
ပရီးမီးယားလိဂ် ကြယ်ပွင့်နဲ့ ပတ်သက်ကာ အာဆင်နယ် ၊ ချဲလ်ဆီးတို့ထံ သတိပေးသွားတဲ့ ဂါးလက်စ်
လန်ဒန်အင်အားကြီး ကလပ် ၂-သင်းဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီးတို့ဟာ လက်ရှိဆောင်းရာသီ စျေးကွက်အတွင်း ရှိရင်းစွဲ တိုက်စစ်မှူးတွေနဲ့ profile မတူတဲ့ တိုက်စစ်မှူးသစ်တစ်ဦးကို ထပ်ခေါ်ဖို့ ကြိုးစားလျက်ရှိပါတယ် ။ အာဆင်နယ်ရဲ့ အထောင်တိုက်စစ်မှာ ဂါဘရီရယ် ဂျေဆုစ်နဲ့ အက်ဒီ အန်ကတ်တီးယားတို့ ရှိနေပေမဲ့ ၊ ၄င်းတို့ဟာ ကစားပေါက်ချင်းတူတဲ့ တိုက်စစ်မှူးတွေ ဖြစ်ကြလို့ ၊ ဂန်းနား နည်းပြ မီခေးလ် အာတီတာဟာ ကြံ့ခိုင်မှု အသားပေး တိုက်စစ်မှူး တစ်ယောက်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာတွေ့ရပါတယ်။
တစ်ဖက်မှာ ချဲလ်ဆီးဟာ ပွဲထွက်တိုက်စစ်မှူး နီကိုးလက်စ် ဂျက်ဆင်ကို အာဖရိကဖလား ပြိုင်ပွဲသို့ လက်လွှတ်ထားရသလို ၊ အရန်တိုက်စစ်မှူး အာမန်ဒို ဘရိုဂျာကလည်း ပုံမှန် ဂိုးသွင်းပေးနိုင်ခြင်း မရှိတာကြောင့် ၊ လက်ကျန် ရာသီဝက် အတွင်း ၁၀-ဂိုး ၊ ၁၅-ဂိုးခန့် သွင်းပေးမယ့် တိုက်စစ်မှူးမျိုး ရှာဖွေလျက်ရှိပါတယ်။
လောလောဆယ်မှာ ဒီ ၂-သင်းလုံးဟာ ဘရန်းဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။ သို့ပေမဲ့ ယင်းအနောက်လန်ဒန်ကလပ်ဟာ တိုနေး အတွက် ပေါင်သန်း ၁၀၀ -အထိ ပေးချေဖို့ တုံ့ပြန်ထားပါတယ်။

ချဲလ်ဆီးနဲ့ အာဆင်နယ် နောက်ခံလူဟောင်း ဝီလီယမ် ဂါးလက်စ်ကတော့ အသက် ၂၇-နှစ် ရှိပြီဖြစ်တဲ့ တိုနေးကို ပေါင်သန်း ၁၀၀ -သုံးပြီး ခေါ်ခဲ့ရင် ၊ ၄င်းရဲ့ အသင်းဟောင်းတွေဟာ ပေါလွန်းတဲ့ ကလပ်တွေ ဖြစ်သွားမဲ့အကြောင်း သတိပေးလာပါတယ်။
Gambling Zone ဝက်ဘ်ဆိုက်နဲ့ တွေ့ဆုံရာမှာ ဂါးလက်စ် က “အာဆင်နယ်နဲ့ ချဲလ်ဆီးက သူ့အတွက် ဘယ်လောက်ပေးမှာလဲ ? တချို့ကလပ်တွေက ပေါလွန်းကြပါတယ်။ ဘောလုံးလောကမှာ ငွေကြေးဖောင်းပွမှု အရမ်းကြီးမားလွန်းနေပြီဆိုတာ သူတို့ သဘောမပေါက်ကြပါဘူး”
“ဒီတော့ သူတို့ဟာ တိုနေး အတွက် ပေါင်သန်း ၁၀၀ -ပေးကြပါလိမ့်မယ်။ ပေါင်သန်း ၁၀၀ -တန်ကြေး ရှိပြီဆိုရင် အဲဒီ ကစားသမားက နိုင်ငံလက်ရွေးစင် အဆင့်တော့ဖြစ်ရပါမယ်။ သူဟာ အင်္ဂလန်အတွက်တောင် ကစားရခဲပါတယ် ။ ”
“ဒီတော့ သူက ပေါင်သန်း ၁၀၀ -တန်တဲ့ ကစားသမားဆိုတာ ခင်ဗျား ကျွန်တော့်ကို ဘယ်လို ရှင်းပြနိုင်မှာလဲ ? ပေါင်သန်း ၁၀၀ -ပေးဝယ်ရပြီဆိုရင် သူဟာ လူငယ်ကစားသမား တယောက် ဖြစ်ရပါမယ်။ အသက် ၂၇-နှစ် အရွယ် ကစားသမား တစ်ယောက်အတွက် ပေါင်သန်း ၁၀၀ -သုံးရတယ် ဆိုတာ များလွန်းပါတယ်”
“ခင်ဗျားဟာ အဲဒီ ပေါင်သန်း ၁၀၀-ကို နိုင်ငံလက်ရွေးစင်အဆင့်ရှိ ကစားသမားတစ်ယောက်အတွက် သုံးချင်ရင်သုံး ၊ ဒီလိုမှမဟုတ်ရင် အသင်းအတွက် ရေရှည်အကျိုးပြုနိုင်မဲ့ လူငယ်ကစားသမားတစ်ယောက် အပေါ်မှာပဲ ရင်းနှီးမြှုပ်နှံရပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။
Source : TheSun.co.uk
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ
#jdbkx.com #အားကစားသတင်း #ဂါဘရီရယ်ဂျေဆုစ် #အက်ဒီအန်ကတ်တီးယား #အိုင်ဗန်တိုနေး #ဝီလီယမ်ဂါးလက်စ် #ချဲလ်ဆီး #အာဆင်နယ် #မီခေးလ်အာတီတာ #Online #Games #Myanmar #OnlineGamesMyanmar
What a fantastic blog layout! For what duration have you been blogging? You make it look so easy. Both the general design and substance of your website are excellent.
Your posts always provide me with a new perspective and encourage me to look at things differently Thank you for broadening my horizons
Thanks a lot for sharing this blog post. I really appreciate it. Cool.