တစ်သင်းလုံးမှာ လူဖြူတွေချည်းပါနေလို့ ဝေဖန်ခံနေရတဲ့ အာဆင်နယ်အမျိုးသမီးအသင်း

အင်္ဂလန် အမျိုးသမီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အာဆင်နယ်အမျိုးသမီးအသင်းက ၂ဝ၂၃-၂ဝ၂၄ အမျိုးသမီးလိဂ် ဘောလုံးရာသီကိုဖြတ်သန်းမဲ့ တရားဝင်လူစာရင်းကို ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တစ်သင်းလုံးမှာ လူဖြူအမျိုးသမီးတွေချည်းပဲ ဖြစ်နေလို့ အကြီးအကျယ်ဝေဖန်ခံနေရကြောင်း သိရပါတယ်။အာဆင်နယ်အမျိုးသမီးအသင်းက အင်္ဂလန်မှာ အစောဆုံးပေါ်ထွက်လာတဲ့ အမျိုးသမီးအသင်းတွေထဲက တစ်သင်းဖြစ်သလို အင်္ဂလန် အမျိုးသမီးအသင်းတွေအနက် အအောင်မြင်ဆုံးအသင်းအဖြစ် မှတ်တမ်းဝင်ထားပါတယ်။

Loading

Read more

အာဆင်နယ်ကို စိတ်ပျက်ဖွယ်သရေကျပြီး ချဲလ်ဆီးရဲ့အခက်အခဲ ၃-ရပ်ကို သုံးသပ်လာတဲ့ ဂယ်ရီနဗီးလ်

ချဲလ်ဆီး အသင်းဟာ မနေ့က ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ လန်ဒန်မြို့ခံပြိုင်ဖက် အာဆင်နယ်အသင်းကို ပွဲပြီးခါနီး ၁၃-မိနစ် မတိုင်ခင်အထိ ၂-ဂိုးပြတ်ရလဒ်နဲ့ ဦးဆောင်နေခဲ့ပြီးမှ တစ်ဦးချင်း အမှားတွေကနေ ချေပဂိုးတွေ ပေးပစ်ကာ သရေတစ်မှတ် ခွဲပေးလိုက်ရပါတယ် ။

Loading

Read more

လီဗာပူးနဲ့ အာဆင်နယ်တို့ ရာသီကုန်မှာ ရပ်တည်နိုင်မယ့် အဆင့်ကို ခန့်မှန်းလိုက်တဲ့ ကာရေဂါ

မန်ချက်စတာစီးတီးတို့ နောက်ပိုင်းမှာ ပုံစံကောင်း မရဖြစ်နေခဲ့ပေမယ့်လည်း ဂျေမီကာရေဂါက လီဗာပူး နဲ့ အာဆင်နယ် တို့ဟာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ ဒုတိယနေရာ အတွက်သာ တိုက်ပွဲ၀င်သွားရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မန်စီးတီးဟာ ၆-ပွဲဆက် အနိုင်ရလဒ်နဲ့ ပရီးမီးယားလိဂ်ကို တာထွက်နိုင်ခဲ့ပေမယ့်လည်း နောက်ဆုံး ၂-ပွဲမှာ ဝုဖ်ကို ၂-၁ ၊ အာဆင်နယ်ကို ၁-၀ နဲ့ ရှုံးကာ ဖလားပြိုင်ဘက်တွေကို အားတက်စေခဲ့ပါတယ်။

Loading

Read more
 ဒီအပတ် လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်ကို ရင်ဆိုင်ဖို့ ချယ် ဆီးမှာ အားသာချက် ရှိနေကြောင်း ပေါမာဆန် ဖော်ထုတ်

ဒီအပတ် လန်ဒန်ဒါဘီပွဲမှာ အာဆင်နယ်ကို ရင်ဆိုင်ဖို့ ချယ်လ်ဆီးမှာ အားသာချက် ရှိနေကြောင်း ပေါမာဆန် ဖော်ထုတ်

