
စပိန်ရိုးရာနွားရိုင်းပြေးပွဲကို နှစ်သက်ပြီး အားကစားမျိုးရိုးမှ ဆင်းသက်လာတဲ့ အာဆင်နယ် ကြယ်ပွင့် မီရီနို
စပိန်နိုင်ငံ၊ ပမ်ပလိုနာ (Pamplona) မြို့တော်ရဲ့ရိုးရာနွားရိုင်းပြေးပွဲက ထင်ရှားကျော်ကြားလှပါတယ်။ နွေရာသီကာလတိုင်းမှာကျင်းပတဲ့ ဒီပွဲတော်မှာ ဒေသခံကျွမ်းကျင်ပညာရှင်တွေကိုယ်တိုင် ထိန်းကျောင်းဦးဆောင်ပြီး နွားရိုင်း ၁၀ ကောင်(သို့မဟုတ်) ၁၀ ကောင်ကျော် ကို လမ်းကျဉ်းကျဉ်းလေးထဲမှာ ပြေးလွှားခိုင်းလေ့ရှိပါတယ်။ ဒီပွဲတော်က ကမ္ဘာ့တဝန်းမှာရှိတဲ့ ခရီးသွားဧည့်သည်တွေရဲ့စိတ်ကို ဆွဲဆောင်နိုင်စွမ်းရှိပါတယ်။