လွတ်ခ်မန်းရဲ့အံ့ဖွယ်ခရီးလမ်း

လိဂ်ဝမ်းကစားသမားဘဝမှ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ဖြစ်လာတဲ့ လွတ်ခ်မန်းရဲ့အံ့ဖွယ်ခရီးလမ်း

ကမ္ဘာ့ဘောလုံးစင်မြင့်ထက် မှေးမှိန်နေတဲ့ လွတ်ခ်မန်းရဲ့ဂုဏ်သတင်းက ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ (၁၂) လကြာ လေပွေတစ်ခု တိုက်ခတ်ခံခဲ့ရပြီးနောက် ကျော်စောထင်ရှားလာခဲ့ပါပြီ။

လန်ဒန်ဖွား အသက်-၂၆ နှစ်အရွယ်ကစားသမားက ပြီးခဲ့တဲ့ မေလဒဗ္ဗလင်မြို့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အံ့အားသင့်စရာဟက်ထရစ်သွင်းဂိုးနဲ့အတူ အတ္တလန္တာအသင်းကို (၆၁) နှစ်အတွင်း ပထမဆုံးမေဂျာဆုဖလား ဆွတ်ခူးနိုင်အောင် ကူညီပေးခဲ့ပါတယ်။ လွတ်ခ်မန်းအတွက်လည်း အခုယူရိုပါလိဂ်ချန်ပီယံဆုက ကစားသမားဘ၀ ပထမဆုံးအကြိမ်ဆုဖလားအောင်မြင်မှု ဖြစ်လာခဲ့ပါတယ်။

အခုနှစ်အစောပိုင်းမှာလည်း လွတ်ခ်မန်းက မိဘတွေရဲ့မွေးရပ်နိုင်ငံဖြစ်တဲ့ နိုင်ဂျီးရီးယားကို အာဖရိကနိုင်ငံများဖလားဗိုလ်လုပွဲဆီ ပို့ဆောင်ပေးခဲ့ပြီး ဘော်လွန်းဒီအော်ဆုစကာတင်စာရင်းမှာ ပါဝင်ခွင့်ရရှိတဲ့ ပထမဆုံးအတ္တလန္တာကစားသမား ဖြစ်လာခဲ့ပါတယ်။

လွတ်ခ်မန်းရဲ့အံ့ဖွယ်ခရီးလမ်း

နွေရာသီကာလမှာတော့ လွတ်ခ်မန်းနဲ့ ပီအက်စ်ဂျီတို့အကြား အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမဲ့ ကစားသမားက အီတလီစီးရီးအေကလပ်အသင်းနဲ့ပဲ ဆက်ရှိနေခဲ့ပါတယ်။

လွတ်ခ်မန်းက မည်ကာမတ္တအဆင့်ဘောလုံးသမားတွေ များပြားလွန်းတဲ့ အင်္ဂလန်ဘောလုံးလောကမှ ကမ္ဘာ့ထိပ်တန်းကြယ်ပွင့်တစ်ဦးအဖြစ် မိမိကိုယ်ကို ပြောင်းလဲပစ်နိုင်ခဲ့ပါတယ်။ သူ့အတွက် အတ္တလန္တာအသင်းက ပေါင် ၁၂ ဒဿမ ၆ သန်းခန့်သာ ကုန်ကျခဲ့ပါတယ်။

အခုရာသီ၊ ဖီအိုရင်တီးနားကို ၃-၂ ဂိုးဖြင့်အနိုင်ရရှိတဲ့ စီးရီးအေပွဲစဉ်မှာ အံ့ဖွယ်သွင်းဂိုးနဲ့အတူ ဂိုးဖန်တီးမှုတစ်ကြိမ်ပြုလုပ်ပြီးနောက် လွတ်ခ်မန်းက အီတလီအခြေစိုက်သတင်းဌာနတွေရဲ့အာရုံစိုက်မှုကို စွဲဆောင်လာနိုင်ခဲ့ပါတယ်။

သူ့ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်လို့ Gazzetta dello Sport က “အံ့ဖွယ်ဖြစ်ရပ်ဆန်းတစ်ခုနဲ့အတူ မှော်ဆရာ ပြန်လည်ပေါ်ပေါက်လာပြီ”လို့ ရေးသားခဲ့သလို Sky Sport Italia ကလည်း “ ပြီးခဲ့တဲ့ဘောလုံးရာသီလိုပဲ လွတ်ခ်မန်းက ကွင်းအတွင်း အကောင်းဆုံးကစားသမားတစ်ဦးအဖြစ် သူ့ရဲ့ရာသီသစ်ကို ထပ်တူညီစွာ စတင်လိုက်နိုင်ပါပြီ”လို့ ဖော်ပြခဲ့ပါတယ်။

