မန်ယူကို ရင်ဆိုင်ဖို့ အချိန်ကောင်းမဟုတ်ဘူးဆိုတဲ့ ပိုချက်တီနို

ချဲလ်ဆီးအသင်းဟာ ယနေ့ညမှာ မန်ချက်စတာယူနိုက်တက်အသင်းကို အိုးလ်ထရက်ဖို့ဒ်သို့ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒါဟာ ၂-သင်းလုံး အတွက် အရေးပါတဲ့ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။ အထူးသဖြင့် ဒီရာသီခြေမမှန်တဲ့ ၂-သင်း ထိပ်တိုက်တွေ့ဆုံမှုဖြစ်တာကြောင့် အနိုင်ရမဲ့အသင်းက ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အခရာကျမယ့် ၃-မှတ်ကို ပိုင်ဆိုင်ခွင့် ရမှာဖြစ်ပါတယ်။

Loading

Read more

ပရီးမီးယားလိဂ် Title race ကို ခန့်မှန်းသွားခဲ့တဲ့ ရွိုင်ကိန်း

ရွိုင်ကိန်းက အခုဆိုရင် အမှတ်ပေးဇယားမှာ အာဆင်နယ် နဲ့ လီဗာပူး တို့ရဲ့ နောက်ကနေလိုက်နေရတဲ့ မန်ချက်စတာစီးတီးရဲ့ အမှတ်ပေးဖလား အခွင့်အရေးအပေါ် စတင်သံသယဖြစ်လာခဲ့ပြီလို့ ဆိုလိုက်ပါတယ်။ မန်ချက်စတာစီးတီးဟာ မနေ့က အီတီဟတ်မှာ တော့တင်ဟမ် နဲ့ ၃ -ဂိုးစီ သရေကျကာ ရမှတ် ၂ -မှတ် ဆုံးရှုံးခဲ့ပါတယ်။ တချိန်တည်းမှာပဲ လီဗာပူးဟာ ဖူဟမ်ကို နောက်ကျဂိုးတွေနဲ့အတူ ၄-၃ နဲ့ အနိုင်ရခဲ့တဲ့အပြင် အာဆင်နယ်ကလည်း စနေနေ့မှာ ဝုဖ်ကို ၂-၁ နဲ့ နိုင်ခဲ့ပါတယ်။ ဒ့ါကြောင့် ဂန်းနားတို့ဟာ ဇယားထိပ်မှာ ဆက်လက် ဦးဆောင်ထားနိုင်ခဲ့ပြီး လီဗာပူးကတော့ မန်စီးတီးကိုကျော်ကာ ဒုတိယနေရာကို တက်လာခဲ့ပါတယ်။

Loading

Read more

ဂါလာတာစာရေး အသင်းနဲ့ပွဲအပြီး ဘရူနိုဖာနန်ဒက်စ် က အသင်းဖော်တွေကို ပြင်းပြင်းထန်ထန် သတိပေး

မန်ချက်စတာယူနိုက်တက်အသင်းဟာ တူရကီမြေမှာ ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၅) ကစားခဲ့ရပြီး ၃ – ၃ ဆိုတဲ့ ရလဒ် နဲ့ စိတ်ပျက်ဖွယ်သရေကျခဲ့ကာ နောက်တစ်ဆင့်တက်ရောက်နိုင်ခြေ အလွန်ပဲနည်းပါးသွားခဲ့ရပါတယ်။ ဒီပွဲစဉ်မှာတော့ မန်ချက်စတာယူနိုက်တက် အသင်းဟာ ဂါနာချို ၊ ဘရူနိုဖာနန်ဒက်စ် တို့ရဲ့ သွင်းဂိုးတွေနဲ့အတူ အစောပိုင်းမိနစ်တွေမှာ ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ပေမဲ့ ပွဲချိန် (၂၉) မိနစ်မှာ ဟာကင်ဇီယက်ချ် ရဲ့ ဖရီးကစ်ဂိုးကြောင့် တစ်ဂိုးပြန်ပေးခဲ့ရပါတယ် ။

Loading

Read more

ယူနိုက်တက် ကစားသမားတွေဟာ တန်ဟတ်ကို ဆန့်ကျင်နေကြပြီလို့ ပြောလိုက်တဲ့ လီဗာပူး ကစားသမားဟောင်း

လီဗာပူးအသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဟိုဆေးအင်းနရစ် ကတော့ အေဂျက်ဇ် အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ အဲရစ်တန်ဟတ် ဟာ မန်ချက်စတာနိုက်တက်မှာ ကစားသမားတွေနဲ့ အဆင်မပြေဖြစ်နေပြီဖြစ်ကြောင်း သုံးသပ်ပြောကြားသွားခဲ့ပါတယ်။

Loading

Read more
1 2 3