
ရာဟင်း စတာလင်ကို ပင်နယ်တီ ကန်ခွင့်ပေးခဲ့တာနဲ့ပတ်သက်ပြီး ဟက်ဆယ်ဘိန့်ခ် နဲ့ ဒပ်ဘလင် တို့က ချဲလ်ဆီးအသင်းခေါင်းဆောင်ကိုဝေဖန်
ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲမှာ ချန်ပီယံရှစ် အမှတ်ပေးဇယားထိပ်က လက်စတာ အသင်းကို ၄ – ၂ ရလဒ်နဲ့ အနိုင်ရကာ ၊ ဆီမီးဖိုင်နယ်သို့ တက်လှမ်းသွားပြီ ဖြစ်ပါတယ် ။ အိမ်ရှင် ချဲလ်ဆီးတို့ဟာ ဒီပွဲမှာ လက်စတာကို ပထမပိုင်းနဲ့တင် ပွဲပြတ်နိုင်ခဲ့သင့်ပြီး ၊ တောင်ပံကစားသမား ရာဟင်း စတာလင်ရဲ့ အသုံးမကျမှုတွေကြောင့် ဒုတိယပိုင်း နာကျင်အချိန်ပိုအထိ အနိုင်ရလဒ်ကို စောင့်ဆိုင်းခဲ့ရပါတယ်။
စတာလင်ဟာ ပထမပိုင်းအတွင်း ပထမဦးစားပေး ပင်နယ်တီကန်သွင်းသူ ကိုးလ်ပါလ်မာ ထံမှ ပင်နယ်တီ တောင်းကန်ခဲ့ပေမဲ့ ၊ အာရုံစိုက်မှု အပြည့်နဲ့ မကန်သွင်းနိုင်ခဲ့တာကြောင့် လက်စတာ ဂိုးသမားမှ အသာအယာ ကာကွယ်သွားခဲ့ပါတယ်။ ဒါ့အပြင် ၄င်းဟာ သာမန်ဘောလုံး အပေးအယူ ၊ အထိန်းအသိမ်းပင် ကောင်းကောင်းမွန်မွန် လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိဘဲ ဆိုးဆိုးရွားရွား ခြေစွမ်းပျက်ယွင်းနေခဲ့ပါတယ်။