လွတ်ခ်မန်းက အခုလိုစွမ်းဆောင်ရည်ကောင်းတွေကို ရက်ပေါင်း ၂၀၀၀ နီးပါး၊ ပေါင်သန်း ၁၀၀ နီးပါး အချိန်ယူပြင်ဆင်တည်ဆောက်ထားတဲ့ အတ္တလန္တာအသင်းအိမ်ကွင်းသစ် ဂျီဝစ်ကွင်းကြီးမှာ ထုတ်ဖော်ပြသခဲ့တာပါ။ အီတာလျံနေ့စဉ်ထုတ်သတင်းစာဖြစ်တဲ့ Il Giornale ကလည်း “အိမ်ကွင်းသစ်ကြီးရဲ့ မီးရောင်တွေအောက်မှာ လွတ်ခ်မန်းပြန်ရောက်ရှိလာခဲ့ပြီ”လို့ ရေးသားဖော်ပြခဲ့ပါတယ်။

တကယ်တော့ လွတ်ခ်မန်းရဲ့ကစားသမားဘဝကနဦးအစကို ပြန်ကြည့်လိုက်မယ်ဆိုရင် လန်ဒန်အရှေ့တောင်ဘက်ရှိ The Valley အရပ်မှာ ချာလ်တန်အသင်းနဲ့အတူ ထူးခြားဆန်းကျယ်တဲ့ မိုးသည်းညတွေရှိခဲ့တယ်ဆိုတာ မြင်တွေ့ရပါလိမ့်မယ်။

၂၀၁၄ ခုနှစ်မှာ၊ Sunday League ကလပ်အသင်း ဝါတာလူးဆီမှ ခေါ်ယူခဲ့တဲ့ အသက်-၁၇ နှစ်အရွယ်ကစားသမားက အကယ်ဒမီအဆင့်မှာ သွင်းဂိုးစံချိန်သစ်တွေ ဖန်တီးရင်း တောက်ပလာခဲ့လို့ ၁၂ လအကြာမှာပဲ စီနီယာအသင်းအတွက် ပွဲဦးထွက်ကို ပါဝင်ကစားနိုင်ခဲ့ပါတယ်။

၂၀၁၆-၂၀၁၇ ဘောလုံးရာသီမှာ အသင်းဖော်ကွန်ဆာနဲ့အတူ လွတ်ခ်မန်းက လိဂ်ဝမ်းကလပ်မှာ သိသာထင်ရှားတဲ့ အကျိုးသက်ရောက်မှုတစ်ခုကို ပြသနိုင်ခဲ့ပါတယ်။ ကွန်ဆာကလည်း လက်ရှိမှာ အက်စတွန်ဗီလာအသင်းနဲ့အတူ ချန်ပီယံလိဂ်ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နေသလို အင်္ဂလန်လက်ရွေးစင်ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ လွတ်ခ်မန်းရဲ့ ၅ ပေ ၈ လက်မရှိ အရပ်အမောင်းက ပြိုင်ဘက်ကစားသမားတွေနဲ့ယှဉ်ရင် အထက်တန်းကျောင်းသားတစ်ဦးနဲ့ လူကြီးတစ်ဦးလို ဖြစ်နေတယ်လို့ အသင်းဖော်တွေကိုယ်တိုင် ရှုမြင်ခဲ့ကြပါတယ်။

ချာလ်တန်နောက်ခံလူဟောင်း အဒမ်ချစ်ဆန်က “လွတ်ခ်မန်းဟာ သူ့မှာရှိတဲ့ အစွမ်းအစအတိုင်း ဘောလုံးကစားလေ့ရှိပြီး သူလုပ်ခဲ့သမျှအရာရာတိုင်းမှာ အကျိုးသက်ရောက်မှုတစ်ခုရှိအောင် ကြိုစားလေ့ရှိပါတယ်။ သူက ဘောလုံးလက်ခံရယူဖို့ မကြောက်ရွံ့တတ်ပါဘူး။

သူ့ဆီမှာ ဘယ်၊ညာနှစ်ဖက်လုံးနဲ့ ဘောလုံးကစားနိုင်တဲ့စွမ်းရည်ရှိပြီး ပြိုင်ဘက်ကစားသမားတွေကို ကျော်ဖြတ်နိုင်မဲ့ နည်းလမ်းတွေလည်း ရှိနေပြန်ပါတယ်။

