သက်တော်ရာကျော် ထပ်ကာ ရှည်စေသော်

စာအုပ်အမည် – သက်တော်ရာကျော် ထပ်ကာ ရှည်စေသော်
ရေးသားသူ – သင့်လူ
အမျိုးအစား – ဝတ္ထုရှည်

အသက်တစ်ရာကျော်ပြီး တစ်ရာ့တစ်နှစ်ပြည့်ပြီးတဲ့ ဘိုးဘိုးကြီး အယ်လန်ကားလ်ဆန်အကြောင်း ဖြစ်ပါတယ်။ ပြီးတော့ ဇာတ်လမ်းထဲမှာပါတဲ့သူတွေက သမိုင်းစာအုပ်ထဲမှာ ရင်းနှီးပြီးသားသူတွေချည်းပဲလေ။ ဖတ်ရတာ အရမ်းလည်း သွက်ပါတယ်။ ဒီစာအုပ်ကျတော့ အရင်စာအုပ်နဲ့မတူပါဘူး။

ဇာတ်လမ်းထက် အကြောင်းအရာကို ပိုသိချင်စိတ်ဖြစ်သွားတယ်။ ဒီစာအုပ်မှာ ဇာတ်လမ်းက အရေးမကြီးတော့ဘူး။ သူ ဘာတွေ လျှောက်လုပ်မလဲ၊ ဘာတွေဖြစ်လာမလဲဆိုတာတွေတော့ စိတ်၀င်စားတာပေါ့။ ဒါပေမဲ့ သူနဲ့ ဆက်စပ်ပတ်သက်တဲ့ အကြောင်းအရာတွေကလည်း စိတ်၀င်စားစရာချည်းတွေပါပဲ။ ခက်တာက အခြေခံထားတာ မျက်မှောက်ခေတ် အကြောင်းအရာတွေ။ အတိတ်သမိုင်းထက် မျက်မှောက်ခေတ်အခြေအနေကို သိထားရင် ပိုဖတ်လို့ကောင်းမဲ့ စာအုပ်။

ဘာသာပြန်တာတော့ ရှယ်ပါပဲ။ အရမ်းကောင်းပါတယ်။ ဆရာသင့်လူရဲ့ ဘာသာပြန်အရေးအသားကို ဖတ်ရင်းနဲ့ သဘောကျပြီးရင်း ကျပါတယ်။ ဒီစာအုပ်ကို သဘောအကျဆုံးအချက်ကတော့ မူရင်းစာအုပ်ဟာ ၂၀၁၈ မှာ ထုတ်ထားတဲ့ စာအုပ်ပါပဲ။ ဒါကို ဆရာသင့်လူက ၂၀၁၈ ဒီဇင်ဘာ ၃၁ မှာ အပြီးဘာသာပြန်ပြီး ၂၀၁၉၊ ဖေဖော်ဝါရီလမှာ စာဖတ်သူတွေရဲ့လက်ထဲကို ပို့ပေးနိုင်တာ တော်တော်လေး update ဖြစ်တယ်လို့ ဆိုပါရစေ။ မြန်မာစာပေလောကမှာ အိုမင်းဆွေးနေတဲ့ ခုနစ်ဆွေးရှစ်ဆွေးဘာသာပြန်စာအုပ်တွေကြားက ဒီလိုမျိုး စာအုပ်အသစ်ကို ဒီခေတ်စကားတွေနဲ့ဘာသာပြန်ပုံကို ဖတ်ခွင့်ရတာလည်း ၀မ်းသာစရာကောင်းတဲ့အချက်ပါပဲ။ 

 

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #စာအုပ်စင်  #သင့်လူ #သက်တော်ရာကျော်ထပ်ကာရှည်စေသော် #Online #Games #Myanmar #OnlineGamesMyanmar

Loading

One comment

  • I might like this blog, my brother said, and he was entirely right. Seeing this post made my day. You are not aware of the amount of time I invested in finding this information.

Leave a Reply

Your email address will not be published. Required fields are marked *