သတင်းတွေ အပေါ် တုန့်ပြန် ပြောကြားလိုက်တဲ့ အာတီတာ

ဂျေးဇု အတွက် ကမ်းလှမ်းမှုတွေကို လက်ခံ စဉ်းစားသွားမယ်ဆိုတဲ့ သတင်းတွေ အပေါ် တုန့်ပြန် ပြောကြားလိုက်တဲ့ အာတီတာ


ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း အာဆင်နယ် တိုက်စစ်မှူး ဂျေးဇု ဟာ နွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။ အာဆင်နယ်နည်းပြ အာတီတာ ကတော့ အဆိုပါသတင်းတွေကို ငြင်းဆန်လိုက်ပြီး ဂျေးဇု ကို ရောင်းချဖို့အစီအစဉ်မရှိကြောင်း ငြင်းဆို သွားခဲ့ပါတယ်။

အာဆင်နယ် အသင်းဟာ ဘရာဇီးတိုက်စစ်မှုး ဂျေးဇု အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားပြီး သူတို့လိုချင်တဲ့ ပြောင်းရွှေ့ကြေးသာရပါက ရောင်းချကာ ထိပ်တန်းတိုက်စစ်မှူးတစ်ဦး ပြန်လည်ခေါ်ယူသွားမယ်လို့ သတင်းတွေ ထွက်ပေါ် နေခဲ့တာပါ။

Gabriel Jesus joined Arsenal in 2022 from Manchester City. David Price/Arsenal FC via Getty Images

၂၀၂၂ -ခုနှစ်မှာ မန်စီးတီး အသင်းကနေ ရောက်ရှိလာတဲ့ ဂျေးဇု ဟာ အာဆင်နယ် အသင်းနဲ့ ၂၀၂၇-ခုနှစ် အထိ စာချုပ် သက်တမ်း ကျန်ရှိနေပါသေးတယ်။ အာတီတာ ကတော့ ဂျေးဇု နဲ့ လမ်းခွဲဖို့ အစီအစဉ်မရှိကြောင်း ဘုန်းမောက် အသင်း နဲ့ ပွဲကြို သတင်းစာ ရှင်းလင်း ပွဲမှာ ပြောကြား သွားခဲ့ပါတယ်။

”ဒီသတင်းတွေ ဘယ်ကလာသလဲ ကျွန်တော်မသိပါဘူး ၊ ဒါပေမဲ့ သူ အသင်းကနေ ထွက်ခွာဖို့ လုံးဝ မရှိပါဘူး ။” လို့ ငြင်းဆန် သွားခဲ့ပါတယ်။ အာဆင်နယ် အသင်းဟာ ဒီကနေ့ညမှာ ဘုန်းမောက် အသင်းကို အိမ်ကွင်းမှာ ဧည့်ခံကစားရမှာဖြစ်ပါတယ်။

Source : espn.com

#jdbkx.net #အားကစားသတင်း #ဂျေးဇု #အာဆင်နယ် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *