ပိုချက်တီနို ခေတ်လွန် ချဲလ်ဆီးရဲ့ နောက်ဆက်တွဲ အစီအစဉ်တွေက ဘာလဲ ဘယ်လဲ?

ပိုချက်တီနို ခေတ်လွန် ချဲလ်ဆီးရဲ့ နောက်ဆက်တွဲ အစီအစဉ်တွေက ဘာလဲ ဘယ်လဲ?

ချဲလ်ဆီး အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီမတိုင်ခင်က ၂-နှစ်စာချုပ်နဲ့ ခေါ်ယူခန့်အပ်ထားတဲ့ အာဂျင်တီးနားလူမျိုးနည်းပြ မော်ရစ်စီယို ပိုချက်တီနိုနဲ့ မနေ့ကပဲ တရားဝင်လမ်းခွဲလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ တော့ဒ်ဘိုလီနဲ့ အမေရိကန်ပိုင်ရှင်တွေလက်ထက် တတိယ အကြိမ်မြောက် အမြဲတမ်း နည်းပြဖယ်ရှားခြင်းလည်းဖြစ်ပါတယ်။

အမေရိကန်ပိုင်ရှင်တွေရဲ့ ပေါ်လစီအရ ချဲလ်ဆီးဟာ ပိုချက်တီနိုရဲ့နေရာကိုအစားထိုးဖို့ သောမတ်စ် တူချယ်အန်တိုနီယို ကွန်တီဂျိုဆေး မော်ရင်ညိုတို့လို နည်းပြဟောင်း တစ်ဦးဦးထဲကခေါ်ယူဖို့ အစီအစဉ် လုံးဝမရှိဘဲ ၊ နှစ်ရှည်စီမံကိန်းနဲ့ လည်ပတ်လို့ရမဲ့ အတွေ့အကြုံနု အလားအလာရှိ လူငယ်နည်းပြတစ်ဦးကို ခန့်အပ်သွားဖို့ မျှော်မှန်းရပါတယ်။

အထက်က ဖော်ပြခဲ့တဲ့ ချဲလ်ဆီးနည်းပြဟောင်းတွေ အားလုံးအသင်းလက်မဲ့ ဖြစ်နေကြပေမဲ့ ၊ တော့ဒ်ဘိုလီတို့ဟာ သူတို့ရဲ့ စီမံကိန်းနဲ့ ပိုမိုကိုက်ညီမဲ့ တက်သစ်စနည်းပြတွေကို ပစ်မှတ်ထားလျက်ရှိပါတယ်။

ချဲလ်ဆီး နည်းပြသစ်ဖြစ်လာဖို့ လျာထားလို့ရမဲ့ နည်းပြစာရင်းထဲမှာ စတုဂတ်မှ ဆီဘတ်စ်တီယန် ဟိုးနက်စ် ၊ ဂျီရိုနာမှ မစ်ချယ် ၊ အစ်ဆွစ်ချ်တောင်းမှ ကီရန် မက်ကန်နာ ၊ လက်စတာမှ အန်ဇို မာရက်စ်ကာနဲ့ ဘရိုက်တန်နဲ့ ပူပူနွေးနွေး လမ်းခွဲထားတဲ့ ရော်ဘတ်တို ဒီဇာဘီတို့ ပါဝင်နေပါတယ်။

သိပ်ပြီး အလားအလားမရှိပေမဲ့ အမေရိကန်ပိုင်ရှင်တွေ အကြိုက်တွေ့နိုင်တဲ့ ပရောဂျက်နည်းပြ တချို့လည်း ရှိနေသေးပြီး ၊ ထိုအထဲမှာ ဘရန်းဖို့ဒ် နည်းပြ သောမတ်စ် ဖရန့်လည်း တစ်ဦး အပါအဝင်ဖြစ်ပေမဲ့ ၊ တန်းဆင်းသွားရပြီဖြစ်တဲ့ ဘန်လေ နည်းပြ ဗင်းဆင့် ကွန်ပနီကတော့ မနှစ်ကလောက် အမေရိကန်ပိုင်ရှင်တွေရဲ့ မျက်စိကျခြင်းကို မရတော့ပါဘူး။

