မားသီးယက်စ်ကွန်ဟာ

ဝုဗ်နဲ့ နောက်ထပ် ၄ နှစ်ခွဲအထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ ကွန်ဟာ

ဝုဗ်နဲ့ နောက်ထပ် ၄ နှစ်ခွဲအထိ စာချုပ်သက်တမ်းတိုးမြှင့်ခဲ့တဲ့ ကွန်ဟာ

ပရီးမီးယားလိဂ်ကလပ် ဝုဗ်ဟာ အသင်းရဲ့တိုက်စစ်မှူး မားသီးယက်စ်ကွန်ဟာကို နောက်ထပ် ၄ နှစ်ခွဲအထိ စာချုပ်သက်တမ်းတိုးမြှင့်လိုက်ပြီဖြစ်ကြောင်း စနေနေ့က ကြေညာချက်ထုတ်ပြန်လာခဲ့ပါတယ်။

အက်စတွန်ဗီလာကို ၂-၀ နဲ့အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကွန်ဟာဟာ ဒီရာသီမှာ ဝုဗ်အတွက် စုစုပေါင်း ၁၀ ဂိုးအထိသွင်းယူပေးထားနိုင်ပြီး ကလပ်ရဲ့ဂိုးသွင်းအများဆုံး ကစားသမားအဖြစ်လည်း ရပ်တည်ထားနိုင်ပါတယ်။

မားသီးယက်စ်ကွန်ဟာ jdbkx

ဘရာဇီးလက်ရွေးစင်ကို ပြိုင်ဘက်ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်နော်တင်ဟမ်ဖောရက်စ်နဲ့ ချဲလ်ဆီးတို့က ချိတ်ဆက်မှုတွေပြုလုပ်ထားကြပေမဲ့ ဝုဗ်ကအသင်းမှာပဲ ဆက်လက်ထိန်းသိမ်းဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ကစားသမားရဲ့စာချုပ် သက်တမ်းတိုးမြှင့်ခြင်းနဲ့ပတ်သက်ပြီး ဝုဗ်ဥက္ကဋ္ဌ ဂျက်ဖ်ရှီက “သူ့ရဲ့အရည်အသွေးကို ကွင်းထဲမှာ ထင်ထင်ရှားရှားမြင်နိုင်သလို၊ သူဟာ အသင်းရဲ့ ခေါင်းဆောင်တစ်ယောက်လည်းဖြစ်ပါတယ်။ အခုလို စာချုပ်သက်တမ်းတိုးနိုင်ခဲ့လို့ အရမ်းဝမ်းသာပါတယ်။ သူကအသင်းမှာ အသန်မာဆုံးကစားသမားဖြစ်ပြီး အကျိုးသက်ရောက်မှုတွေလည်း အများကြီးပြုလုပ်ထားနိုင်လို့ စာချုပ်သစ်နဲ့ထိုက်တန်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

တစ်ဖက်မှာ ဝုဗ်ကိုရှုံးခဲ့တဲ့ အက်စတွန်ဗီလာနည်းပြ အူနိုင်းအမ်မရီကတော့ သူ့ရဲ့အသင်းဟာ ချန်ပီယံလိဂ်မှာအောင်မြင်မှုရရှိဖို့ ကစားသမားအင်အား လိုအပ်နေတယ်လို့ဆိုပါတယ်။

အမ်မရီက “ကျွန်တော်တို့ ကစားသမားသစ်တွေလိုအပ်ပါတယ်။ အသင်းကနေထွက်ခွာသွားတဲ့ ကစားသမားတွေနေရာမှာ အစားထိုးနိုင်ဖို့ကြိုးစားရပါမယ်။ မနက်ဖြန်နဲ့ တနင်္လာနေ့က ဈေးကွက်ရဲ့နောက်ဆုံးနေ့ရက်တွေပါ။ ကျွန်တော်တို့မှာ အချိန် ၂ ရက်ရပါသေးတယ်။ ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ရှုံးထွက် ၁၆ သင်းအဆင့်ထိ တက်ရောက်ထားနိုင်ပြီဆိုတော့ ကစားသမားသစ်တွေ ခေါ်ယူနိုင်ဖို့ အကူအညီရမယ်လို့ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဗီလာဟာမကြာသေးမီက အသင်းရဲ့အရေးပါတဲ့ တိုက်စစ်မှူး ဂျွန်ဒူရန်ကို ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာသို့ပေါင် ၇၁ သန်းနဲ့ ရောင်းချထားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ အူနိုင်းအမ်မရီရဲ့အသင်းဟာ မန်ချက်စတာယူနိုက်တက်တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်ကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေပါတယ်။

 

Source : beinsports.com

Loading

Leave a Reply

Your email address will not be published. Required fields are marked *