
ဇန်နဝါရီမှာ ပေါင် သန်း ၄၀ နဲ့ ကစားသမားတစ်ဦးကို ရောင်းထုတ်သွားမဲ့ အာဆင်နယ်
အာဆင်နယ်နည်းပြ အာတီတာ ဟာ လာမဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အာဆင်နယ် ကြယ်ပွင့်တစ်ဦးကို ရောင်းချသွားဖို့ ဆန္ဒရှိနေပါတယ်။ ဒါပေမဲ့လည်း အဆိုပါကစားသမားအတွက် လက်ခံနိုင်လောက်တဲ့ ပမာဏနဲ့ ကမ်းလှမ်းလာမှသာလျှင် လက်လွတ်သွားမှာဖြစ်ပါတယ် ။
ဇန်နဝါရီ အပြောင်းအရွှေ့ကာလရောက်ဖို့ တစ်လကျော်သာလိုတော့တဲ့ အချိန်မှာ အာဆင်နယ်အသင်းဟာ သူတို့ပစ်မှတ်ထားခေါ်ယူမဲ့ ကစားသမားတွေကို သတ်မှတ်ထားပြီးဖြစ်သလို ရောင်းချသွားမဲ့ ကစားသမားကိုလည်း ဆုံးဖြတ်ထားပြီးဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ် ။
အာဆင်နယ် အသင်း ရဲ့ကစားသမားတွေကို စိတ်ဝင်စားနေကြတဲ့ အသင်းတွေများပေမဲ့ အသင်းဘက်ကတော့ ကစားသမားတစ်ဦးကလွဲလို့ ကျန်သူတွေကို ရောင်းချဖို့ ဆန္ဒမရှိပါဘူး ။ အဆိုပါကစားသမားကတော့ ကွင်းလယ်လူ သောမက်စ်ပါတေး ဖြစ်တယ်လို့ သိရပါတယ် ။
အာဆင်နယ်အသင်းဟာ မကြာခဏဒဏ်ရာရနေတဲ့ ပါတေး နေရာကို အစားထိုးဖို့ဆန္ဒ ရှိနေတာဖြစ်ပြီး ပေါင် သန်း ၄၀ -လောက် နဲ့ ကမ်းလှမ်းလာပါက လက်ခံစဉ်းစားသွားမှာဖြစ်ပါတယ် ။ အာဆင်နယ်အသင်းဟာ ဇန်နဝါရီမှာ ကွင်းလယ်လူသစ်နေရာအတွက် ဒေါက်ဂလပ်စ် လူးဝဇ် ၊ ရူဘင် နီဗက်စ် တို့နဲ့ သတင်းတွေ ထွက်နေပါတယ်။ ပါတေး ကို ခေါ်ယူချင်တဲ့ အသင်းတွေအဖြစ် စီရီးအေကလပ် ဂျူဗင်တပ်စ် အသင်း ၊ ဆော်ဒီကလပ် အယ်အိုင်လီ နဲ့ အယ်လ်အီတီဖက်တို့က သတင်းထွက်နေပါတယ် ။ ဒါပေမဲ့ ဂျူဗင်တပ်စ်အသင်းဟာ အာဆင်နယ်အသင်း တောင်းဆိုတဲ့ ပမာဏ ကို ပေးနိုင်ဟန်တော့မရှိဘဲ အပြီးသတ်ခေါ်ယူခွင့်ပါရှိတဲ့ အငှားစာချုပ်နဲ့သာလျှင် ကမ်းလှမ်းသွားဖို့ရှိပါတယ် ။ ဆော်ဒီကလပ်တွေကတော့ အာဆင်နယ်အသင်းရဲ့ ပေါင်သန်း ၄၀ -သတ်မှတ်ချက်ကိုပေးနိုင်မဲ့အနေအထားရှိပါတယ် ။
Source : nowarsenal.com
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ
#jdbkx.com #အားကစားသတင်း #အာဆင်နယ် #ဇန်နဝါရီလ #ကစားသမားတစ်ဦးရောင်းထုတ်မယ် #သောမက်စ်ပါတေး #ပေါင်သန်း၄၀ #ဂျူဗင်တပ်စ် #ဆောဒီကလပ် #Online #Games #Myanmar #OnlineGamesMyanmar