စနေနေ့ ရင်ဆိုင်ကစားမယ့် ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ရဲ့စတမ်းဖိုဒ်ဘရစ်ချ်ပွဲစဉ်မှာ ပိုချက်တီနိုရဲ့အသင်းဟာ အားသာချက် အချို့ရှိနေတယ်လို့ ပေါမာဆန်က သုံးသပ်လာပါတယ်။နှစ်သင်းကြား ရမှတ် ၉- မှတ် ကွာဟနေတာဖြစ်ကာ၂၀၁၈-တည်းက ချယ်လ်ဆီးဟာ အိမ်ကွင်းမှာ အာဆင်နယ်ကို အနိုင်မရထားပါဘူး။ ဒီပွဲရလဒ်ဟာ ချယ်ဆီးတို့ ပရီးမီးယားလိဂ် ပြိုင်ဆိုင်မှုထဲ ဝင်လာမလား ၊ အာဆင်နယ်ကပဲ ရှေ့ပိုတိုး ရောက်သွားမလား အဆုံးအဖြတ် ဖြစ်လာနိုင်ပါတယ်။

Loading

Read more

နောက်ဆုံးရအားကစားသတင်းများ

ဘရာဇီး တိုက်စစ်မှူး နေမာ ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ဒူး အရွတ်စုတ်ပြဲဒဏ်ရာ ရရှိသွားကြောင်း အယ်ဟီလေ ကလပ်က ထုတ်ပြန် ကြေညာသွားခဲ့ပြီး မကြာခင် ရက်အတွင်းမှာ ခွဲစိတ်ကုသကာ ကာလရှည် အနားယူရနိုင်တယ်လို့ သိရပါတယ် ။

Loading

Read more

ဟာဇက်ကိုပြန်ခေါ်ပြီး အခွင့်အရေးပေးချင်တယ်လို့ ဖွင့်ဟလာတဲ့ ကီဗင်နိုလန်

ချဲလ်ဆီးနဲ့ ရီးရဲလ်မက်ဒရစ် တောင်ပံကစားသမားဟောင်း အီဒင်ဟာဇက်ဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ လက်ရှိ အသက် ၃၂-နှစ်အရွယ်မှာပဲ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကနေ တရားဝင်အနားယူကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ် ။ ဟာဇက် တစ်ယောက် အခုလို အသက်ငယ်ငယ်နဲ့ အနားယူသွားတာရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ရီးရဲလ်မက်ဒရစ်မှာ မကြာခဏရခဲ့တဲ့ ဒဏ်ရာပြဿနာတွေရဲ့ နှိပ်စက်ခြင်းကြောင့်လို့ ယေဘူယျ ခြုံပြောရမှာ ဖြစ်ပါတယ် ။

Loading

Read more
Noni Madueke is learning to score more goals

ဆာလာနဲ့ အမ်ဘတ်ပေတို့ရဲ့ ကစားပုံကိုလေ့လာနေကြောင်း ဖွင့်ဟလာတဲ့ ချဲလ်ဆီးစတား

လက်ရှိ နိုင်ငံတကာ ပွဲကာလအတွင်း သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင် အသင်းတွေဆီ သွားရောက်တာဝန်ထမ်းဆောင်နေကြတဲ့ ချဲလ်ဆီး ကစားသမား တချို့ရှိပြီး ထိုအထဲမှာ အင်္ဂလန် ယူ ၂၁-တောင်ပံကစားသမား နွန်နီမက်ဒူးကီလည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ် ။ မက်ဒူးကီဟာ ဒီရာသီ ချဲလ်ဆီးမှာ ကာရာဘောင်ဖလား ဒုတိယအဆင့် ပွဲတစ်ပွဲသာ ပွဲထွက်ခွင့် ရထားပေမဲ့ အင်္ဂလန် ယူ၂၁-အသင်းမှာ ဆက်လက် ရွေးချယ်ခံထားရပါတယ် ။ တမြန်နေ့ညက ကစားခဲ့တဲ့ ဆားဘီးယား ယူ၂၁-အသင်းနဲ့ ဥရောပချန်ပီယံရှစ် ခြေစစ်ပွဲမှာ မက်ဒူးကီ တစ်ယောက် ပွဲထွက်ခွင့်ရခဲ့ပါတယ် ။

