နိုင်ပွဲအပြည့်အဝရဖို့ အာရုံစိုက်နေတဲ့ အာမိုရင်

ဘောက်ဆင်ဒေးမှာ နိုင်ပွဲအပြည့်အဝရဖို့ အာရုံစိုက်နေတဲ့ အာမိုရင်

ယူနိုက်တက်နည်းပြ အာမိုရင်က သူ့အနေနဲ့ လာမဲ့ဘောက်ဆင်ဒေးပွဲအဖြစ် ဂုဗ်နဲ့ပွဲမှာ နိုင်ပွဲရဖို့ အာရုံအပြည့်အဝစိုက်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။

နိုင်ပွဲအပြည့်အဝရဖို့ အာရုံစိုက်နေတဲ့ အာမိုရင် jdbkx

အာမိုရင်ဟာ ယူနိုက်တက်အသင်းမှာ ရလဒ်တွေဆက်တိုက်ဆိုးဝါးနေပြီး ပြီးခဲ့တဲ့နောက်ဆုံး ၂ ပွဲမှာ တော့ တင်ဟမ်ကို ၄-၃ နဲ့အရေးနိမ့်ပြီး ကာရာဘောင်ကနေထွက်ခွာခဲ့ရသလို အဲ့နောက်ပရီးမီးယားလိဂ်မှာလည်း ဘုန်းမောက်ကို ၃ ဂိုးပြတ်နဲ့ ထပ်မံအရေးနိမ့်ခဲ့ပါတယ်။

ယူနိုက်တက်ဟာ အဆိုပါရလဒ်တွေကြောင့် ခရစ္စမတ်ကာလ ပထမဆုံးအကြိမ် အဆင့် ၁၃ နေရာမှာ ရပ်တည်ခဲ့ကာ အဆင့် ၅ နေရာနဲ့ ၆ မှတ်သာ ကွာဟနေပါတယ်။

“ကျွန်တော် အနိုင်ရချင်ပါတယ်။ ခရစ္စမတ်ကို ကျွန်တော်ဂရုမစိုက်ပါဘူး။ လက်ရှိပွဲအတွက်ပဲ အာရုံစိုက ထားပါတယ်။ ကျွန်တော်တို့ အဲ့ပွဲကိုအနိုင်ရဖို့ လိုအပ်ပါတယ်။ အဲ့တာက တစ်ခုတည်းသောအရာဖြစ်သလို ပရိသတ်တွေအတွက်လည်း ကောင်းပါတယ်။ ကျွန်တော်တို့က တစ်ပန်းသာပါတယ်။ ဒါကြောင့် ဘောက်ဆင်ဒေးမှာ ပရိသတ်တွေကို ကျွန်တော်တို့ ပျော်ရွှင်မှုပေး ချင်ပါတယ်”လို့ အာမိုရင်က ပြောကြားခဲ့ပါတယ်။

ဝုဗ်နည်းပြသစ် ဗစ်တာပါရဲရားကတော့ လက်စတာနဲ့ပွဲမှာ ၃ မှတ်ပြည့်ရယူနိုင်ခဲ့ပြီး လာမဲ့ယူနိုက်တက်နဲ့ပွဲမှာလည်း ဆက်လက် တိုးတက်လာနိုင်ဖို့ မျှော်လင့်နေပါတယ်။

“ကျွန်တော်တို့ တိုးတက်ချင်ပါတယ်။ ကျွန်တော်တို့ တနင်္ဂနွေနေ့ကထက် ပိုကောင်းချင်ပါတယ်။ ရလဒ်က တကယ်ကောင်းခဲ့ပါတယ်။ အသင်းအတွင်းမှာ အရမ်းပျော်ခဲ့ပြီး ကျွန်တော်တို့ ပိုကောင်းအောင်လုပ်နိုင်ဦးမယ်လို့ ယုံကြည်ပါတယ်။ အလုပ်လုပ်ချိန်တိုတောင်းပေမဲ့ ကျွန်တော်တို့ တိုးတက်လာဦးမှာ သေချာပါတယ်။ ဘောလုံးပိုင်ဆိုင်မှုအပိုင်း ကော ခံစစ်ပိုင်းမှာပါ တိုးတက်အောင်လုပ်ရပါမယ်။

ကျွန်တော်လိုချင်သလိုကစားရဖို့ အချိန်အများကြီးယူဖို့ မလိုပါဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော် လိုချင်တဲ့အနေအထားကို သိတာကြောင့်ပါ။ ကျွန်တော် အရည်အချင်းနဲ့ကစားချင်ပါတယ်။ ကျွန်တော့်အတွက် ဘောလုံးက ရလဒ်တင်မဟုတ်ပဲ လှပတဲ့ပွဲတစ်ပွဲဖြစ်ဖို့လည်း လိုအပ်ပါတယ်”လို့ ပါရဲရားက ပြောကြားခဲ့ပါတယ်။

Source : beinsports.com

#မန်ချက်စတာယူနိုက်တက် #အာမိုရင် #ဝုဗ် #ပါရဲရား

Loading

One comment

  • Wonderful beat I wish to apprentice while you amend your web site how could i subscribe for a blog web site The account aided me a acceptable deal I had been a little bit acquainted of this your broadcast provided bright clear idea

Leave a Reply

Your email address will not be published. Required fields are marked *