တကယ်ကို မငြိမ်မသက် ဖြစ်နေဆဲပါ။ အခုဆို ပိုဆိုးလာမဲ့ အရိပ်အယောင်တွေတောင် ပြနေပြီ။ အန်ဇိုမာရက်စကာဆိုရင် ဖိအားတွေ တဖြည်းဖြည်း များလာတာခံနေရပြီ။ စတန်းဖို့ဒ်ဘရစ်ခ်ျကို ရောက်စတုန်းကတော့ အားလုံးက မျှော်လင့်ချက်တွေ အများကြီးထားခဲ့ကြတာပဲ။ ပျားရည်ဆမ်းကာလလေးကလည်း တဖြည်းဖြည်း ဝေးသွားပြီ။