ဘာပေ နှင့် ရီးရဲလ်မက်ဒရစ် ချန်ပီယံလိဂ်

မန်စီးတီးနှင့်ပွဲတွင် ပါဝင်ကစားရန် အမ်ဘာပေ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း နည်းပြ အာဘီလိုအာ အတည်ပြု

ဒဏ်ရာကြောင့် တစ်လနီးပါး အနားယူခဲ့ရတဲ့ ကီလီယံ အမ်ဘာပေ ဟာ မန်စီးတီးနဲ့ ရင်ဆိုင်ရမဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပါဝင်ကစားဖို့ အဆင်သင့်ဖြစ်နေပြီလို့ နည်းပြ အာဘီလိုအာ က အတည်ပြုလိုက်ပါတယ်။

မန်စီးတီးနဲ့ပွဲမှာ အမ်ဘာပေ ပြန်ပါလာမည်

ဖေဖော်ဝါရီ ၂၁ ရက်ကတည်းက ဒူးဒဏ်ရာကြောင့် အနားယူခဲ့ရတဲ့ အမ်ဘာပေဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ၁၃ ဂိုးအထိ သွင်းယူထားနိုင်သူပါ။ သူဟာ မန်စီးတီးနဲ့တွေ့တိုင်း ခြေစွမ်းပြလေ့ရှိပြီး ပြိုင်ဘက်အားလုံးထဲမှာ မန်စီးတီးဘက်ကို ၇ ဂိုးနဲ့ အများဆုံး သွင်းယူထားနိုင်သူလည်း ဖြစ်ပါတယ်။
ရီးရဲလ်မက်ဒရစ်ဟာ မန်စီးတီးကို ချန်ပီယံလိဂ်ကနေ ၅ ကြိမ်မြောက် ဖယ်ထုတ်နိုင်ဖို့ ကြိုးစားနေတာပါ။ အမ်ဘာပေမပါဘဲ ကစားခဲ့တဲ့ ၁၃ ပွဲမှာ အသင်းရဲ့ ဂိုးသွင်းနှုန်းက ပိုကောင်းနေတယ်လို့ ဝေဖန်မှုတွေ ရှိပေမဲ့လည်း အာဘီလိုအာကတော့ ကမ္ဘာ့အကောင်းဆုံးကစားသမား မပါဘဲ အသင်းက ပိုကောင်းတယ်ဆိုတာ မဖြစ်နိုင်ကြောင်း ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။

တစ်ဖက်မှာတော့ ဂျုဒ် ဘယ်လင်ဂမ် ဟာ အသင်းနဲ့အတူ အီတီဟတ်ကွင်းကို လိုက်ပါလာပေမဲ့ ပေါင်ခြံဒဏ်ရာကြောင့် မန်စီးတီးနဲ့ပွဲမှာ ပါဝင်နိုင်ဦးမှာ မဟုတ်ပါဘူး။ ဘယ်လင်ဂမ်ဟာ လေ့ကျင့်ခန်းအချို့ ပြန်ဆင်းနိုင်နေပြီဖြစ်လို့ မကြာခင်မှာ ပြန်လာနိုင်တော့မှာပါ။ အသင်းရဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဘယ်လင်ဂမ် အသင်းနဲ့အတူ ရှိနေတာဟာ ကစားသမားတွေအတွက် စိတ်ဓာတ်ခွန်အား ဖြစ်စေတယ်လို့လည်း အာဘီလိုအာက ဆိုပါတယ်။။

Source : https://www.beinsports.com/

Loading

Leave a Reply

Your email address will not be published. Required fields are marked *