
ဘောလုံးကွင်းအရည်အသွေး ပိုကောင်းလာစေရမယ်လို့ ကတိပြုလိုက်တဲ့ အာစင်ဝင်းဂါး
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ရဲ့ ကမ္ဘာ့လုံးဆိုင်ရာဘောလုံးအားကစားတိုးတက်ရေးအကြီးအကဲ အာစင်ဝင်းဂါးက အမေရိကန်နိုင်ငံမှာ လက်ခံကျင်းပနေတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘောလုံးကွင်းအရည်အသွေးပိုင်းကို လုံလောက်ကောင်းမွန်တဲ့အဆင့်အတန်းမျိုးမှာမရှိသေးဘူးလို့ဝန်ခံပေမဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပူးတွဲအိမ်ရှင်ဖြစ်လာချိန်မှာတော့ ကွင်းအရည်အသွေးပိုင်း ပိုမိုကောင်းမွန်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။