ဒါကြောင့် ရလဒ်အဖြစ် ပြိုင်ဘက်အသင်းတွေက ပွဲအစီအမံတွေမှာ သူ့ကိုတားဆီးဖို့ နှစ်ဆတိုးလုပ်ဆောင်လာရပါတယ်။ သူတို့တွေက ကစားသမားရဲ့ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုပိုင်းအရ တွန်းတွန်းတိုက်တိုက်ကစားဖို့ထက် လွတ်ခ်မန်းရဲ့အရည်အသွေးတွေအပေါ် ပိုပြီးတော့ စိုးရိမ်ခဲ့ကြပါတယ်။

လွတ်ခ်မန်းကလည်း ပြိုင်ဘက်တွေစိုးရိမ်နေတဲ့အတိုင်း အတိအကျ လုပ်ဆောင်ပြပြီး အောင်အောင်မြင်မြင်ကျော်ဖြတ်သွားနိုင်ခဲ့ပါတယ်။ သူက ဖိအားဒဏ်တွေကို ခံနိုင်ရည်ရှိပြီး အရေးကြီးတဲ့အခိုက်အတန့်တွေမှာ ပွဲရလဒ်ကို အလှည့်အပြောင်းလုပ်နိုင်စွမ်းရှိပါတယ်။ လွတ်ခ်မန်းက ကျွန်တော်တို့အတွက် နိုင်ပွဲတွေ ရယူပေးခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုအချိန်မှာ လိဂ်တူးကလပ်နော့ကောင်တီအတွက် ကစားပေးနေတဲ့ အသက်-၃၂ နှစ်အရွယ် ချစ်ဆန်က လွတ်ခ်မန်းနဲ့ ရေရှည်တွဲဖက်ကစားခွင့် မရရှိခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ လွတ်ခ်မန်းက ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလမှာ ပရီးမီးယားလိဂ်ကလပ် အဲဗာတန်ဆီ ပေါင် ၁၁ သန်းဖြင့် ပြောင်းရွှေ့သွားခဲ့လို့ ဖြစ်ပါတယ်။

မာဆေးဆိုဒ်ကစားသမားဘ၀ နှစ်နှစ်ခွဲတာကာလအတွင်း လွတ်ခ်မန်းရဲ့တိုးတက်မှုတွေ ရပ်တန့်နေခဲ့ပြီး အသင်းပြောင်းရွှေ့ဖို့ မဖြစ်မနေစဉ်းစားလာခဲ့ရပါတယ်။ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လမှာတော့ လွတ်ခ်မန်းက လိုက်ပ်ဇစ်ဆီ ထွက်ခွာသွားခဲ့ပါတယ်။ လိုက်ပ်ဇစ်ကစားသမားဘဝမှာလည်း သူ့ရဲ့တိုးတက်မှုတွေ ပျောက်ဆုံးနေခဲ့လို့ ဖူလ်ဟမ်၊ လက်စတာတို့ဆီ အငှားထွက်ခဲ့ပြန်ပါတယ်။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လမှာတော့ အတ္တလန္တာနဲ့လက်တွဲဖို့ ကစားသမားကိုယ်တိုင် ဆုံးဖြတ်ချက်ချမှတ်ခဲ့ပါတယ်။

အခုနွေရာသီကာလအတွင်း ပြင်သစ်အင်အားကြီးပီအက်စ်ဂျီနဲ့ အပြောင်းအရွှေ့သတင်းထွက်ပေါ်လာမှုကြောင့် လွတ်ခ်မန်းက ဒဏ်ရာပြဿနာစိုးရိမ်မှုနဲ့အတူ အတ္တလန္တာအတွက် မကစားပေးနိုင်ဘဲ တစ်ဦးတည်းလေ့ကျင့်ရေးဆင်းနိုင်ရေး အသင်းဆီတောင်းဆိုခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ချစ်ဆန်ကတော့ လွတ်ခ်မန်းအနေဖြင့် အခုလိုအတွေးမှားမျိုးမရှိသင့်ဘဲ အဲဗာတန်အသင်းရဲ့ ကြိုးပမ်းမှုရှိလာချိန် ချာလ်တန်နဲ့အတူပြသခဲ့တဲ့ သူ့ရဲ့ပရော်ဖက်ရှင်နယ်ဆန်မှုကိုပဲ ဆက်လက်ကိုင်စွဲသင့်တယ်လို့ အကြံပြုပြောဆိုလိုက်ပါတယ်။

