ဘန်ဝှိုက် ပြန်ကစားအောင် ဆွဲဆောင် စည်းရုံးမယ်လို့ ဆိုလိုက်တဲ့ ဒက်ကလန်ရိုက်စ်

ဒက်ကလန်ရိုက်စ် က အင်္ဂလန် အသင်းအတွက် ကစားပေးဖို့ငြင်းဆန်ခဲ့တဲ့ အာဆင်နယ်အသင်းဖော် ဘန်ဝှိုက် တစ်ယောက် နိုင်ငံလက်ရွေးစင် အသင်းအတွက် ပြန်ကစားချင်အောင် ဆွဲဆောင်စည်းရုံးသွားမယ်လို့ ဘယ်ဂျီယံ အသင်းနဲ့ ပွဲကြို သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်လက်ရွေးစင်နည်းပြ ဆောက်ဂိတ်ဟာ ဘရာဇီး ၊ ဘယ်ဂျီယံ တို့နဲ့ကစားမဲ့ ခြေစမ်းပွဲအတွက် လူစာရင်းရွေးချယ်ရာမှာ ဘန်ဝှိုက်ကို ထည့်သွင်းချင်ခဲ့ပေမဲ့ ဘန်ဝှိုက် ကတော့ သူ့ကို မရွေးချယ်ဖို့ အီဒူး ကနေတဆင့် တောင်းဆိုခဲ့တာဖြစ်ပါတယ်။

ဘန်ဝှိုက် ဟာ ၂၀၂၂ -ခုနှစ် ၊ ကာတာကမ္ဘာ့ဖလားမှာ အင်္ဂလန် လက်ထောက်နည်းပြ စတိဗ်ဟော့လန် နဲ့ ပြဿနာဖြစ်ပြီး ပြန်လာကတည်းက နိုင်ငံအသင်းအတွက် ပြန်မကစားပေးတော့တာပါ။ ဘယ်ဂျီယံနဲ့ ပွဲမှာ အင်္ဂလန်အသင်း ရဲ့ ကပ္ပတိန်အဖြစ် ဝာာဝန်ယူသွားမဲ့ ဒက်ကလန်ရိုက်စ် က ဘန်ဝှိုက် နဲ့ ပတ်သက်ပြီး “သူက တကယ့်ကို တစ်မူထူးခြားတဲ့ ကစားသမားတစ်ဦးပါ။ ဘာကြောင့်လဲဆိုရင် သူက နေရာသုံးနေရာလောက်အထိ ကစားနိုင်စွမ်း ရှိတာကြောင့်ပါ”

“ပြိုင်ပွဲတွေမှာ အဲ့ဒီလို ကစားနိုင်တာက အရေးပါပါတယ်။ သူက ‌ဗဟို နောက်ခံလူ နေရာ၊ ညာ နောက်ခံလူ နေရာ ၊ inverted right back အဖြစ်လည်း ကစားနိုင်ပါတယ် ၊ ကျွန်တော် အာဆင်နယ်အသင်းကို ပြန်ရောက်တဲ့အချိန်ကျရင် သူ့အမြင် ဘယ်လိုရှိသလဲ စကားပြောကြည့်သွားမှာပါ ။ ကျွန်တော်ကတော့ သူ့ကို ကစားစေချင်ပါတယ် ၊ ဘူကာရို ရော ရမ်စ်ဒေးလ် ရော ကျွန်တော့်လို တူတူပဲ မြင်မယ်လို့ထင်ပါတယ် ၊ ပြန်ရောက်တာနဲ့ အားလုံးက သူ့ကို အဲ့ဒီအကြောင်း ပြောကြမှာပါ ၊ သူ စိတ်ပြောင်းသွားဖို့လည်း မျှော်လင့်ပါတယ်”

“ကျွန်တော်တို့ ဒီကို မလာခင် အချိန်မှာ နားရက်အချို့ရတော့ သူ နဲ့ ဆောက်ဂိတ် ဒီကြားထဲ စကားပြောဖြစ်ခဲ့ကြမှာပါ ၊ သူတို့ ဘာတွေ ‌ပြောသလဲ မသိပါဘူး ၊ ဒါပေမဲ့ ကျွန်တော်ကတော့ သူ့ကို အင်္ဂလန်အသင်းမှာ ကစားစေချင်ပါတယ် ၊ သူနဲ့ ပြိုင်ဘက် အဖြစ်ရော အသင်းဖော်နဲ့ပါ ကစားဖူးတော့ သူက ဘယ်လိုလဲ ၊ ဘယ်လောက်အထိ‌ အေးဆေးသလဲ ၊ သူ့ရဲ့ ဖြစ်တည်မှုကို သူဘယ်လိုထိန်းသိမ်းသလဲဆိုတာ ကျွန်တော် တွေ့ရပါတယ် ၊ ‌ဒါပေမဲ့ သူက ကွင်းထဲမှာ အသင်းအနိုင်ရဖို့ ဘယ်အရာမဆိုလုပ်မဲ့ ကစားသမားပါ” လို့ ပြောကြား သွားခဲ့ပါတယ်။

Source : talksport.com

#jdbkx.com #အားကစားသတင်း #ဘန်ဝှိုက် #ဒက်ကလန်ရိုက်စ် #အင်္ဂလန် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

One comment

  • I do trust all the ideas youve presented in your post They are really convincing and will definitely work Nonetheless the posts are too short for newbies May just you please lengthen them a bit from next time Thank you for the post.

Leave a Reply

Your email address will not be published. Required fields are marked *