‘လာမိုင်းယာမယ်လ်’နဲ့တွဲဖက်ကစားရမဲ့အပေါ် သူ့ရဲ့ခံစားချက်ကိုဖွင့်ဟလာတဲ့ ‘ရက်ရှ်ဖို့ဒ်’
ယခုနွေရာသီအတွင်း ယူနိုက်တက်မှထွက်ခွာပြီး ဘာစီလိုနာသို့ အငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်က အသင်းဖော်သစ် လာမိုင်းယာမယ်လ်နဲ့တွဲဖက်ကစားခွင့်ရဖို့ မစောင့်နိုင်တော့ကြောင်းနဲ့ စပိန်သားဟာ ကမ္ဘာ့အကောင်းဆုံးကစားသမားစာရင်းဝင်ဖြစ်နေပြီလို့ ချီးကျူးပြောဆိုလာခဲ့ပါတယ်။