
ဟာမန်း နှင့် နောက်ဆုံးရ အာဆင်နယ် သတင်းများ
ဂျာမနီ အသင်းရဲ့ ဂန္တဝင်ဟောင်း ဟားမန်း က လာမဲ့ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မန်စီးတီးအသင်းပဲ ချန်ပီယံ ထပ်ဖြစ်လိမ့်မယ်လို့ ခန့်မှန်းလိုက်ပြီး မန်ယူနိုက်တက် က အဆင့် ၂ ၊ အာဆင်နယ် က အဆင့် ၃ ၊ လီဗာပူး က အဆင့် ၄ ရလိမ့်လို့ သုံးသပ်ပြောကြားသွားခဲ့ပါတယ်။
La Gazzetta dello Sport ရဲ့ ဖော်ပြချက်အရ အင်တာမီလန် အသင်းဟာ အာဆင်နယ်အသင်း နောက်ခံလူ ခီဗီယော နဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့ ရိုမာနို ကတော့ အဆိုပါ သတင်းဟာ မဟုတ်မှန်ကြောင်း ငြင်းဆန်ထားပြီး ကာလာဖီအိုရီ ရောက်ရှိလာမှု နဲ့ အတူ ခီဗီယော တစ်ယောက် အသင်းကနေ ထွက်ခွာနိုင်ချေတော့ရှိကြောင်း ဆိုပါတယ်။

ချီဒိုအိုဘီမာတင် ဟာ အာဆင်နယ်အသင်း နဲ့ ပညာသင်ဆုချုပ်ဆိုတဲ့ လူငယ်ကစားသမား စာရင်းထဲမှာပါဝင်ခြင်း မရှိတာကြောင့် အသင်းကနေ ထွက်ခွာဖို့ သေချာသွားခဲ့ပြီဖြစ်ပါတယ်။

ဆိုစီဒက် အသင်းဟာ ကွင်းလယ်လူ မင်ရီနို ကို စာချုပ်သစ် ချုပ်ဆိုဖို့ကမ်းလှမ်းထားပေမဲ့ ကစားသမားလိုချင်တဲ့ အနေအထားမျိုးမှာတော့ ရှိမနေသေးပါဘူး။ မီရင်နို ဘက်က အာဆင်နယ်အသင်းကို ပြောင်းရွေ့ဖို့ လမ်းဖွင့်ထားပေမဲ့ သေချာပေါက် ပြောင်းလာမယ်လို့ အာမခံချက် ပေးထားတာမျိုးတော့ မဟုတ်ပါဘူး။

အာဆင်နယ် အသင်း အနေနဲ့ ရမ်စ်ဒေးလ် ကို အပြီးသတ်ခေါ်ယူဖို့ ကမ်းလှမ်းမှု ရောက်လာမပါက အငှားချသွားဖို့ စီစဉ် နေပါတယ်။ အာဆင်နယ် အသင်းဟာ ရမ်စ်ဒေးလ် အတွက် ပေါင် ၃၅ သန်း ဈေးသတ်မှတ်ထားပြီး လစာ ပမာဏကလည်း ပေါင် ၁ သိန်း ကျော် ရှိနေတာကြောင့် ခေါ်ချင်တဲ့ အသင်းတွေ အတွက် အခက်အခဲ ဖြစ်နေတာပါ။
#jdbkx.net #ခီဗီယော #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames
Hello Neat post Theres an issue together with your site in internet explorer would check this IE still is the marketplace chief and a large element of other folks will leave out your magnificent writing due to this problem
Hello i think that i saw you visited my weblog so i came to Return the favore Im trying to find things to improve my web siteI suppose its ok to use some of your ideas
Your writing is a true testament to your expertise and dedication to your craft. I’m continually impressed by the depth of your knowledge and the clarity of your explanations. Keep up the phenomenal work!