
မက်ဆီ ရဲ့ဂျာစီ ဝယ်လိုအားများလွန်းနေတာကြောင့် ဘက်ခမ်း ကိုယ်တိုင် အခက်အခဲကြုံ
ဒေးဗစ်ဘက်ခမ်း ရဲ့အင်တာမီယာမီ အသင်းဟာ ဒီနှစ် ဇူလိုင်လမှာ မေဂျာလိဂ်ရဲ့ အကြီးကျယ်အခမ်းနားဆုံး ခေါ်ယူမှူတစ်ခုအဖြစ် လီယွန်နယ် မက်ဆီ ကို ခေါ်ယူအားဖြည့် ခဲ့ပါတယ် ။ ဘာလွန်းဒေါ ၇-ကြိမ်ဆုရှင် မက်ဆီ အမေရိကကို ရောက်လာချိန်မှာ အင်တာမိုင်ယာမီ အသင်းရဲ့ပွဲလက်မှတ် ၊ အင်္ကျီ နှင့် အမှတ်တရ ပစ္စည်းတွေဟာ တစ်ဟုန်ထိုး ရောင်းအားတက်ခဲ့ပြီး ပစ္စည်းပြတ်တဲ့အထိ ဖြစ်ခဲ့ရပါတယ် ။

New York Times ရဲ့ ဖော်ပြချက်အရ မက်ဆီ ရဲ့ ပန်းရောင်ဂျာစီဟာ ရောင်းအား ကောင်းလွန်းနေတာကြောင့် ဘက်ခမ်းကိုယ်တိုင်တောင် သူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ အတွက် စောင့်ဆိုင်းနေရတဲ့အထိဖြစ်နေတယ်လို့ သိရပါတယ် ။
အင်တာမီယာမီအသင်းရဲ့ ပူးတွဲပိုင်ရှင်ဖြစ်သလို ကမ္ဘာကျော်ပုဂ္ဂိုလ်တစ်ဦးလည်းဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းအနေနဲ့ Adidas က မက်ဆီ ရဲ့ ဂျာစီကိုထုတ်နိုင်တာထက် ပိုပြီးရောင်းချထားတာကြောင့် အာဂျင်သား ရဲ့ဂျာစီရဖို့ စောင့်ဆိုင်းနေရတာဖြစ်ပါတယ် ။
အင်တာမိုင်ယာမီ ဂျာစီဟာ မြောက်အမေရိကရဲ့ အရောင်းရဆုံး ဘောလုံးဂျာစီ အဖြစ် မန်ချက်စတာယူနိုက်တက် ၊ ရီးယဲလ်မက်ဒရစ် ၊ ယူဗင်တပ်စ် ၊ ဘိုင်ယန်မြူးနစ် နှင့် အာဆင်နယ် တို့ကို ကျော်ဖြတ်ပြီးလည်း ရပ်တည်နေပါတယ် ။
၂၀၂၄- ခုနှစ်မှာ မက်ဆီရဲ့ဂျာစီ ထုတ်လုပ်နိုင်စွမ်းနှင့်ဝယ်လိုအား အခုလို မမျှမတ မဖြစ်တော့ဖို့ ထုတ်လုပ်သူတွေ ဘက်ကယုံကြည်မှု ရှိနေပါတယ် ။ အင်တာမီယာမီ အသင်းရဲ့လာမယ့်ရာသီသစ်အတွက် ဂျာစီသစ်ကိုဖေဖော်ဝါရီလအတွင်း စတင်မိတ်ဆက်သွားဖို့ ရှိပါတယ် ။
Source : Axios.com
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
#မက်ဆီရဲ့ဂျာစီ #ဝယ်လိုအားများလို့အခက်ကြုံ #အင်တာမိုင်ယာမီ #Online #Game #Myanmar #OnlineGameMyanmar