ချဲလ်ဆီး နည်းပြ ရာထူးဟာ သူ လုပ်ခဲ့ဖူးတဲ့ အလုပ် ၂ခုလောက် မခက်ကြောင်း ထုတ်ပြောလာတဲ့ ပိုချက်တီနို

ချဲလ်ဆီး နည်းပြ ရာထူးဟာ သူ လုပ်ခဲ့ဖူးတဲ့ အလုပ် ၂-ခုလောက် မခက်ကြောင်း ထုတ်ပြောလာတဲ့ ပိုချက်တီနို

ပီအက်စ်ဂျီနဲ့ တော့တင်ဟမ် နည်းပြဟောင်း မော်ရစ်စီယို ပိုချက်တီနိုဟာ ပြီးခဲ့တဲ့ ဇူလိုင်အစမှာ ချဲလ်ဆီး နည်းပြသစ် တရားဝင် ဖြစ်လာခဲ့ကာ ၃-နှစ်စာချုပ် ချုပ်ခဲ့ပါတယ် ။ အခုအခါမှာ သူ့ရဲ့ စီမံကိန်းက ၃-လနီးနီး ကြာမြင့်နေပြီဖြစ်ရာ ချဲလ်ဆီး ပရိသတ်တွေဟာ ၄င်းရဲ့ လုပ်ရည်ကိုင်ရည် ဘယ်လောက်ရှိလဲဆိုတာ အတိုင်းအတာ တစ်ခုအထိ သတိထားမိနေကြပြီ ဖြစ်ပါတယ် ။

ယင်းအာဂျင်တိုင်းသားဟာ အမေရိကန် ရာသီကြို ခရီးစဉ်အတွင်း ရှုံးပွဲမရှိ စွမ်းဆောင်ကာ ၊ အကယ်ဒမီထွက်တွေနဲ့ အခြားသော လူငယ် ကြယ်ပွင့် အမြောက်အမြားကို ထိုကာလအတွင်း နေရာပေးခဲ့ကာ ၊ ၄င်းတို့ထံကနေ အလားအလာရှိတဲ့ ခြေစွမ်းတွေလည်း မြင်တွေ့ခဲ့ရပါတယ် ။

ထိုခရီးစဉ် အပြီးနဲ့ နွေရာသီ စျေးကွက် မပိတ်သိမ်းခင်ကာလအတွင်း အပြောင်းအလဲများစွာ ဖြစ်ခဲ့ပြီး ၊ ပိုချက်တီနိုဟာ ဘရိုက်တန်ကနေ အီကွေဒေါ လက်ရွေးစင် ကွင်းလယ်လူ မွိုက်ဆက်စ် ကိုင်စီဒို အပြင် အခြားသော စတား တချို့ကို ကြေးကြီးပေးပြီး ခေါ်ယူခဲ့ပါတယ် ။

ဒီလို ခေါ်ယူခဲ့ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်က ရာသီကြို ကာလအတွင်း ခြေစွမ်းပြခဲ့ကြတဲ့ လူငယ်တချို့ကို အငှားရောက်သွားစေခဲ့သလို ၊ တချို့ကလည်း အသင်းမှာ နေရာမရ ဖြစ်ခဲ့ကာ ၊ လက်ရှိ အသင်းလိုက် ခြေစွမ်းကလည်း ဘယ်လိုမှ ဟန်ချက်မျှမှု မရှိတော့ပါဘူး ။

ပရီးမီးယားလိဂ် ၆ပွဲ ကစားထားပြီးချိန် စောစောစီးစီး ၃-ပွဲ ရှုံးထားကာ ၊ ၅-မှတ်သာ စွမ်းဆောင်ပေးနိုင်ခဲ့ပြီးနောက် ချဲလ်ဆီး နည်းပြ ရာထူးကနေ အထုတ်ခံရဖို့ အလားအလာတွေ မြင့်တက်နေတဲ့ ပိုချက်တီနိုကတော့ မနေ့က သတင်းစာရှင်းလင်းပွဲမှာ လက်ရှိအလုပ်ဟာ ဆောက်သမ်တန်နဲ့ တော့တင်ဟမ်မှာတုန်းလောက် မခက်ခဲကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ် ။

ပိုချက်တီနို က ” ဒီအလုပ်ဟာ ဆောက်သမ်တန်နဲ့ တော့တင်ဟမ်မှာ ရှိခဲ့စဉ်ကလောက် မခက်ပါဘူး ။ ကျွန်တော့ကို ယုံပါ ။ ကျွန်တော်တို့မှာ ပျောက်ဆုံးနေတဲ့ တခုတည်းသော အရာက သွင်းဂိုးတွေပါ ။ ဆောက်သမ်တန်နဲ့ တော့တင်ဟမ်မှာတုန်း ကစားပုံတွေကို ခင်ဗျား မြင်ဖူးရင် ၊ ကျွန်တော်ကတော့ လက်ရှိ အသင်းရဲ့ ကစားပုံက ပိုကောင်းတယ်လို့ ထင်ပါတယ် ။ ”

” ဒီမှာ ကျွန်တော်တို့ဟာ အများကြီး ပိုကောင်းအောင် စွမ်းဆောင်ပြနေပါတယ် ။ ဒါပေမယ့် ဘောလုံးမှာ အရေးကြီးဆုံး အရာ ဖြစ်တဲ့ ဂိုးသွင်းနိုင်ဖို့ဟာ ကျွန်တော်တို့ဆီမှာ ပျောက်ဆုံးနေပါတယ် ။ ဒါပေမယ့် အရင်က အတွေ့အကြုံတွေထက်တော့ ဒါက ဒီလောက် မခက်ခဲပါဘူး ။ ”

” တော့တင်ဟမ်မှာတုန်းက အခြေအနေက မတူခဲ့ပါဘူး ။ အသင်းရဲ့ အပြောင်းအလဲက ကျွန်တော်တို့နဲ့ အတူတူ အခြေတည် ဖြစ်ခဲ့ပြီး ၊ ၆-လ ၊ တနှစ်အတွင်း ကျွန်တော်တို့ဟာ ကလပ်ကို ကိုယ်ပိုင် ဒီဇိုင်း အိုင်ဒီယာတွေနဲ့ ပြုပြင်တည်ဆောက်ခဲ့တာပါ ။ ”

” ဒီမှာတော့ အစီအစဉ်တွေ ချပြီးသားပါ ။ ကျွန်တော်တို့ ဒီကို ရောက်လာတယ် ၊ ဒီပရောဂျက်ကြီး တိုးတက်အောင် ကြိုးစားနေကြပါတယ် ။ ဒီကို ကျွန်တော် ရောက်ကတည်းက အစီအစဉ်တွေ စတင် အလုပ်လုပ်နေပါပြီ ။ ခုတော့ ကျွန်တော်ဟာ ဒီအစီအစဉ်တွေရဲ့ တစိတ်တပိုင်းမှာ ပါဝင်နေပါတယ် ။ ”

” ဟုတ်ပါတယ် ။ တော့တင်ဟမ်မှာတုန်းကလို ကျွန်တော့မှာ အရာရာ တာဝန်အပြည့် ရှိပါတယ် ။ ဒါပေမယ့် နည်းနည်းတော့ ကွဲပြားခြားနားတယ်လို့ ကျွန်တော် ထင်ပါတယ် ။ ” လို့ ပြောကြားခဲ့ပါတယ် ။

Source: KeepUp

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *