ဗီလာနဲ့ သရေကျခဲ့လို့ နည်းပြအာနီဆလော့ မပျော်ရွှင်

ဗီလာနဲ့ သရေကျခဲ့လို့ မပျော်ရွှင်ဘူးလို့ နည်းပြအာနီဆလော့ပြော

လီဗာပူးလ်အသင်းဟာ ဗီလာအသင်းနဲ့ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ၂ ဂိုးစီ သရေကျခဲ့ပြီးနောက် နည်းပြ အာနီဆလော့က သရေရလဒ်အတွက် မပျော်ရွှင်ဘူးလို့ ပြောခဲ့ပါတယ်။

အာနီဆလော့က “ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်တော်မပျော်ရွှင်ပါဘူး။ ပွဲကိုပြန်ကြည့်မယ်ဆိုရင် ကျွန်တော်တို့ ဟာ သူတို့ထက် အခွင့်အရေးတွေအများကြီး ဖန်တီးနိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဒီပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့အတွက် အရာအားလုံးကိုလုပ်ခဲ့ပါတယ်။ နိုင်ပွဲတောင်ရယူဖို့ဖြစ်နိုင်ခဲ့တယ်”လို့ TNT Sports ကိုပြောခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ဒီပွဲမှာ ဆာလက်ရဲ့ သွင်းဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ တိုင်လီမန်စ်၊ ဝက်ကင်စ်တို့ရဲ့ သွင်းဂိုး တွေနဲ့ ပထမပိုင်းအပြီးမှာ အက်စတွန်ဗီလာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်နေခဲ့တာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဒုတိယပိုင်းမှာ အာနိုးလ်က လီဗာပူးလ်အသင်းအတွက် ချေပဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ၂ ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့တာပါ။

ဒီပွဲမှာ လီဗာပူးလ်အသင်းဟာ အနိုင်ဂိုးရယူနိုင်မဲ့ အကောင်းဆုံး အခွင့်အရေးရခဲ့ပေမဲ့ တိုက်စစ်မှူး ဒါဝင်နူနက်ဇ်လွဲချော်ခဲ့လို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။

လီဗာပူးလ်အသင်း

လီဗာပူးလ်အသင်းဟာ အက်စတွန်ဗီလာအသင်းကို အနိုင်ရယူနိုင်ခဲ့ရင် အမှတ်ပေးဇယားအဆင့် ၂ နေရာက အာဆင်နယ်အသင်းကို ၁၀ မှတ်အထိ ဖြတ်ထားနိုင်မှာဖြစ်ပေမဲ့ သရေကျခဲ့တာကြောင့် ၁ ပွဲ ပိုကစားထားပြီး ရမှတ် ၈ မှတ်သာဖြတ်ထားနိုင်ခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာ ရပ်တည်နေသလို၊ ကာရာဘောင်းဖလား ပြိုင်ပွဲမှာ ဗိုလ်လုပွဲနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၁၆ သင်းအဆင့် ရောက်ရှိထားပါတယ်။

လီဗာပူးလ်အသင်းနည်းပြ အာနီဆလော့က ဒီရာသီမှာ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူချင်တယ်လို့ ပြောခဲ့ပါ တယ်။

လီဗာပူးလ်အသင်းဟာ လာမဲ့ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် မန်စီးတီးအသင်းနဲ့ ပွဲကြီးပွဲကောင်း ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

 

Source: straitstimes.com

Loading

2 comments

  • Your writing has a way of resonating with me on a deep level. It’s clear that you put a lot of thought and effort into each piece, and it certainly doesn’t go unnoticed..

  • obviously like your website but you need to test the spelling on quite a few of your posts Several of them are rife with spelling problems and I to find it very troublesome to inform the reality on the other hand Ill certainly come back again

Leave a Reply

Your email address will not be published. Required fields are marked *