ခြေစွမ်း ထပ်မပြနိုင်ခဲ့တဲ့ ချဲလ်ဆီး စတား အပေါ် အားမလိုအားမရ ဖြစ်နေတဲ့ မာရက်စ်ကာ

ခြေစွမ်း ထပ်မပြနိုင်ခဲ့တဲ့ ချဲလ်ဆီး စတားအပေါ် အားမလိုအားမရ ဖြစ်နေတဲ့ မာရက်စ်ကာ

ချဲလ်ဆီး အသင်းဟာ မနေ့ညက ကစားသွားတဲ့ ပရီးမီးယားလိဂ်ပွဲမှာ ဝုလ်ဗ် အသင်းကို အဝေးကွင်းမှာ အံ့သြဖွယ်ကောင်းတဲ့ ဒုတိယပိုင်း စွမ်းဆောင်ရည်နဲ့ အတူ ဂိုးဒါဇင်ဝက် သွင်းကာ ၊ ၂ – ၆ ရလဒ်နဲ့ နည်းပြသစ် အန်ဇို မာရက်စ်ကာ အတွက် ပထမဆုံး ပရီးမီးယားလိဂ် ၃ မှတ်ကို စတင် ရယူနိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ခံစစ်က လိုအပ်ချက်များခဲ့သလောက် ၊ ချဲလ်ဆီး တိုက်စစ်ကစားသမားတွေ အဓိကတောက်ပခဲ့ကြပေမဲ့ ဘယ်တောင်ပံမှာ ပွဲထွက်ခွင့် ရခဲ့တဲ့ မစ်ခ်ဟိုင်းလို မူဒရစ် တစ်ယောက်ပဲ ခြေမပေါ်ခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ ယင်းယူကရိန်းလက်ရွေးစင်အတွက် ပထမဆုံး ကြုံတွေ့ရတဲ့ ရုန်းကန်မှု မဟုတ်တာကြောင့် ၊ အချိန်ကြာလာတာနဲ့ အမျှ ပရိသတ်တွေကို ပိုပြီး စိတ်ပျက်မှု ဖြစ်လာစေပါတယ်။

ချဲလ်ဆီး စတား အပေါ် အားမလိုအားမရ ဖြစ်နေတဲ့ မာရက်စ်ကာ

နည်းပြ ဖြစ်သူ အန်ဇို မာရက်စ်ကာ ကိုယ်တိုင်က ၎င်းကို ဆက်လက် အချိန်မပေးလိုခဲ့ပဲ ၊ ပထမပိုင်းအပြီးမှာ သူ့ကို ဝုလ်ဗ်ကနေ ယူရိုသန်း ၆၀ နဲ့ အသစ်စက်စက် ခေါ်ယူထားတဲ့ ပတ်ဒရို နက်တိုနဲ့ လူစားလဲပစ်ခဲ့ပါတယ်။ ဒီအကြောင်း အပေါ် ပွဲပြီး သတင်းစာရှင်းလင်းပွဲမှာ မာရက်စ်ကာ က အခုလိုပဲ ရှင်းလင်းလာပါတယ်။

မာရက်စ်ကာ က “ဘာကြောင့် သူ့ကို လူစားလဲခဲ့လဲ ? ကျွန်တော် သူ့ခြေစွမ်းအပေါ် မပျော်ရွှင်လို့ပါ ။ တချို့ အခိုက်အတန့်တွေမှာ ကျွန်တော်တို့ဟာ အခြေအနေတွေကို ဒီထက် ပိုကောင်းကောင်း စီမံခန့်ခွဲ့နိုင်တယ်လို့ ကျွန်တော် ထင်ပါတယ်။”