Loading

Read more

မန်ချက်စတာယူနိုက်တက်ကိုဝယ်ယူမည့် ကမ်းလှမ်းမှုများကို ရုပ်သိမ်း

ကာတာစီးပွားရေးလုပ်ငန်းရှင် Sheikh Jassim ဟာ မန်ချက်စတာယူနိုက်တက်အသင်းကိုဝယ်ယူဖို့အတွက် ဒီနေ့မှာ လက်ရှိအသင်းပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုနဲ့ ဆွေးနွေးမှုအပြီးမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီးဖြစ်ကြောင်း သတင်းတွေကဖော်ပြပါတယ်။

Loading

Read more
အယ်လ်နက်ဆာနဲ့ အင်တာမိုင်ယာမီ ဘယ်အသင်းပိုကောင်းလဲ

အယ်လ်နက်ဆာနဲ့ အင်တာမိုင်ယာမီ ဘယ်အသင်းပိုကောင်းလဲ

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့ အယ်လ်နက်ဆာအသင်းဟာ ကမ္ဘာ့ကလပ်အဆင့်သတ်မှတ်ချက်မှာ မက်ဆီရဲ့ အင်တာမိုင်ယာမီထက် သိသိသာသာ မြင့်မားနေတာ တွေ့ရပါတယ်။ ရော်နယ်ဒိုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီမှာ ဆော်ဒီမြေကိုရောက်ခဲ့ပြီးနောက် နွေဈေးကွက်မှာတော့ ကြယ်ပွင့်အများစုဟာ အရှေ့အလယ်ပိုင်းကို လိုက်ပါလာခဲ့ကြတာဖြစ်တယ်။

Loading

Read more
ပရီးမီးယားလိဂ် လက်ရှိအကောင်းဆုံး‌နောက်ခံလူကို ရွေးချယ်ပေးလိုက်တဲ့ ဖာဒီနန်

ပရီးမီးယားလိဂ် လက်ရှိအကောင်းဆုံး‌နောက်ခံလူကို ရွေးချယ်ပေးလိုက်တဲ့ ဖာဒီနန်

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူဟောင်း ရီယိုဖာဒီနန် ဟာ မန်စီးတီးနဲ့ ပွဲက ဆလီဘာ ရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးပြောကြားသွားခဲ့ပေမဲ့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး‌နောက်ခံလူ ဖြစ်လာဖို့တော့ အများကြီးကြိုးစားရဦးမယ်လို့ သတိပေးသွားခဲ့ပါတယ် ။ ဖာဒီနန်က Vibe with Five မှာ ” ကျွန်တော် အာဆင်နယ် နဲ့ မန်စီးတီးပွဲကို ကြည့်လိုက်ရပါတယ် ။ ကစားသမားတွေရဲ့ ကိုယ်ရည်ကိုယ်သွေး စရိုက်လက္ခဏာက ပွဲကြီးတွေမှာ စကားပြောပါတယ် ၊ ဆလီဘာ က ဘောလုံး ရှိရှိ မရှိရှိ သူကစားတာ တကယ့်ကို အေးဆေးတည်ငြိမ်ပြီး မိုက်ပါတယ်။ ကျွန်တော့်အထင် ပြီးခဲ့တဲ့ ၈-ပွဲစလုံး သူ့ကို ကျော်ဖြတ်နိုင်ခဲ့သူမရှိပါဘူး ။ ”

Loading

Read more
1 24 25 26 27 28 29