မက်ဆီ ဒီဂျောင်

မက်ဆီဘာကြောင့် ကမ္ဘာ့အကောင်းဆုံး ကစားသမားဖြစ်နေသလဲဆိုတာ ရှင်းပြလိုက်တဲ့ ဒီဂျောင်

ဘာစီလိုနာကွင်းလယ်ကြယ်ပွင့် ဖရန်ကီဒီဂျောင်က အသင်းဖော်ဟောင်း လီယွန်နယ်မက်ဆီတစ်ယောက် ဘာကြောင့်ကမ္ဘာ့အကောင်း ဆုံးဘောလုံးသမားဖြစ်နေသလဲဆိုတာ ရှင်းပြပြောဆိုလာခဲ့ပါတယ်။

မက်ဆီ နှင့် ဒီဂျောင် ဘာစီလိုနာ

ဘာစီလိုနာအကယ်ဒမီ လာမာစီယာထုတ်ကုန် မက်ဆီဟာ ဘောလွန်းဒီအော် ၈ ကြိမ်အထိ ဆွတ်ခူးထားနိုင်တာကြောင့် သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပြီး လက်ရှိမေဂျာလိဂ်ကလပ် အင်တာမီယာမီမှာလည်း အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေဆဲဖြစ်ပါတယ်။

မက်ဆီဟာ ဘာစီလိုနာနဲ့အတူ ရနိုင်သမျှ ဆုဖလားအားလုံးကို ဆွတ်ခူးနိုင်ခဲ့သလို အာဂျင်တီးနား လက်ရွေးစင်အသင်းနဲ့လည်း ကိုပါအမေရိကနဲ့ ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပါတယ်။ ကစားသမားဟာ ပီအက်စ်ဂျီမှာတော့ အမှတ်ပေးဖလားကိုသာဆွတ်ခူးနိုင်ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ စာချုပ်သက်တမ်းထပ်မံတိုးမြှင့်ခြင်းမရှိဘဲ အမေရိကန်မြေသို့ ထွက်ခွာလာခဲ့ပါတယ်။

အင်တာမီယာမီမှာလည်း မက်ဆီဟာ အသင်းလိုက်အောင်မြင်မှုသာမက တစ်ဦးချင်းအောင်မြင်မှုတွေပါ ဆက်လက်ရယူနိုင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ကစားသမားဘဝတစ်လျှောက် ဆုဖလား စုစုပေါင်း ၄၆ လုံးအထိစုဆောင်းထားနိုင်ခဲ့ပြီဖြစ်ပါတယ်။

အင်တာမီယာမီအသင်းဖော်တွေက မက်ဆီရဲ့လေ့ကျင့်ရေးကွင်းက စွမ်းဆောင်ရည်တွေကို ချီးကျူးနေကြသလို ယခုအခါမှာ အသင်းဖော်ဟောင်း ဒီဂျောင်ကလည်း “ကျွန်တော့်အနေနဲ့ ကစားသမားတစ်ယောက်နဲ့တစ်ယောက်အကြား ဒီလောက်အထိကွာခြားမှုရှိမယ်လို့ မထင်ခဲ့ပါဘူး။ ဒါပေမဲ့ မက်ဆီကတော့ သာမန်ကစားသမားတွေနဲ့လုံးဝမတူဘဲ လေ့ကျင့်ရေးအစီအစဉ်တိုင်းမှာ သူကအတော်ဆုံး ဖြစ်နေတာပါ။ ကွင်းထဲမှာ နည်းပြတစ်ယောက်မမြင်နိုင်တဲ့အရာတွေကို မက်ဆီကမြင်နိုင်ပြီး အဖြေကိုရှာဖွေနိုင်သူပါ” လို့ချီးကျူး ပြောဆိုခဲ့ပါတယ်။

ယခု ၂၀၂၅ ခုနှစ်မှာလည်း မက်ဆီအနေနဲ့ သူ့ရဲ့အမြင့်ဆုံးသော ခြေစွမ်းတွေကို ဆက်လက်ထိန်းသိမ်းဖို့ ကြိုးစားသွားမှာဖြစ်ပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်းအတွက် ဆက်လက်ပါဝင်သွားဖွယ်ရှိနေပါတယ်။

 

Source : goal.com

 

#ပီအက်စ်ဂျီ #ဘာစီလိုနာ #ဒီဂျောင် #မက်ဆီ #ဘော်လွန်းဒီအော် #အင်တာမိုင်ယာမီ #အာဂျင်တီးနား

Loading

Leave a Reply

Your email address will not be published. Required fields are marked *