ဆီဗီးလား နဲ့ ပွဲမှာ ရာယာ နှင့် ရမ်စ်ဒေးလ် ဘယ်သူ့ကို ပွဲထွက်အသုံးပြုမလဲ

အာဆင်နယ် အသင်းနည်းပြ အာတီတာ က ဒီကြားရက်မှာကစားမယ့် ဆီဗီးလားအသင်း နဲ့ ချန်ပီယံလိဂ် အုပ်စုပွဲမှာ ဒေးဗစ်ရာယာကို ဆက်လက် အသုံးပြုသွားမှာ ဖြစ်ကြောင်း အရိပ်အမြွက်ပြောကြားလိုက်ပါတယ် ။

စပိန်လက်ရွေးစင် ဒေးဗစ်ရာယာ ဟာ နောက်ဆုံးကစားခဲ့တဲ့ ချဲလ်ဆီးအသင်းနဲ့ ပွဲမှာ အမှားတစ်ချို့ ရှိခဲ့ပြီး ချဲလ်ဆီးအသင်းရရှိခဲ့တဲ့ ဒုတိယဂိုး က ရာယာရဲ့ပေါ့ဆမှုကြောင့် ပေးလိုက်ရတာဖြစ်ပါတယ် ။ အာဆင်နယ်နည်းပြ အာတီတာဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဂိုးသမားနေရာအတွက် ပြိုင်ဆိုင်မှုရှိအောင် ဘရန့်ဖိုဒ့်အသင်းကနေ ဒေးဗစ်ရာယာကို အပြီးသတ် ခေါ်ယူခွင့်ပါရှိတဲ့ အငှားစာချုပ်နဲ့ ခေါ်ယူခဲ့ပါတယ်။

အာဆင်နယ်နည်းပြ အာတီတာဟာ ရာယာ ရောက်လာချိန်မှာ ရှိရင်းစွဲဂိုးသမား အာရွန်ရမ်စ်ဒေးလ် ကို အရန်ခုံပို့ပြီး ရာယာ ကို ပွဲထွက် အသုံးပြုခဲ့ပါတယ် ။ ရာယာ ဟာ အာဆင်နယ်အသင်း ရဲ့ နောက်ဆုံး ၈-ပွဲမှာ ၇-ပွဲ အထိ ပွဲထွက် ကစားခွင့် ရထားပါတယ် ။ ဒါပေမဲ့ နောက်ပိုင်းတွေမှာ ရာယာ အမှားများလာတာကြောင့် ရမ်စ်ဒေးလ် ပွဲထွက်ခွင့် ပြန်ရနိုင်တဲ့ အနေအထားလည်း ရှိနေပါတယ် ။

ချဲလ်ဆီး နဲ့ ပွဲမှာ အာဆင်နယ် ပရိသတ်တွေဟာ ဇနီးဖြစ်သူ မီးဖွားတာကြောင့် ပါဝင်ကစားနိုင်ခြင်းမရှိတဲ့ ရမ်စ်ဒေးလ် ရဲ့ နာမည်ကို အော်ဟစ်သီဆိုခဲ့ကြပါတယ် ။ အာဆင်နယ်နည်းပြ အာတီတာ ကတော့ ဆီဗီးလားနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ဂိုးသမားတစ်ဦး တစ်ပွဲလောက် မကောင်းတာနဲ့ ပွဲထွက် လူစာရင်းကနေ ဖယ်ရှားသွားမှာမဟုတ်ကြောင်း ပြောကြားသွားခဲ့ပါတယ် ။

“အမှားဆိုတာက ဘောလုံး အားကစား ရဲ့တစ်စိတ်တစ်ပိုင်းပါပဲ ၊ အမှားလုပ်မိတယ် ဆိုတာမျိုးက ဖြစ်တတ်ပါတယ် ၊ နောက်ခံလူတွေ တိုက်စစ်မှူးတွေ ဂိုးသမား‌တွေအားလုံး အမှားလုပ်ဖူးကြတာပါပဲ ။ အမှားလုပ်တိုင်း လူစာရင်းကို အပြောင်းအလဲ လုပ်နေမှာ မဟုတ်ပါဘူး ၊ မနက်ဖြန်ကျရင် line-up ဘယ်လို ထွက်လာမလဲ ခင်ဗျားတို့ တွေ့ရမှာပါ” လို့ ဆိုပါတယ် ။

Source : Metro.co.uk

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

#ဒေးဗစ်ရာယာ #အာရွန်ရမ်စ်ဒေးလ် #ပွဲထွက်ခွင့် #Online #Game #Myanmar #OnlineGameMyanmar

Loading

Leave a Reply

Your email address will not be published. Required fields are marked *