ဒီနှစ်ရာသီချန်ပီယံလိဂ်ဖလားရမဲ့အသင်းကို ပြောပြလိုက်တဲ့ ရော်နယ်ဒို

ဒီနှစ်ရာသီချန်ပီယံလိဂ်ဖလားရမဲ့အသင်းကို ပြောပြလိုက်တဲ့ ရော်နယ်ဒို

ရီးရဲလ် နဲ့ ယူနိုက်တက်စတားဟောင်း ရော်နယ်ဒိုက ရီးရဲလ်အသင်းဟာ အခုရာသီချန်ပီယံလိဂ်ဖလားအောင်မြင်လိမ့်မယ်လို့ ထောက်ခံခဲ့သလို ဂွါဒီယိုလာအနေနဲ့လည်း စီးတီးနဲ့အတူ ပြန်လာနိုင်လိမ့်မယ်လို့ ပြောကြားလိုက်ပါတယ်။

အန်ဆယ်လော့တီရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက ချန်ပီယံလိဂ်ဖိုင်နယ်မှာ ဒေါ့မွန်ကိုအနိုင်ယူပြီး ချန်ပီယံလိဂ်ရယူနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီမှာတော့ ဥရောပမှာ ရုန်းကန် နေရကာ ၆ ပွဲမှာ ၉ မှတ်သာရရှိထားပါတယ်။

ချန်ပီယံလိဂ်အမှတ်ပေးဇယားမှာ မက်ဒရစ်အသင်းဟာ အဆင့် ၂၀ နေရာမှာ ရပ်တည်နေပြီး ရှုံးထွက်အဆင့်နဲ့ ၄ မှတ်ကွာဟနေပါတယ်။ စီးတီးကလည်း ချန်ပီယံလိဂ်မှာ ရုန်းကန်နေရပြီး ရှုံးထွက်အဆင့်တက်ရောက်ဖို့ ကြိုးစားရဦးမှာဖြစ်ပါတယ်။ ဂွါဒီယိုလာရဲ့ အသင်းဟာ ဥရောပမှာတင်မဟုတ်ပဲ ပရီးမီးယားလိဂ်မှာပါ ရုန်းကန်နေရတာဖြစ်ပြီး လီဗာပူးအသင်းနဲ့ ၁၄ မှတ်အထိ ကွာဟခဲ့ပြီဖြစ်ပါတယ်။

Cristiano-Ronaldo-on-Manchester-United-6f2e

စီးတီးရုန်းကန်နေရတာနဲ့ပတ်သက်ပြီး ရော်နယ်ဒိုက
“ကောင်းပါပြီ။ ဘောလုံးမှာက ဘာဖြစ်မလဲဆိုတာ ဘယ်သူမှမသိနိုင်ပါဘူး။ အသင်းတွေမှာ အခိုက်အတန့်တွေ ၊ ခက်ခဲတဲ့အချိန်တွေ ၊ ကောင်းမွန်တဲ့အချိန်တွေရှိတတ်ပါတယ်။ စီးတီးက အခုလက်ရှိမှာ ခက်ခဲတဲ့ အနေအထားကို ဖြတ်သန်းနေရတာပါ။ ဒါပေမဲ့ ကျွန်တော် တပ်အပ်ပြောနိုင်တာကတော့ သူတို့ ၁၀၀% ပြန်လာမှာပါ။ မက်ဒရစ် လည်း အတူတူပါပဲ။
လူတွေ အစမှာ သူတို့အရမ်းကောင်းလိမ့်မယ်လို့ မထင်ထားပါဘူး။ ဒါပေမဲ့ သူတို့ အရမ်းမဆိုးသေးပါဘူး။ ဘာစီလိုနာနဲ့ ၂ မှတ် အကွာအနေအထားဆိုတာ မဆိုးသေးပါဘူး။ သူတို့ကတော့ ဆိုးဝါးတဲ့ရာသီတစ်ခုလို့ပြောနေကြပါတယ်။ သူတို့ဘာကြောင့် ဒီလိုပြောလဲဆိုတာ နားမလည်နိုင်ဖြစ်ရပါတယ်။ ကစားသမားတစ်ဦးချင်းစီတိုင်းမှာကော အသင်းတိုင်းမှာလည်း အခုလိုခက်ခဲတဲ့အချိန်တွေရှိ တတ်ပါတယ်။
ဒါပေမဲ့ မကြာခင်မှာ အားလုံးပြန်လာနိုင်တာပါပဲ။ မက်ဒရစ်ဆိုရင်လည်း ချန်ပီယံလိဂ်သရဖူကို ကာကွယ်နိုင်မှာပါ။ စီးတီးလည်း အတူတူပါပဲ။ ပြန်လာနိုင်မှာ သေချာပါတယ်။ စီးတီးမှာက ဒဏ်ရာပြဿနာအနည်းငယ်ရှိနေတာကြောင့်ပါ။ သူတို့က ထိပ်တန်းအသင်း ဖြစ်သလို ထိပ်တန်းကစားသမားတွေရှိနေပါတယ်။ ဖြစ်နေတဲ့ပြဿနာကို သူတို့သိပါတယ်။
ဂွါဒီယိုလာက တကယ့်ထိပ်တန်းနည်းပြပါ။ သူတို့ ၁၀၀% ပြန်လာနိုင်မှာ သေချာပါတယ်။ ပြဿနာကို မကြာခင်မှာ ဖြေရှင်းနိုင်ပါလိမ့် မယ်။ မက်ဒရစ်လည်းအတူတူပါပဲ။ အစပိုင်းမှာ ခက်ခဲပေမယ့် သူတို့ အထိုင်ကျလာမှာပါ”လို့ ရော်နယ်ဒိုက ပြောကြားခဲ့ပါတယ်။

 

Source : sports.yahoo.com

#ချန်ပီယံလိဂ် #ခရစ္စတီယာနိုရော်နယ်ဒို #ရီးရဲလ်မက်ဒရစ် #မန်ချက်စတာယူနိုက်တက် #ဂွါဒီယိုလာ #မန်စီးတီး #အန်ဆယ်လော့တီ

Loading

3 comments

  • Wonderful beat I wish to apprentice while you amend your web site how could i subscribe for a blog web site The account aided me a acceptable deal I had been a little bit acquainted of this your broadcast provided bright clear idea

  • helloI really like your writing so a lot share we keep up a correspondence extra approximately your post on AOL I need an expert in this house to unravel my problem May be that is you Taking a look ahead to see you

  • I was recommended this website by my cousin I am not sure whether this post is written by him as nobody else know such detailed about my difficulty You are wonderful Thanks

Leave a Reply

Your email address will not be published. Required fields are marked *