ပရီးမီးယားလိဂ် လက်ရှိအကောင်းဆုံးနောက်ခံလူကို ရွေးချယ်ပေးလိုက်တဲ့ ဖာဒီနန်
မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ရီယိုဖာဒီနန် ဟာ မန်စီးတီးနဲ့ ပွဲက ဆလီဘာ ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားသွားခဲ့ပေမဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးနောက်ခံလူ ဖြစ်လာဖို့တော့ အများကြီးကြိုးစားရဦးမယ်လို့ သတိပေးသွားခဲ့ပါတယ် ။ ဖာဒီနန်က Vibe with Five မှာ ” ကျွန်တော် အာဆင်နယ် နဲ့ မန်စီးတီးပွဲကို ကြည့်လိုက်ရပါတယ် ။ ကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်လက္ခဏာက ပွဲကြီးတွေမှာ စကားပြောပါတယ် ၊ ဆလီဘာ က ဘောလုံး ရှိရှိ မရှိရှိ သူကစားတာ တကယ့်ကို အေးဆေးတည်ငြိမ်ပြီး မိုက်ပါတယ်။ ကျွန်တော့်အထင် ပြီးခဲ့တဲ့ ၈-ပွဲစလုံး သူ့ကို ကျော်ဖြတ်နိုင်ခဲ့သူမရှိပါဘူး ။ ”
![]()