ချစ်ဆန်က “စီနီယာအသင်းဆီ ခုန်ကူးရောက်ရှိသွားချိန် ကိုယ့်ရဲ့တိုးတက်မှုတွေကို ဆက်လက်ပြသဖို့ဆိုတာ ရှားပါးလွန်းတဲ့ဖြစ်စဉ်တစ်ခုပါ။ ဒီကိစ္စထဲမှာ ကိုယ့်ရဲ့အတ္တမာနကိုပါ ထည့်သွင်းလိုက်လို့ မရပါဘူး။ လွတ်ခ်မန်းဆီမှာတော့ အကျင့်စရိုက်လက္ခဏာကောင်းကိုပဲ မြင်တွေ့ခဲ့ရပါတယ်။

သူက အခြေခံကျကျ၊ ပိုကောင်းလာဖို့ ဆန္ဒနဲ့အတူ သင်ယူလိုစိတ်အပြည့် ရှိနေခဲ့ပါတယ်။ ဘာအကူအညီမှမလိုဘူး၊ ငါက နောက်တစ်ဆင့်ဆီရောက်သွားပြီဆိုတဲ့အတွေးမျိုး ဘယ်တုန်းကမှ မရှိခဲ့ပါဘူး။

ဒါက တိုးတက်မှုလမ်းကြောင်းတလျှောက် လွတ်ခ်မန်းဆီမှာ မြင်တွေ့ခဲ့ရတဲ့ ကိုယ်ရည်ကိုယ်သွေးမျိုးပါပဲ။ သူက ဒုက္ခမျိုးစုံကိုကျော်ဖြတ်ပြီး စွမ်းဆောင်ရည်ကို အမြင့်မားဆုံးအဆင့်အထိ ထိန်းထားခဲ့ပါတယ်။

လွတ်ခ်မန်းနဲ့စကားစမြည်ပြောဖြစ်ခဲ့ချိန် သူဟာ အလုပ်ကိုအာရုံစိုက်ပြီး ရိုးသားမှုအပြည့်ရှိသူတစ်ဦးဆိုတာ ကျွန်တော် သိလိုက်ရပါတယ်။

လွတ်ခ်မန်းက အေးအေးဆေးဆေးနေတက်သူတစ်ဦးပါ။ ကွင်းတွင်းမှာ သူ့ရဲ့အကျိုးသက်ရောက်မှုတွေ ရှိနေတာကြောင့် သူကိုယ်တိုင် ကျယ်ကျယ်လောင်လောင်လိုက်ပြောနေဖို့လည်း မလိုအပ်ပါဘူး။ သူ ဘာတွေလုပ်ခဲ့သလဲဆိုတာ သူသိထားခဲ့သလို ဒီလိုအရာတွေကြောင့် ယုံကြည်မှုလည်း ရရှိလာခဲ့ပါတယ်။

လွတ်ခ်မန်းက တက်သစ်စအရွယ်မှာတောင် သူ ဘာတွေလုပ်နိုင်မလဲဆိုတာ သိနေခဲ့ပါတယ်။ ဒီလိုကစားသမားမျိုးနဲ့ တွဲဖက်ကစားခြင်းဖြင့် တစ်စုံတစ်ဦးရဲ့ထက်မြက်မှုကို မြင်တွေ့နိုင်ပါလိမ့်မယ်။ အဲ့ဒီလိုအလားအလာကောင်းစတင်မှုတွေက ထုတ်ဖော်ပြောနေစရာတောင် မလိုအပ်တော့ပါဘူး။

လွတ်ခ်မန်းက တာဝန်ဝတ္တရားကို ဘယ်တုန်းကမှ မရှောင်လွှဲခဲ့ပါဘူး။ ဒါက ကြီးကျယ်ခမ်းနားတဲ့ ဘောလုံးသမားတစ်ဦးရဲ့ လက္ခဏာပါပဲ”လို့ ပြောပါတယ်။

 

Source: soccernet.ng

#jdbkx.net #အတ္တလန္တာ #လွတ်ခ်မန်း #ဘော်လွန်းဒီအော်ဆု #Online #Games  #Myanmar #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

One comment

  • I’m often to blogging and i really appreciate your content. The article has actually peaks my interest. I’m going to bookmark your web site and maintain checking for brand spanking new information.

Leave a Reply

Your email address will not be published. Required fields are marked *