အယ်ဘေးနီးယား Vs စပိန် ၊ ခရိုအေးရှား Vs အီတလီ ပွဲအပေါ် ခရစ်ဆပ်တန် ရဲ့ ခန့်မှန်းချက်

အယ်ဘေးနီးယား Vs စပိန် ၊ ခရိုအေးရှား Vs အီတလီ ပွဲအပေါ် ခရစ်ဆပ်တန် ရဲ့ ခန့်မှန်းချက်

အယ်ဘေးနီးယား Vs စပိန် ( ဇွန်လ ၂၅ ၊ ကြာသပတေး ၊ မြန်မာ စံတော်ချိန် နံနက် ၁ နာရီခွဲ )

“ကျွန်တော် အယ်ဘေးနီးယား ရဲ့ အင်ပြည့်အားပြည့် ကစားပုံအပေါ် သဘောကျပါတယ်။ ပြိုင်ဘက်ကို တကယ်ခြိမ်းခြောက်နိုင်စွမ်းရှိပါတယ် ၊ ခံစစ် ပိတ်ဆော့ပေမဲ့ တိုက်စစ်ဆင်ကစားတဲ့အခါမှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ ကစားနိုင်ပါတယ် ၊ သူတို့ကစားတာ အကြောက်အလန့် လုံးဝမရှိပါဘူး”

“စပိန် က အုပ်စုဗိုလ် ဖြစ်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ ဒါကြောင့် ဒီနေ့ ပွဲမှာ သူတို့ အပြောင်းအလဲတွေလုပ်ပြီး ပွဲထွက်လာဖို့ ရှိပါတယ် ၊ သူတို့ အနိုင်လည်း ရဦးမှာပါ ၊ အီတလီ နဲ့ ပွဲမှာ သူတို့အခွင့်အရေးတွေကို ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့တာကိုပဲ ဝေဖန်စရာရှိပါတယ်။ အဲ့ဒီပွဲမှာ နီကိုဝီလီယံ အတော်ကောင်းခဲ့ပါတယ် ၊ လော်ရန်ဇို လို ကမ္ဘာ့အဆင့် အစွန်နောက်ခံလူကို ‌ဒုက္ခပေးသွားခဲ့တာပါ ၊ သူ ခြေစွမ်းဆက်ပြ ဦးမယ်လို့ ထင်ပါတယ် ။ ”

ဆပ်တန် ရဲ့ ခန့်မှန်းချက် – အယ်ဘေးနီးယား ၀-၂ စပိန်

ခရိုအေးရှား Vs အီတလီ ( ဇွန်လ ၂၅ ၊ ကြာသပတေး ၊ မြန်မာ စံတော်ချိန် နံနက် ၁ နာရီခွဲ )

“ခရို‌အေးရှား က စပိန် နဲ့ ပွဲမှာ အပြတ်အသတ် ချေမှုန်းခံရသလို အယ်ဘေးနီးယား နဲ့ ပွဲမှာလည်း နိုင်ပွဲမရခဲ့ပါဘူး။ အယ်ဘေးနီးယား က ခရိုအေးရှား ကို ဒုက္ခ အများကြီး ပေးသွားခဲ့တာပါ ၊ ကျွန်တော်အရင်ကလည်း ပြောဖူးပါတယ် ၊ ခရိုအေးရှားအသင်း ကစားသမားတွေက အသက်ကြီး‌နေကြပါပြီ ”

“ဒါပေမဲ့ အီတလီကလည်း စပိန် နဲ့ ပွဲမှာ ဘာမှ မလုပ်နိုင်ခဲ့တဲ့ အသင်းဆိုတော့ ခရိုအေးရှား အတွက်‌ မျှော်လင့်ချက် အနည်းငယ် ရှိပါတယ်။ စပိန် နဲ့ ပွဲမတိုင်မှီ အီတလီ နည်းပြ စပယ်လက်တီ က သူတို့ အသင်းရဲ့ ကိုယ်ပိုင် ဘောလုံး ကစားဟန် ကပဲ သူတို့အသင်းကိုကယ်တင်မှာဖြစ်တယ်လို့ ပြောခဲ့ပေမဲ့ စပိန် နဲ့ ပွဲမှာ အဲ့ဒီ ကိုယ်ပိုင်ဟန်ဆိုတာကိုတောင် မတွေ့ခဲ့ရပါဘူး ၊ အီတလီ အနေနဲ့ အများကြီး တိုးတက်ဖို့ လိုအပ်ပါတယ် ”

”ဘယ်အသင်း အနိုင်ရမလဲ ပြောရခက်ပါတယ်။ ဒါပေမဲ့ ခရိုအေးရှား အသင်း အုပ်စုက ပြုတ်မယ်ဆိုတဲ့ ကျွန်တော့်ရဲ့ အစောပိုင်း ခန့်မှန်းချက် အတိုင်းပဲ ဆက်လက်ရပ်တည်သွားပါမယ် ၊ စပိန် အသင်း နဲ့ ပွဲက စွမ်းဆောင်ရည်ကို မကြိုက်ပေမဲ့ ဒီပွဲမှာတော့ အီတလီကို ပိုကြိုက်ပါတယ် ”

ဆပ်တန် ရဲ့ ခန့်မှန်းချက် – ခရိုအေးရှား ၀-၁ အီတလီ

Source: bbc.com

#jdbkx.net #ခရစ်ဆပ်တန် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

2 comments

  • Wonderful beat I wish to apprentice while you amend your web site how could i subscribe for a blog web site The account aided me a acceptable deal I had been a little bit acquainted of this your broadcast provided bright clear idea

  • 이 유형은 전적으로 최고로 보입니다. 이 작은 디테일은 보통 많은 기초 디테일과 함께 만들어집니다. 저는 많은 것을 선호합니다.

Leave a Reply

Your email address will not be published. Required fields are marked *