
ပွဲဦးထွက်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဒေါ်ဂူကို အာမိုရင်ချီးကျူး
ပွဲဦးထွက်မှာ ခြေစွမ်းပြသနိုင်ခဲ့တဲ့ ဒေါ်ဂူကို အာမိုရင်ချီးကျူး
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က လက်စတာကို ၂-၁ နဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလား စတုတ္ထအဆင့်ပွဲစဉ်မှာ အသင်းအတွက် ပထမဆုံးအကြိမ်ပွဲထွက်ပါဝင်ကစားခဲ့တဲ့ နောက်ခံလူသစ် ပက်ထရစ်ဒေါ်ဂူကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ကစားသမားဟာ အခုထက်ပိုပြီး တိုးတက်လာဦးမယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အီတလီစီးရီးအေကလပ် လက်ချီမှ ယူနိုက်တက်သို့ရောက်ရှိလာခဲ့တဲ့ ဒေါ်ဂူဟာ လက်စတာ နဲ့ပွဲမှာ စတင်ပွဲထွက်ခွင့်ရခဲ့ပြီး အာမိုရင်ရဲ့နည်းစနစ်အရ ညာတောင်ပံနေရာမှာ ပါဝင်ကစားခဲ့ရပါတယ်။
ဒိန်းမတ်လက်ရွေးစင်ဟာ ပထမပိုင်းတစ်ပိုင်းလုံး ပါဝင်ကစားခွင့်ရခဲ့ပေမဲ့ ဒုတိယပိုင်းမှာတော့ အလီဂျန်ဒရိုဂါနာချိုနဲ့ လူစားလဲခံခဲ့ရပါတယ်။
ပထမပိုင်းသာပါဝင်ကစားခဲ့ရပေမဲ့ အာမိုရင်ကတော့ အသင်းရဲ့ကစားသမားသစ်ကို ချီးကျူးပြောဆိုမှုတွေပြုလုပ်လာခဲ့ပြီး ကစားသမားကို ဘာကြောင့် ဘယ်နောက်ခံနေရာမှာမသုံးဘဲ ညာတောင်ပံနေရာမှာပြောင်းလဲအသုံးပြုခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။
အာမိုရင်က “သူလက်ချီမှာတုန်းကလည်း ညာတောင်ပံမှာ မကြာခဏကစားခဲ့ပါတယ်။ သူက စွယ်စုံရကစားသမားတစ်ယောက်ပါ။ ဘောလုံးထိချက်တိုင်းမှာ စိုးရိမ်စိတ်ရှိနေပုံပေါ်ပေမဲ့ လိဂ်အသစ်မှာ ပထမဆုံးအကြိမ်ကစားရတာဆိုတော့ ဖြစ်တတ်ပါတယ်။ ပြီးတော့ ဒီလိဂ်ရဲ့အမြန်နှုန်းကလည်း သူ့အတွက်အသစ်ပါပဲ။ ဒါပေမဲ့ သူကောင်းကောင်းကစားနိုင်ခဲ့ပါတယ်”
“နေရာလွတ်တွေရှာဖွေနိုင်ပြီး ခွန်အားအပြည့်နဲ့ကစားနိုင်ခဲ့ပါတယ်။ ဒီထက်ပိုပြီးတိုးတက်လာဦးမှာပါ။ ကျွန်တော်တို့ကလည်း အသင်းတစ်သင်းအနေနဲ့ သူ့ကိုအကောင်းဆုံးကူညီနိုင်ဖို့ လိုပါတယ်။ သူက ဘယ်ဘက်မှာရော၊ ညာဘက်မှာပါကစားနိုင်တဲ့ ကစားသမားတစ်ယောက်မို့လို့ သူ့အတွက် နေရာပြဿနာက သိပ်ရှိမှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။
လာမဲ့တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် တော့တင်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ပထမအကျော့ကရှုံးကြွေးကို ပြန်ဆပ်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။
“Thanks for sharing such valuable information!”
“Thanks for sharing such valuable information!”