ပီအက်စ်ဂျီအသင်း တိုက်စစ်ကစားသမား နေမာအနေဖြင့် အသင်းဟောင်း ဘာစီလိုနာအသင်းသို့ အငှားစာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့ ကစားရန် ကြိုးပမ်းနေ


ပီအက်စ်ဂျီအသင်းက အရောင်းစာရင်း တင်သွင်းထားသည့် တိုက်စစ်ကစားသမား နေမာသည် လက်ရှိကစားသမား အပြောင်းအရွှေ့ကာလမပြီးဆုံးမီ အသင်းဟောင်း ဘာစီလိုနာအသင်းသို့ အငှားစာချုပ်ဖြင့် ပြန်လည်ပြောင်းရွှေ့ ကစားရန် ကြိုးပမ်းနေကြောင်း သိရသည်။

အသက် ၃၁ နှစ်အရွယ် နေမာသည် ၂၀၁၇ ခုနှစ်က ဘာစီလိုနာအသင်းမှ ပီအက်စ်ဂျီအသင်းသို့ စံချိန်တင်ပြောင်းရွှေ့ကြေး တစ်ရပ်ဖြစ်သည့် ယူရို (၂၂၂) သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့ပြီး ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း လေးနှစ် ကျန်ရှိနေသူဖြစ်သည်။

နေမာသည် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်း လေးနှစ်ကျန်ရှိ နေသေးသော်လည်း ပီအက်စ်ဂျီအသင်းက လက်ရှိနွေရာသီ ကစား သမား အပြောင်းအရွှေ့ ကာလတွင် အရောင်းစာရင်း တင်သွင်းထားခြင်း ဖြစ်ပြီး အစောပိုင်းက ချယ်လ်ဆီး အသင်းနှင့်သတင်းများ ထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်ထိ အပြောင်း အရွှေ့ မဖြစ်မြောက်သေးခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ဘာစီလိုနာ အသင်းအနေဖြင့် အသင်းဘဏ္ဍာရေး အကျပ်အတည်းနှင့် တွေ့ကြုံနေရ၍ နေမာ၏ မြင့်မားသည့် ပြောင်းရွှေ့ကြေးနှင့် မြင့်မားသည့် လုပ်ခလစာများကြောင့် ခေါ်ယူရန် အခက်အခဲ ရှိနေသော်လည်း နေမာကိုယ်တိုင်က ပြောင်းရွှေ့ကစားလိုသည့် အတွက် တစ်ရာသီ အငှားစာချုပ်ဖြင့် လုပ်ခလစာလျှော့ချပြီး ပြောင်းရွှေ့ကစားရန် ကြိုးပမ်းနေကြောင်း သိရသည်။

Source – spot.es

#jdbkx.live #jdbkx #myanmarcasino #onlinegames

အကောင့်ပြုလုပ်ရန်  👉  Link

Loading

Leave a Reply

Your email address will not be published. Required fields are marked *