ချယ်လ်ဆီး ရဲ့ ပရမ်းပတာ အခြေအနေထဲ မဝင်ဖို့ ဖာဘရီဂတ်စ် ကို ပီတစ် သတိပေး
ကိုမို နည်းပြ ဖာဘရီဂတ်စ် ဟာ လစ်လပ်နေတဲ့ ချယ်လ်ဆီး နည်းပြနေရာအတွက် ရေပန်းစားနေသူတစ်ယောက် ဖြစ်လာပေမဲ့ သူ့ရဲ့ ကလပ်ဟောင်းက “အိပ်မက်ဆိုး” တွေနဲ့ ပြည့်နှက်နေတဲ့ အခြေအနေကို ရှောင်ရှားဖို့ ပြင်းပြင်းထန်ထန် သတိပေးခံလိုက်ရပါတယ်။ ဘလူးစ် ကွင်းလယ်လူဟောင်း အီမန်နျူရယ် ပီတစ် ကတော့ စပိန်လူမျိုး နည်းပြအနေနဲ့ စတမ်းဖို့ဒ် ဘရစ်ချ် က ပရမ်းပတာ အခြေအနေတွေထဲ ခြေမချဘဲ ဘာစီလိုနာ အသင်းဆီ ပြန်ဖို့ကိုသာ စောင့်သင့်တယ်လို့ ယုံကြည်နေပါတယ်။
ပီတစ် က ဖာဘရီဂတ်စ် အနေနဲ့ ရှုပ်ထွေးနေတဲ့ ချယ်လ်ဆီး အခြေအနေကို ရှောင်ရှားဖို့ အကြံပေးခဲ့ပြီး ဘာစီလိုနာ ကို ပြန်တာကသာ သူ့ရဲ့ ကစားသမားဘဝအတွက် အဓိပ္ပာယ်အရှိဆုံး ဖြစ်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။ ကစားသမားဘဝမှာ ချယ်လ်ဆီး ရော ဘာစီလိုနာ မှာပါ ကစားခဲ့ဖူးတဲ့ ပီတစ် က လန်ဒန်အနောက်ခြောက်က အသင်းရဲ့ ပတ်ဝန်းကျင်ဟာ လက်ရှိမှာ တက်သစ်စ နည်းပြတစ်ယောက်အတွက် အရမ်းကို မငြိမ်မသက် ဖြစ်နေတယ်လို့ ဆိုပါတယ်။
“ဖာဘရီဂတ်စ် က ချယ်လ်ဆီး ကို သွားမှာလား။ မလုပ်ပါနဲ့။ တကယ်လို့ ချယ်လ်ဆီး နဲ့ ဘာစီလိုနာ ကြား ရွေးချယ်ရမယ်ဆိုရင် မင်း သေချာပေါက် ဘာစီလိုနာ ကိုပဲ သွားသင့်တယ်။ ချယ်လ်ဆီး က အရမ်းကို ပရမ်းပတာ ဖြစ်နေတာ” လို့ ပီတစ် က ပြောပါတယ်။

ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က နည်းပြ လီယမ် ရိုဆင်နီယာ ရာထူးက ထုတ်ပယ်ခံရပြီးနောက်မှာတော့ ဖာဘရီဂတ်စ် ဟာ ချယ်လ်ဆီး နည်းပြသစ် ဖြစ်လာဖို့ သတင်းကြီးနေတဲ့ နာမည်ကြီးတွေထဲက တစ်ယောက် ဖြစ်လာခဲ့တာပါ။ ရိုဆင်နီယာ ဟာ အသင်းကို လိဂ်ပွဲ ၅ ပွဲဆက်တိုက် ရှုံးနိမ့်ပြီး ဂိုးတစ်ဂိုးမှ မသွင်းနိုင်ခဲ့တဲ့ မှတ်တမ်းဆိုးကြောင့် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
လက်ရှိမှာ အသက် ၂၁ နှစ်အောက် နည်းပြ ကယ်လမ် မက်ဖာလိန်း က ယာယီ ကိုင်တွယ်နေပေမဲ့ အမြဲတမ်းနည်းပြသစ် ရှာဖွေမှုကတော့ အရှိန်မြင့်နေပါတယ်။ ဒါပေမဲ့ ပီတစ် ကတော့ ဒီကလပ်ဟာ နည်းပြတွေအတွက် သင်္ချိုင်းကုန်းလို ဖြစ်နေတယ်လို့ သတိပေးပါတယ်။ “ဒါက နည်းပြတွေအတွက် အိပ်မက်ဆိုးပဲ။ ကစားသမားတွေအတွက်လည်း အိပ်မက်ဆိုးလိုပါပဲ။ ဘာစီလိုနာ မှာ ဖိအားတွေ ရှိနိုင်ပေမဲ့ ဒီထက်ပိုပြီး တည်ငြိမ်မှု ရှိပါလိမ့်မယ်” လို့ သူက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ချယ်လ်ဆီး ကွင်းလယ်လူဟောင်း ဖာဘရီဂတ်စ် ဟာ အသက် ၃၈ နှစ်အရွယ်မှာ ကိုမို အသင်းကို ကိုင်တွယ်ပြီး အကောင်းဆုံး စွမ်းဆောင်ပြနေတာကြောင့် ချီးကျူးမှုတွေ ရနေသူပါ။ ပြီးခဲ့တဲ့ ရာသီက ကိုမို ကို စီရီအေ ဆီ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့သလို အခုရာသီမှာလည်း အဆင့် ၅ နေရာအထိ ရောက်အောင် စွမ်းဆောင်ပေးထားပါတယ်။
ပရီမီယံလိဂ် ရဲ့ ဆွဲဆောင်မှုတွေ ရှိနေပေမဲ့ ဖာဘရီဂတ်စ် ကတော့ အသင်းပြောင်းဖို့ စိတ်ကူးမရှိကြောင်း ပြောထားပါတယ်။ “ကျွန်တော် ဒီပရောဂျက်အပေါ် အပြည့်အဝ အာရုံစိုက်ထားပါတယ်။ အနာဂတ်မှာ ဘာဖြစ်မလဲ မသိနိုင်ပေမဲ့ လက်ရှိမှာတော့ ကိုမို ကနေ ထွက်ခွာဖို့ မဖြစ်နိုင်သလောက်ပါပဲ။ ကျွန်တော့် မိသားစုက ဒီမှာ ပျော်နေသရွေ့ ကျွန်တော် ဒီမှာပဲ ဆက်ရှိနေမှာပါ” လို့ သူက ဆိုပါတယ်။
Source : https://www.goal.com/
![]()





