ယာမယ်လ်

တစ်နေ့မှာ ယာမယ်လ်က ဘော်လွန်းဒီအော်ဆုကို ရရှိနိုင်ပါတယ်လို့ ပြောကြားလိုက်တဲ့ ကူဘာဆီ

သူ့ရဲ့အသင်းဖော် ယာမယ်လ်က တစ်နေ့မှာ ဘော်လွန်းဒီအော်ဆု ရရှိမှာဖြစ်ပြီး အဲဒီအတွက် မည်သည့်အတားအဆီးမှ ရှိမှာမဟုတ်ပါဘူးလို့ ဘာစီလိုနာနောက်တန်းကစားသမား ကူဘာဆီက ပြောကြားလိုက်ပါတယ်။ယာမယ်လ် နှင့် ကူဘာဆီ ဘာစီလိုနာ

အသက် ၁၇ -နှစ်အရွယ် ကစားသမားဟာ အသက်အငယ်ဆုံး Kopa Trophy ရရှိသူဖြစ်လာခဲ့ပါတယ်။ ယူရို ၂၀၂၄ တွင် စပိန်လက်ရွေးစင်အသင်းကို ဆုဖလားရရှိအောင် ကူညီပေးခဲ့ပြီးနောက် ပြိုင်ပွဲရဲ့ အကောင်းဆုံးလူငယ်ကစားသမားဆု ရရှိခဲ့ပါတယ်။ ဒါ့အပြင် ယာမယ်လ်ဟာ ဘော်လွန်းဒီအော်ဆု အတွက် အဆင့် ၈ နေရာတွင် ရပ်တည်ခဲ့ပါတယ်။

“အခုတော့အားလုံးက သူဘာလုပ်နိုင်တယ်ဆိုတာကိုမြင်တွေ့ခဲ့ရပါပြီ။ သူက ဘယ်လိုကစားသမားမျိုးလဲဆိုတာကို လွန်ခဲ့တဲ့နှစ်တွေကတည်းက ကျွန်တော်ကသိခဲ့တာပါ”

“ဘော်လွန်းဒီအော်ဆုကို ရရှိဖို့ သူ့မှာအရည်အချင်းရှိတယ်လို့ ကျွန်တော် ထင်ပါတယ်” လို့ အသက် ၁၇ နှစ်အရွယ် ဘူကာဆီက ပြောပါတယ်။

ယာမဲလ်ဟာ ပြီးခဲ့တဲ့ရာသီကတည်းက ပွဲထွက်ကစားခဲ့ရတာဖြစ်ပြီး ၁၄ ပွဲ ကစားပြီးနောက် ၆ ဂိုးသွင်းကာ ၇ ဂိုးဖန်တီးပေးထားခဲ့ပါတယ်။ ယာမယ်လ်အတွက် အတားအဆီးတွေရှိနေသလားလို့မေးရာတွင် ကူဘာဆီက “ကျွန်တော်ကတော့အဲ့ဒီလိုမထင်ပါဘူး။ အခုအချိန်မှာ သူက ထူးခြားတဲ့အဆင့်မှာရှိနေပြီး ကျွန်တော်တို့အသင်းကလည်း သူ့ကို အများကြီးကူညီမှာပါ”

“သူက ယုံကြည်မှုအပြည့်အဝရှိနေပြီး ဒါဟာကျွန်တော်တို့ကိုပျော်ရွှင်စေပါတယ်” လို့ ဖြေပါတယ်။

လာလီဂါသမိုင်းကြောင်းမှာ ယာမယ်လ်က အသက်အငယ်ဆုံး ဂိုးသွင်းသူဖြစ်ပြီး ချန်ပီယံလိဂ်မှာလည်း အသက်ငယ်ဆုံး ပွဲထွက်ကစားရသူလည်းဖြစ်ပါတယ်။  ဘာစီလိုနာရဲ့ လာမက်ဆီယာ အကယ်ဒမီတွင် ယာမဲလ်နှင့်အတူ ကြီးပြင်းလာခဲ့တဲ့ ကူဘာဆီကတော့ စပိန်ကစားသမားဟာ ပြိုင်ဖက်ခံစစ်မှူးတွေအဖို့ ဘယ်လောက် စိန်ခေါ်မှုရှိသလဲဆိုတာကိုသိနေပါတယ်။

“အရမ်းကိုခက်ပါတယ်။ သူဘာတွေလုပ်မလဲဆိုတာကိုဘယ်သူမှမသိနိုင်ပါဘူး” လို့ ပြောပါတယ်။

 

Source : espn.co.uk

Loading

Leave a Reply

Your email address will not be published. Required fields are marked *