
ဘက်ခမ်းတောင် တုန်လှုပ်နေပြီ
ချဲလ်ဆီးအသင်းဟာ မနေ့ညက ကစားသွားတဲ့ အက်ဖ်အေဖလား တတိယအဆင့်ပွဲမှာ ပရက်စတန် အသင်းကို ပထမပိုင်းမှာ ဆိုးရွားတဲ့ ခြေစွမ်းနဲ့ ကစားခဲ့ပေမဲ့ ၊ ဒုတိယပိုင်းမှာ ရခဲ့တဲ့ ဂိုးတွေကြောင့် သက်တောင့်သက်သာနဲ့ နောက်တစ်ဆင့်သို့ တက်ရောက်သွားနိုင်ခဲ့ပါတယ်။ ဒီပွဲမှာ ချဲလ်ဆီးနည်းပြ မော်ရစ်စီယို ပိုချက်တီနိုဟာ အဓိကကစားသမားအနည်းငယ်ကို အနားပေးခဲ့ပြီး ပြိုင်ဖက် ချန်ပီယံရှစ်ကလပ်ကို စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ တလေးတစားနဲ့ ယှဉ်ပြိုင်ကစားသွားတာ တွေ့ခဲ့ရပါတယ်။
ပထမပိုင်းမှာ ကစားကွက်က သိပ်မမိခဲ့ပေမဲ့ ဒုတိယပိုင်းမှာ လူစားလဲမှန်ကန်မှုတွေအပြင် တိုက်စစ်ရဲရဲဖွင့် ကစားခဲ့တာကြောင့် ဂိုးစောစောရခဲ့ပါတယ်။ ၁၁-မိနစ် အတွင်း ၃-ဂိုး ရခဲ့ရာမှာ တောင်ပံကစားသမား ရာဟင်း စတာလင်ရဲ့ တိုက်ရိုက်ဖရီးကစ် သွင်းဂိုးလည်း ပါဝင်ခဲ့ပါတယ်။
ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာ ပိုချက်တီနိုက ဒီရာသီ ဒုတိယမြောက် တိုက်ရိုက်ဖရီးကစ် ၂-ဂိုးမြောက် ရခဲ့တဲ့ စတာလင်ကို ပွဲအပြီးမှာ ဖရီးကစ် ဆရာတဆူ ဖြစ်တဲ့ ဒေးဗစ်ဘက်ခမ်းရဲ့ နေရာကို ဆက်ခံတော့မယ်လို့ အခုလိုပဲ စနောက်သွားပါတယ်။
ပိုချက်တီနို က “ပွဲပြီးတော့ ကျွန်တော်က သူ့ကို “ဒေးဗစ်ဘက်ခမ်းတောင် တုန်လှုပ်နေပြီ” လို့ ပြောခဲ့ပါသေးတယ်။ ဘာလို့လဲဆိုတော့ သူက ဒေးဗစ်ဆီက မှတ်တမ်းကို လွှဲပြောင်းရယူတော့မလို့ပါ။ ဒါက အရည်အသွေး အစစ်အမှန်ပါပဲ”

“ခင်ဗျားဟာ နေ့စဉ်နေ့တိုင်း ဒါကို လေ့ကျင့်နိုင်ပေမဲ့ တကယ်တမ်းမှာ ပွဲအတွင်းလုပ်ပြနိုင်တာနဲ့ပဲ သက်ဆိုင်ပါတယ်။ ဒါပေမဲ့ ဒါက သူ့အတွက် စပါယ်ရှယ် လေ့ကျင့်မှုတစ်ရပ်မဟုတ်ပါဘူး။ ဒါက သူ့ရဲ့ အရည်အသွေးပါ။ ဒီနေ့ပွဲနဲ့ နယူးကာဆယ်နဲ့ ပွဲမှာ သူ ဖရီးကစ်သွင်းနိုင်ခဲ့ပါတယ်”
“ဘယ်ပွဲလဲဆိုတာ ကျွန်တော် မမှတ်မိတော့ပေမဲ့ ဖရီးကစ်တံတိုင်း အမြင့်ကြီးကို သူ ကျော်ပြီး ကန်သွင်းပြသွားခဲ့တာပါ။ ဒါက ကန်သွင်းနိုင်ကြောင်း ယုံကြည်မှုနဲ့ပဲ သက်ဆိုင်ပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ပိုချက်တီနိုက ကြားရက်မှာကစားမဲ့ မစ်ဒယ်ဘရော့နဲ့ ကာရာဘောင်းဖလား ဆီမီးဖိုင်နယ် ပထမအကျော့ မတိုင်မီ ခြင်္သေ့ပြာတို့ရဲ့ ဒဏ်ရာပြဿနာ အခြေအနေအကြောင်း အခုလိုပဲဆွေးနွေးလာပါတယ်။
“ချေဝဲလ် ၊ ဘတ်ဒီယာရှီးလ်တို့ ဒဏ်ရာက ပြန်လာဖို့ နီးစပ်နေပြီလို့ ပြောရပါမယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ သူတို့ရဲ့ နေ့စဉ် အခြေအနေ တိုးတက်မှုကို ရှေးရှုဖို့လိုပါတယ်။ အဲဒါပြီးမှ ကျွန်တော်တို့ သူတို့နဲ့ပတ်သက်ပြီး ဘယ်လိုတိုးတက်အောင် လုပ်မလဲဆိုတာ စဉ်းစားရပါမယ်”
“အရဲစွန့်သုံးရတာ အမှန်တကယ် အရေးကြီးသလို ၊ သူတို့ရဲ့ ထရိန်နင်က အခြေအနေတွေကိုလည်း စောင့်ကြည့်ဖို့ လိုပါတယ်။ ကစားသမားအားလုံးကတော့ အသင့်ဖြစ်နေတဲ့ အကြောင်းပြောကြမှာပါ။ သူတို့ကိုယ် သူတို့ဘယ်လောက်ထိ အသင့်ဖြစ်နေတယ်ဆိုတာ မသိကြပါဘူး။ သူတို့ ကစားပေးနိုင်ပြီလားဆိုတာ ကျွန်တော်တို့ရဲ့ အတွေးအမြင်တွေအပေါ်လည်း မူတည်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
၂၄-နာရီဝန်ဆောင်မှုအပြည့်နဲ့ ကိုယ်တိုင် ငွေသွင်း/ ငွေထုတ်လုပ်ရပြီး အလျော်ကြမ်းနေတဲ့ ဂိမ်းဆိုဒ်မှာ အကောင့် အခမဲ့ ပြုလုပ်ရန် စိတ်ဝင်စားပါက – Link
နေ့စဉ် Update တင်ပေးနေတဲ့ မြန်မာစာတန်းထိုးဇာတ်ကားများကို Telegram မှာ ကြည့်ရှုနိုင်ပြီ – Telegram Movie Channel
မြန်မာစာတန်းထိုးဇာတ်ကားများကို Website မှာလည်း တိုက်ရိုက်ကြည့်ရှုနိုင်ပြီ – မြန်မာစာတန်းထိုးဇာတ်ကားများ
#jdbkx.com #အားကစားသတင်း #ပရက်စတန်အသင်း #ရာဟင်းစတာလင် #မော်ရစ်စီယိုပိုချက်တီနို #ချဲလ်ဆီး #Online #Games #Myanmar #OnlineGamesMyanmar