ပွဲအပြီး BBC Sport ရဲ့ သုံးသပ်ချက် အစီအစဉ်မှာတော့ ချဲလ်ဆီး တိုက်စစ်မှူးဟောင်း ဂျင်မီ ဖလွိုက်ဒ် ဟက်ဆယ်ဘိန့်ခ်က ပါလ်မာထံမှ စတာလင် ပင်နယ်တီကန်ခွင့်တောင်းပြီး ပင်နယ်တီကန်ခွင့် ရသွားခဲ့တာဟာ အသင်းခေါင်းဆောင် ကော်နာ ဂေါ်လဂါထံမှာ တာဝန်အပြည့် ရှိကြောင်း အခုလိုပဲ ဝေဖန်သွားပါတယ်။
ဟက်ဆယ်ဘိန့်ခ် က “ပါလ်မာဟာ ပင်နယ်တီ ကန်သွင်းသူပါ ။ ကျွန်တော်ဟာလည်း အရင်က ပင်နယ်တီကန်သွင်းသူ ဖြစ်ခဲ့ပါတယ်။ အခု ၁ – ၀ ဖြစ်နေတယ် ၊ ကျွန်တော်ဟာ ပင်နယ်တီ ကန်သွင်းသူတစ်ယောက် အနေနဲ့ ဒီပင်နယ်တီကို တခြားသူ တစ်ယောက်ကို ပေးကန်မှာမဟုတ်ပါဘူး”
“ဘယ်သူကပဲ ကျွန်တော်ကို ကန်ခွင့် လာတောင်းပါစေ ၊ ကျွန်တော်ကတော့ စဉ်းစားဦးမယ်ဆိုပြီး ၊ မရဘူးလို့ပဲ ပြန်ပြောလိုက်မှာပါ။ ဂေါ်လဂါဟာ ဒီနေရာမှာ အသင်းခေါင်းဆောင်တစ်ယောက် အနေနဲ့ စတာလင်ကို ‘မဟုတ်ဘူး ၊ သူက ပင်နယ်တီကန်တဲ့သူ ၊ သူ ၅-လုံးဆက် ကန်လာခဲ့တာ ၊ အခု ၁ – ၀ ဖြစ်နေပြီ ၊ ငါတို့ ဒီအနိုင်ရလဒ်ကို သေချာအောင် အရင်လုပ်ကြရအောင်’ လို့ ပြောခဲ့သင့်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အခြား Pundit တဦး ဖြစ်တဲ့ ဒီယွန် ဒပ်ဘလင်ကလည်း ဟက်ဆယ်ဘိန့်ခ်ရဲ့အမြင်ကို ထောက်ခံတဲ့အနေနဲ့ “ကျွန်တော်တို့ဟာ အသင်းခေါင်းဆောင်တွေအကြောင်း ၊ ကွင်းထဲမှာ ဒီလိုအခြေအနေမျိုး တာဝန်ယူဆုံးဖြတ်ပေးမဲ့ ကစားသမားတွေအကြောင်း အမြဲပြောနေကြတာပါ ”
“အသင်းခေါင်းဆောင် ကိုယ်တိုင်က ‘ ဟုတ်ပြီ ၊ ပါလ်မာ ၊ မင်း ဒီပင်နယ်တီကို ကန်ရမယ် ၊ ဒါပဲ ၊ ဆောရီး ရာဟင်းရေ ။ ပထမပိုင်းပြီးမှ ကျွန်တော် ခင်ဗျားနဲ့ စကားပြောပါမယ် ၊ အခုတော့ ဒီလိုမျိုးလုပ်ကြမယ် ၊ ဘာမေးခွန်းမှ မထုတ်ပါနဲ့တော့ ‘ လို့ ပြောရပါမယ်။ ပြီးမှ ငြင်းကြခုံကြပေါ့ ” လို့ ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီး နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကတော့ ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ ပင်နယ်တီကိစ္စနဲ့ ပတ်သက်ပြီး “ခင်ဗျားတို့ သိကြတဲ့အတိုင်း ဒါက ကိုးလ် ကန်ရမဲ့ ပင်နယ်တီ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုးလ်က ရာဟင်းကို ပေးကန်ခဲ့ပါတယ်။ သူတို့မှာ အရမ်းကောင်းတဲ့ ဆက်ဆံရေးတစ်ရပ်ရှိတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဟုတ်ပါတယ်။ သူတို့ ၂ယောက်က မန်စီးတီးမှာကတည်းက ရင်းနှီးလာခဲ့ကြတာပါ ”

“ရာဟင်းက ဒီပင်နယ်တီ ကန်ဖို့ ခွင့်တောင်းတဲ့အခါ ကိုးလ်က သူ့ကို ကန်ခွင့်ပေးခဲ့တာပါ။ ဒါကို ခင်ဗျားတို့လည်း တီဗွီကနေတဆင့် မြင်နိုင်ခဲ့မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ ဒါပေမယ့် ဒါက ပြဿနာ တစ်ရပ်တော့ မဟုတ်ပါဘူး။ ကိုးလ်လည်း လွဲနိုင်သလို ၊ ရာဟင်းလည်း လွဲနိုင်ပါတယ် ”
“ဒီတော့ ဆုံးဖြတ်ချက်က သူတို့အပေါ်မှာပဲ မူတည်ပါတယ်။ ဟုတ်ပါတယ် ။ ကျွန်တော်ကတော့ ကွင်းထဲက ကစားသမားတွေရဲ့ ဆုံးဖြတ်ချက်ကို အမြဲအားပေး ထောက်ခံမှာပါ။ ဒါဟာ ဒီထက်ပိုပြီး ရင့်ကျက်ဖို့အတွက်ပါပဲ။ ကျွန်တော်တို့ ဒီလိုမျိုး ဆုံးဖြတ်ချက်ချနိုင်တာပဲ ကျွန်တော် ပျော်ရွှင်နေပါပြီ ” လို့ ပြောကြားခဲ့ပါတယ်။

Source : irishmirror.ie
#jdbkx.com #အားကစားသတင်း #ကော်နာဂေါ်လဂါ #ဂျင်မီဖလွိုက်ဒ်ဟက်ဆယ်ဘိန့်ခ် #ရာဟင်းစတာလင် #ချဲလ်ဆီး #လက်စတာ #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames