ပေါင် သန်း ၅၀ -တန် တိုက်စစ်မှူးကို ခေါ်ယူဖို့ စဉ်းစားနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ဘိုလော့ဂ်နာ အသင်းရဲ့တိုက်စစ်မှူး Joshua Zirkzee (ယောချွှာဇစ်ဇီ) ကို မျက်စိကျနေပြီး စောင့်ကြည့်လျက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ် နေပါတယ်။ ဂန်းနားတို့ဟာ လက်တစ်လောမှာ သွင်းဂိုးတွေရဖို့ ရုန်းကန်နေရပြီး ဒီရာသီအသင်း ရဲ့ ဂိုးသွင်းအများဆုံး ကစားသမားက ၆- ဂိုး သွင်းပေးထားတဲ့ ဆာကာ ဖြစ်နေပါတယ်။ လက်ရှိအချိန်မှာလည်း ဂျေးဇု က ဒူးဒဏ်ရာပြဿနာကြုံနေရသလို အန်ကီးတီးယား ကလည်း အာဆင်နယ်အသင်းမှာ ဆက်ရှိဖို့မသေချာ မရေရာတဲ့အနေအထားမှာပါ။ နောက်ဆုံးကစားခဲ့တဲ့ လီဗာပူးနဲ့ ပွဲမှာ အာတီတာ ဟာ ကိုင်ဟားဗတ်ဇ် ကို အထောင်တိုက်စစ်နေရာမှာ ထားကစားခဲ့ပေမဲ့ တိုက်စစ်က ဂိုးရဖို့ ရုန်းကန်ရဆဲဖြစ်ခဲ့ပါတယ်။

ဒတ်ခ်ျ တိုက်စစ်မှူး Joshua Zirkzee ဟာ ဒီရာသီမှာ ဘိုလော့ဂ်ညာအသင်းအတွက် ခြေစွမ်းပြဂိုး‌တွေ သွင်းယူနေသူဖြစ်ပြီး ပြိုင်ပွဲစုံမှာ ၈ -ဂိုးသွင်း ၊ ၄ -ဂိုး ဖန်တီးပေးထားပါတယ်။ အရပ် ၆ -ပေ ၄- လက်မ လောက်အထိရှိတဲ့ Joshua Zirkzee ဟာ အသက် ၁၆ -နှစ် အရွယ်မှာတင် ဖီယင်နောဒ့် အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ပြောင်းရွှေ့ ကစားခဲ့သူပါ။

ဘိုင်ယန် မြူးနစ်အသင်းမှာ ကစားစဉ်တုန်းက Joshua Zirkzee ဟာ ဒုတိယ အသင်းအတွက် ၃၂ ပွဲကစား ၆ ဂိုး သွင်းယူခဲ့ပြီး စီနီယာ အသင်းကြီး အတွက် ၁၇ ပွဲ ကစား ၄ ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။ အဲ့ဒီနောက် ပါးမား အသင်းမှာ ခဏတာ အငှားထွက် ကစားခဲ့ပြီး၊ အန်ဒါလက် အသင်းမှာ ၁၈ ဂိုးသွင်း ၊ ၁၃ ဂိုးသွင်းပြီး သူ့ရဲ့ ကစားသမားဘဝ ပိုမို တောက်ပလာခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဘိုလောဂ့်နာ အသင်းထံ ပေါင် ၇ -သန်း နဲ့ ပြောင်းရွှေ့ခဲ့ပြီး လက်ရှိအချိန်မှာ အီတလီကလပ် ဟာ သူတို့ရဲ့ တိုက်စစ်မှုးကို ပေါင် သန်း ၅၀ -ဈေးသတ်မှတ်ထားပါတယ်။ အာဆင်နယ်အသင်းဟာ တိုက်စစ်မှူးခေါ်ဖို့ လိုအပ်နေပေမဲ့ ငွေရေးကြေးရေး စည်းမျဉ်းတွေကြောင့် နွေရာသီမှပဲ တိုက်စစ်မှူးအတွက် ငွေပုံအောသုံးရဖို့ ရှိနေပါတယ်။

ဒါ့အပြင် ဘိုလော့ဂ်နာ အသင်းဟာ ဒီဆောင်းရာသီမှာ Joshua Zirkzee ကို ရောင်းချဖို့ အစီအစဉ် မရှိကြောင်းဆိုထားပါတယ်။ Joshua Zirkzee ဟာ နယ်သာလန် လက်ရွေးစင် လူငယ်အသင်းမှာ ပုံမှန်ကစားခွင့် ရနေသူဖြစ်ပြီး ၁၉ -ပွဲ ကစား ၇- ဂိုး သွင်းပေးထားပါတယ်။

Source : Goal.com

၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက –  Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ

#jdbkx.com #အားကစားသတင်း #အာဆင်နယ် #ဘိုလော့ဂ်နာအသင်း #ချဲလ်ဆီး #ယောချွှာဇစ်ဇီ #Online #Games #Myanmar #OnlineGamesMyanmar

Loading

One comment

Leave a Reply

Your email address will not be published. Required fields are marked *