အမ်ဘာပေ အကောင်းဆုံးပုံစံ ပြန်ရရှိ

ရီးရဲလ်မက်ဒရစ်မှာ အမ်ဘာပေ အကောင်းဆုံးပုံစံ ပြန်ရရှိနေပြီလို့ ယုံကြည်နေတဲ့ အန်ဆယ်လော့တီ

အန်ဆယ်လော့တီက ရီးရဲလ်မက်ဒရစ်မှာ အကောင်းဆုံးပုံစံပြန်လည်ရှာဖွေနိုင်ခဲ့တဲ့ အမ်ဘာပေကို ချီးကျူးလိုက်ပြီး ကျန်ကစားသမားတွေအနေဖြင့် ဒါကို အားသာချက်အဖြစ် ရယူသွားဖို့ တိုက်တွန်းခဲ့ပါတယ်။


အခုလိုချီးကျူးမှုက စပိန်စူပါဖလားဖိုင်နယ်မှာ ခါးသီးပြိုင်ဘက်ဘာစီလိုနာကို ၅-၂ ထိတ်လန့်စရာရှုံးနိမ့်ပြီးနောက် ထွက်ပေါ်လာခဲ့တာပါ။ အခုလိုအကြီးအကျယ်ရှုံးနိမ့်ခဲ့ပေမဲ့ အမ်ဘာပေက သူ့ရဲ့စွမ်းရည်ကို ပွဲချိန်အစောပိုင်းမှာပဲ အဖွင့်ဂိုးသွင်းယူခြင်းဖြင့် ပြသခဲ့ပါတယ်။

သူ့ရဲ့သွင်းဂိုးက ရီးရဲလ်မက်ဒရစ်အတွက် မျှော်လင့်ချက်အချို့ကို ဖြစ်ပေါ်စေခဲ့ပေမဲ့ လမိုင်းယာမယ်လ်ရဲ့တစ်ကိုယ်တော်စွမ်းဆောင်ရည်အပါအဝင် ဘာစီလိုနာအသင်းရဲ့လျှင်မြန်တဲ့တုံ့ပြန်ပုံက ပွဲရဲ့အရှိန်အဟုန်ကို အလှည့်အပြောင်းဖြစ်စေခဲ့ပါတယ်။

အမ်ဘာပေ အကောင်းဆုံးပုံစံ ပြန်ရရှိ jdbkx

ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းပြည့်မြောက်ကာ ရီးရဲလ်မက်ဒရစ်ဆီ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာတဲ့ အမ်ဘာပေက ဘာနေဗျူးမှာ အခြေကျဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူက အသင်းသစ်နဲ့အတူ အံဝင်လာခဲ့ပြီး အခုရာသီ၊ ပြိုင်ပွဲစုံ ၂၇ ပွဲကစား၊ ၁၄ ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။

သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်ဆယ်လော့တီက “ရုပ်ပိုင်းဆိုင်ရာအရ အကောင်းဆုံးပုံစံရရှိဖို့၊ အသင်းမှာ အခြေတကျဖြစ်ဖို့ အမ်ဘာပေအတွက် အချိန်လိုအပ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ သူက အကောင်းဆုံးပုံစံ ပြန်ရရှိနေပါပြီ။ ဒီအချက်ကို အသင်းဘက်ကလည်း အကျိုးရှိအောင် အသုံးချသွားရပါမယ်”လို့ ပြောပါတယ်။

ဂျီဒက်မြို့မှာ စိတ်ပျက်ဖွယ်ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ခဲ့ရပေမဲ့ အန်ဆယ်လော့တီကတော့ လာလီဂါအမှတ်ပေးဇယားဦးဆောင်သူ အေတီကို နဲ့တစ်မှတ်အကွာ၊ ပြိုင်ပွဲစုံလမ်းကြောင်းမှာ ဆက်လက်လျှောက်လှမ်းနေတဲ့ ရီးရဲလ်မက်ဒရစ်နဲ့ပတ်သက်လို့ အကောင်းမြင်နေဆဲ ဖြစ်ပါတယ်။

အန်ဆယ်လော့တီက “စပိန်စူပါဖလားရှုံးနိမ့်မှုက ဆုတ်ယုတ်မှုတစ်ခုဖြစ်ပေမဲ့ ပြိုင်ပွဲတိုင်းမှာ ဆက်လက်ရှိနေဆဲဖြစ်လို့ ကျွန်တော်တို့ အနာဂတ်ကိုပဲ ဦးတည်သွားဖို့ လိုအပ်ပါတယ်။ ဒီရှုံးပွဲက ကျွန်တော်တို့ကို အရမ်းနာကျင်စေပါတယ်။ ဒါပေမဲ့ မပြိုလဲသွားစေပါဘူး။ ဆိုးရွားတဲ့ပွဲစဉ်တစ်ခုဖြစ်ပြီး အမှားပေါင်းသောင်းခြောက်ထောင် လုပ်ခဲ့မိပါတယ်။ ကျွန်တော်တို့ ဒီအရာတွေကို ချင့်ချိန်သုံးသပ်ပြီး အဖြေတွေ ရှာဖွေခဲ့ပါတယ်။

ကျွန်တော်တို့တွေ ဆက်လက်ယှဉ်ပြိုင်နေတုန်းပါပဲ။ တစ်ပွဲပဲရှုံးနိမ့်ခဲ့ပေမဲ့ အဲ့ဒါက ဗိုလ်လုပွဲဖြစ်ပါတယ်။ နာကျင်စေပေမဲ့ ဗိုလ်လုပွဲများစွာကို ကျွန်တော်တို့ အနိုင်ရရှိခဲ့ဖူးပါတယ်။ ဆိုးရွားတဲ့ရှုံးနိမ့်မှုဖြစ်ပေမဲ့ တစ်ပွဲတည်းပါပဲ။ ကျွန်တော်တို့တွေ ပြိုင်ပွဲစုံ လမ်းကြောင်းမှာ အကောင်းဆုံးလုပ်ဆောင်နေပြီး ဆက်လက်တိုက်ပွဲဝင်သွားပါမယ်”လို့ ပြောပါတယ်။

 

Loading

Leave a Reply

Your email address will not be published. Required fields are marked *