
“ပတ်ဒရို”ကို “မွေးရာပါ ဒိုင်ဗင်ပစ်သူ”လို့ ခေါင်းစဉ်တပ် စွပ်စွဲသွားတဲ့ မော်ရင်ညို
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ညက ကစားသွားတဲ့ ရောမဒါဘီ လာဇီယို – ရိုးမား ပွဲဟာ ဂိုးမရှိသရေနဲ့ ပြီးဆုံးသွားခဲ့ပါတယ် ။ ဒီပွဲဟာ ချဲလ်ဆီး နည်းပြဟောင်း ၂-ဦး ဖြစ်တဲ့ မော်ရစ်ဇီယို ဆာရီနဲ့ ဟိုဆေး မော်ရင်ညိုတို့ရဲ့ ထိပ်တိုက်တွေ့ဆုံမှုလည်း ဖြစ်ပါတယ် ။ တိုက်စစ်အသားပေးကစားတာ နှစ်သက်တဲ့ ဆာရီရဲ့ လာဇီယိုနဲ့ ခံစစ်ကို ကျစ်ကျစ်လျစ်လျစ်နဲ့ ချဉ်းကပ်တတ်တဲ့ Special One မော်ရင်ညိုရဲ့ ရိုးမားတို့ ထိပ်တိုက်တွေ့ဆုံမှုက သရေရလဒ်နဲ့ အဆုံးသတ်သွားခဲ့တာ မျှတမှုရှိခဲ့ပါတယ် ။ ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ညိုက ဆာရီနဲ့ သူ့အကြားက ဆက်ဆံရေးကို အခုလိုပဲ ဖွင့်ဟလာပါတယ် ။
မော်ရင်ညို က “သူဟာ ကျွန်တော်နဲ့ အမြဲ စစနောက်နောက် ရှိပါတယ် ။ ဒီနေ့ပွဲမတိုင်ခင် ရှေ့ ၂ -ပတ်လုံး ကျွန်တော်တို့ ၂-ယောက် တစ်ဦးကို တစ်ဦး စနောက်နေခဲ့ကြတာပါ ။ ကျွန်တော်တို့ ၂-ယောက်က တစ်ယောက်ကို တစ်ယောက် နှစ်သက်ကြပါတယ် ။ ”
“ပွဲအပြီးမှာလည်း ဒီနေ့ သရေရလဒ်ရဲ့ အဓိပ္ပါယ်က ရှေ့ ၂-ပတ်လုံး ဘယ်သူမှ ဒီပွဲအပြီး ပြုံးနိုင်ကြမှာ မဟုတ်ပါဘူးဆိုပြီး ထပ်နောက်ခဲ့ပါသေးတယ် ။ ဒါပေမဲ့ ဘယ်သူမှလည်း ငိုနေကြမှာ မဟုတ်ပါဘူး ။ ဒါဟာ သရေကျခြင်းရဲ့ အဓိပ္ပါယ်ပါပဲ ။ ” လို့ ပြောကြားခဲ့ပါတယ် ။ တစ်ဖက်မှာ မော်ရင်ညိုဟာ ချဲလ်ဆီးသို့ ဒုတိယတကြိမ် ပြန်ရောက်လာအပြီး ရာထူးက အထုတ်ခံခဲ့ရတဲ့ တတိယနှစ်မှာ ဘာစီလိုနာကနေ စပိန်တောင်ပံကစားသမား ပတ်ဒရို ရိုဒရီဂွက်ဇ်ကို ခေါ်ယူခဲ့ပြီး ၊ တနင်္ဂနွေနေ့ညကတော့ ၄င်းကို ပြိုင်ဖက်အဖြစ်နဲ့ ရင်ဆိုင်ခဲ့ရပါတယ် ။
လာဇီယိုမှာ ၂-နှစ်ကျော်ကြာ ကစားလာတဲ့ ပတ်ဒရိုဟာ ထိုမတိုင်ခင်က ရိုးမားမှာလည်း တစ်ရာသီကြာ ကစားခဲ့ပါသေးတယ် ။ ပွဲအပြီးမှာ မော်ရင်ညိုက ပတ်ဒရိုဟာ မွေးကတည်းက ဒိုင်ဗင်ထိုးလာတဲ့သူလို့ ခေါင်းစဉ်တပ် စွပ်စွဲသွားပါတယ် ။
မော်ရင်ညို က ” ကျွန်တော်ဟာ မန်ချီနီကို ပတ်ဒရိုနဲ့ တစ်ယောက်တည်း မထားချင်ခဲ့ပါဘူး ။ သူ့ကို ကူညီပေးဖို့ ကားစ်ဒေါ့ပ်ကို ကျွန်တော် လိုအပ်ခဲ့ပါတယ် ။ ပတ်ဒရိုဟာ အံ့သြဖွယ်ကောင်းတဲ့ ကစားသမား တစ်ယောက် ဖြစ်ပေမဲ့ ၊ သူဟာ မွေးရာပါဒိုင်ဗင်ပစ်တဲ့ ကစားသမား တစ်ယောက် ဖြစ်သလို ၊ ရေကူးကျွမ်းကျင်သူလည်း ဖြစ်ပါတယ် ။ သူဟာ ရေကန်ထဲကို ခုပဲ လှလှပပ ခုန်ကူးသွားတာပါ ။ ” လို့ ပြောကြားခဲ့ပါတယ်။
Source : romapress.net : dailypost.ng
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ
#jdbkx.com #အားကစားသတင်း #ပတ်ဒရို #မော်ရင်ညို #မွေးရာပါဒိုင်ဗင်ပစ် #လာဇီယို #ရိုးမား #ချဲလ်ဆီး #Online #Games #Myanmar #OnlineGamesMyanmar