ဇွန်လထဲမှာ ကျင်းပမဲ့ ယူရိုနဲ့ ကိုပါအမေရိက ပြိုင်ပွဲတွေမှာ သက်ဆိုင်ရာ နိုင်ငံလက်ရွေးစင် အသင်းတွေနဲ့ ပူးပေါင်းမှာ အရွေးမခံရတဲ့ ကစားသမားတွေကတော့ ဇူလိုင် ၄-ရက်နေ့မှာစတင်မဲ့ ရာသီကြိုထရိန်နင် ပြင်ဆင်မှုကို အမှီ report တင်ပေးရမယ်လို့ သိရပါတယ်။

ကလပ်ဖက်ကလည်း နည်းပြသစ်ရှာဖွေမှုအတွက် အချိန်အကြာကြီး ယူမှာမဟုတ်တာကြောင့် ၊ ရက်ပိုင်း သို့မဟုတ် ရက်သတ္တပတ် အနည်းငယ်အတွင်းမှာ ချဲလ်ဆီး နည်းပြဘယ်သူ ဖြစ်လာမလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရဖို့ များပါတယ်။

နည်းပြ ရှာပုံတော်ကို အားကစား ဒါရိုက်တာ ၂-ဦး ဖြစ်တဲ့ ပေါလ်ဝင်စတန်လေနဲ့ လောရန့် စတူးဝပ်တို့က ဦးဆောင်သွားမှာ ဖြစ်ကာ ၊ ဘယ်သူတွေက ချဲလ်ဆီး နည်းပြသစ် ဖြစ်လာဖို့ ထိုက်တန်တယ်ဆိုတာ ရှယ်ယာရှင်တွေ ဖြစ်ကြတဲ့ တော့ဒ်ဘိုလီ ၊ ဘာဒက် အဂ်ဘာလီနဲ့ ဂျိုဆေး ဖီလစ်ဆီယာနိုတို့ထံ တင်ပြသွားရမှာ ဖြစ်ပါတယ်။

ချဲလ်ဆီးမှ အလိုရှိတဲ့ နည်းပြပုံစံမျိုးဟာ ဘောလုံးပိုင်ဆိုင်မှု အသားပေး ၊ ကစားရမဲ့ပွဲအရေအတွက်အတွင်း အသင်းကို သင့်တင့်လျောက်ပတ်မှု ရှိအောင် ပုံသွင်းပြင်ဆင်ပေးနိုင်ပြီး ၊ ခံစစ်ပိုင်းအရ တည်ငြိမ်ကျစ်လျစ်မှု ပေးစွမ်းနိုင်မဲ့ နည်းပြမျိုး ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ချဲလ်ဆီးနည်းပြသစ်ဖြစ်လာမဲ့သူဟာ ပုံစံကောင်းရနေတဲ့ ကိုးလ်ပါလ်မာလို ကစားသမားမျိုးကို ဆက်လက်အံဝင်အောင် နေရာချ သုံးစွဲပေးရမှာဖြစ်သလို ၊ နွေရာသီဈေးကွက်အတွင်း ထပ်ရောက်လာမဲ့ ကစားသမားသစ်တွေကိုလည်း တိုးတက်မှုရှိအောင် စွမ်းဆောင်ပေးရမှာ ဖြစ်ပါတယ်။

လက်ရှိ ချဲလ်ဆီးအသင်းဟာ ဥရောပဝင်ခွင့်တစ်နေရာရထားပြီး ရှုံးထွက်ဖလားတွေမှာ ဗိုလ်လုပွဲ ၊ အကြို ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့တာကြောင့် ပိုချက်တီနိုရဲ့ နေရာကိုဆက်ခံမဲ့နည်းပြသစ်ဟာ လာမဲ့ရာသီမှာ ဆုဖလား တစ်လုံး ယူပေးဖို့ ၊ ချန်ပီယံလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးဖို့ ဖိအားတွေ ရှိလာမှာသေချာပါတယ်။

Source : theguardian.com

#jdbkx.net #အားကစားသတင်း #မော်ရစ်စီယိုပိုချက်တီနို #ချဲလ်ဆီးနည်းပြ #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *