ပေါင်သန်း ၄၀ တန် မန်စီးတီးကြယ်ပွင့်ကိုခေါ်ယူရန် တိုက်တွန်းခြင်းခံထားရတဲ့ အာဆင်နယ်

ပြီးခဲ့တဲ့ရာသီက ပက်ဂွါဒီယိုလာ နှင့် အဆင်မပြေဖြစ်ပြီးနောက် မန်းတီးက ဂရီးလစ်ချ်ကိုရောင်းချရန် စိတ်အားထက်သန်နေပါတယ်။ ယခုနွေရာသီတွင် မန်စီးတီးရဲ့ ကလပ်ကမ္ဘာ့ဖလား လူစာရင်းမှချန်လှပ်ခံရတဲ့ ဂရီးလစ်ချ် ဟာ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်တွင် ခုနစ်ပွဲသာပွဲထွက်ခွင့်ရခဲ့ပြီး အက်ဖ်အေဖလား ဗိုလ်လုပွဲတွင် ခရစ္စတယ်လ်ပဲလေ့စ် ကို ၁-၀ ဂိုး ဖြင့် ရှုံးနိမ့်ခဲ့တဲ့ပွဲ၌ အရံခုံတွင်သာ ရှိနေခဲ့ပါတယ်။

Jack Grealish Manchester City 2024

မန်စီးတီးဟာ ဂရီးလစ်ချ် အတွက် ပေါင် ၄၀ သန်း တောင်းဆိုထားသော်လည်း ခေါ်ယူမဲ့အသင်း မရှိသေးပါဘူး။ သို့သော် ၁၉၉၅ ခုနှစ်တွင် ဘလက်ဘန်းရိုဗာစ် နှင့် ပရီးမီးယားလိဂ်ဖလား ရရှိခဲ့တဲ့ ကော်လင်ဟန်ဒရီ က အာဆင်နယ်ဟာ အသက် ၂၉ နှစ်အရွယ် ကစားသမားကို ခေါ်ယူရန်ကြိုးစားသင့်တယ်လို့ ယုံကြည်နေပါတယ်။

“ဂျက်ရဲ့ မန်စီးတီး နေ့ရက်တွေက နီးနေပြီလို့ ထင်ပါတယ်” လို့ ဟန်ဒရီ က ကွိုင် အိတ်ချ် ပိုကာ သို့ ပြောကြားခဲ့ပါတယ်။ “သူ ကလပ် ကမ္ဘာ့ဖလား လူစာရင်းကနေ ချန်လှပ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ရာသီက လုံလောက်အောင် ကစားခွင့်မရခဲ့ပါဘူး။ သူ့အတွက် ဒီနွေရာသီက ကြီးမားတဲ့နွေရာသီ ဖြစ်လာမှာဖြစ်ပြီး သူအရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေချရပါလိမ့်မယ်။ နောက်ရာသီမှာ သူဘယ်ကလပ်ကိုပဲ ပြောင်းဖို့ ဆုံးဖြတ်ပါစေ၊ သူ့အတွက် မှန်ကန်တဲ့ ကလပ်ဖြစ်ရမယ်ဆိုတဲ့ အချက်က သူ့ရဲ့ ကစားသမားဘဝမှာ အကြီးဆုံး ဆုံးဖြတ်ချက် ဖြစ်နိုင်ပါတယ်”

ဂျက်က ကျွန်တော် အကြာကြီးစောင့်ကြည့်ခဲ့တဲ့ ကစားသမားတစ်ဦးပါ။ ကျွန်တော် ဘလက်ဘန်းအကယ်ဒမီ နည်းပြအဖြစ်လုပ်နေတုန်း ဗီလာနဲ့ကစားခဲ့တုန်း သူကကွင်းထဲမှာ အကောင်းဆုံးကစားသမားပါပဲ။ အဲဒီကတည်းက ကျွန်တော် သူ့ကို စောင့်ကြည့်ခဲ့တာ၊ ပြီးတော့ သူ မယုံနိုင်စရာ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့ပါတယ်”

“တစ်ခါတလေ သူ့ကို တရားလက်လွတ် ဆက်ဆံတယ်လို့ထင်ပါတယ်။ လူတွေက သူ့အကြောင်း တကယ်မဟုတ်တဲ့ အထင်အမြင်တွေ ရှိနေကြတယ်” “သူ လုပ်နိုင်ခဲ့တာတွေနဲ့ သူ့မှာ ရှိခဲ့တဲ့ ကစားသမားဘဝ မန်စီးတီး ကို ပေါင် ၁၀၀ သန်းနဲ့ ပြောင်းရွှေ့ခဲ့တာ ဖလားသုံးလုံးရခဲ့တာ ဒီလိုအရည်အချင်း မရှိဘဲနဲ့မအောင်မြင်နိုင်ပါဘူး။ တစ်ခါတလေ သူက အဓိက အပြစ်တင်ခံရသူ ဖြစ်ခဲ့တယ်”

“သူက ထူးချွန်တဲ့ ဘောလုံးသမားတစ်ဦးပါ၊ အခုတော့ သူ ဆုံးဖြတ်ချက်ချရပါလိမ့်မယ်။ ဒါက သူ့အတွက် ကောင်းမွန်တဲ့ အနေအထားတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ သူ မန်စီးတီးကနေ ဆုတံဆိပ်တွေအများကြီးနဲ့ ကစားသမားတစ်ဦးအနေနဲ့ သူ ဘယ်သူလဲဆိုတာ လူတိုင်းကိုပြသနိုင်မဲ့ အခွင့်အရေးနဲ့ ထွက်ခွာနိုင်လို့ပါပဲ။ သူ ကိုယ့်ကိုယ်ကိုဖော်ပြခွင့်ပြုမဲ့ မှန်ကန်တဲ့ ကလပ်ကို ရွေးချယ်ရပါမယ်”

“သူ ဘာမှ သက်သေပြစရာမလိုတော့ပေမဲ့ လူတွေမှားနေတယ်ဆိုတာ သူသွားပြီးသက်သေပြတာကို မြင်ချင်ပါတယ်” “ဒါက ပရီးမီးယားလိဂ် မှာ ဗီလာ ကို ပြန်သွားတာမျိုး ဒါမှမဟုတ် ဥရောပက တစ်နေရာရာမှာ ဖြစ်နိုင်ပါတယ်” “သူ့ကို ရတဲ့အသင်းက မယုံနိုင်စရာ ကစားသမားတစ်ဦးကို ရရှိမှာပါ။ ကျွန်တော် တကယ်တော့ သူ့ကို အာဆင်နယ်လိုအသင်းအတွက် ကောင်းမွန်တဲ့အားဖြည့်မှုတစ်ခု ဖြစ်နိုင်တယ်လို့ထင်ပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က နည်းနည်းပိုပြီး တီထွင်ဖန်တီးမှု လိုအပ်နေလို့ပါ” လို့ သူက ပြောကြားခဲ့ပါတယ်။

Source : metro.co.uk

Loading

Leave a Reply

Your email address will not be published. Required fields are marked *