“သူဟာ ဘောလုံး ခြေထဲမရှိတဲ့ အချိန် အရမ်း ပြင်းပြင်းထန်ထန် ကြိုးစားနေခဲ့ပြီး ၊ ဒါကအရမ်းကောင်းပါတယ်။ ဒါပေမဲ့ ဘောလုံး ခြေထဲ ရှိတဲ့ အချိန်မှာတော့ မီရှာ ( မူဒရစ် ) ဆီက အရည်အသွေး အများကြီး ကျွန်တော် မျှော်မှန်းခဲ့တာပါ ။ ”

“ကျွန်တော့် အတွက်တော့ သူဟာ ရှေ့တစ်ရက်က ပွဲမှာ အခိုက်အတန့်ကောင်း တချို့ ပိုင်ဆိုင်ခဲ့ပြီး ၊ ဒီနေ့မှာလည်း ထိုနည်းတူပါပဲ။ ဒီအချက်ကြောင့် ကျွန်တော်တို့ ဒုတိယပိုင်းမှာ အပြောင်းအလဲ လုပ်ဖို့ လိုအပ်ခဲ့ပြီး ၊ ပတ်ဒရိုကို မိနစ် တချို့ ကစားခွင့် ပေးခဲ့တာပါ ။ ” လို့ ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီး စတား အပေါ် အားမလိုအားမရ ဖြစ်နေတဲ့ မာရက်စ်ကာ

ဆက်လက်ပြီး မာရက်စ်ကာ က ပထမပိုင်းမှာ သရေကျအပြီး ကစားသမားတွေကို ဘာပြောခဲ့လဲ ဆိုတာနဲ့ ပတ်သက်ပြီး “နူးညံ့တဲ့ နည်းတစ်နည်းနဲ့ ပြောရရင် ကျွန်တော်တို့ ဒီထက်ပိုပြီး တိကျဖို့လိုခဲ့တယ်လို့ ကျွန်တော်ပြောခဲ့တာပါ။ ပထမပိုင်းမှာ ကျွန်တော်တို့ ၁၀ -မိနစ် ၊ ၁၅-မိနစ်လောက် ကစားပုံအရမ်းကောင်းခဲ့ပါတယ်။ နောက်တော့ နွန်နီဆီက အပိုင်အခွင့်အရေး အနည်းငယ် ရခဲ့ပါတယ်။”

“အဲဒီနောက် ကျွန်တော်တို့ ဘောလုံး စတင် ဆုံးရှုံးလာခဲ့ပြီး ၊ တည်ကန်ဘောတွေ ပေးခဲ့ရတယ် ၊ ယုံကြည်မှုတွေ ကျဆင်းလာခဲ့ပါတယ်။ ရှေ့တရက်က ဆာဗက်နဲ့ ပွဲမှာ ဖြစ်ခဲ့သလိုမျိုးပေါ့။ ပထမပိုင်း အပြီးမှာ ကျွန်တော် သူတို့ကို ကျွန်တော်တို့ ကစားချင်တဲ့ ပုံစံအတိုင်း ကစားဖို့ ၊ ပိုပြီး တိတိကျကျ ကစားဖို့ပဲ ပြောခဲ့ပါတယ်။”

“ပြိုင်ဖက်က ကျွန်တော်တို့ကို ပိုပြီး ပြင်းပြင်းထန်ထန် ဖိအားပေးတဲ့အခါ ၊ ဘောလုံး ဆုံးရှုံးနိုင်ပါတယ်။ ဒါပေမဲ့ ဆုံးဖြတ်ချက် အမှားတွေ အတွက်နဲ့ ဘောလုံး ဆုံးရှုံးတာမျိုးတော့ ဖြစ်လို့ မရပါဘူး။ ပထမပိုင်းနဲ့ ဒုတိယပိုင်း အကြား အဓိက ကွာဟချက်က ပိုပြီး တိကျမှု ရှိခြင်းပါပဲ။ ” လို့ ပြောကြားခဲ့ပါတယ်။

#jdbkx.net #အန်ဇိုမာရက်စ် #Online #Games  #Myanmar  #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

17 comments

Leave a Reply

Your email address will not be published. Required fields are marked *