ယူနိုက်တက်က ချိတ်ဆက်နေပေမဲ့ အနားယူဦးမဲ့ ဆောက်ဂိတ်

ယူနိုက်တက်က ချိတ်ဆက်နေပေမဲ့ အနားယူဦးမဲ့ ဆောက်ဂိတ်

အင်္ဂလန်အသင်းနည်းပြဟောင်း ဆောက်ဂိတ်ကတော့ ယူနိုက်တက်အသင်းဘက်က ချိတ်ဆက်နေပေမဲ့ နည်းပြလောကကနေ ခေတ္တအနားယူဦးမယ်လို့ ဆိုပါတယ်။အခုနှစ်အစောပိုင်းတုန်းက ယူရိုမှာ စပိန်ကိုအရေးနိမ့်ပြီးနောက် ဆောက်ဂိတ်ဟာ အင်္ဂလန်အသင်းရာထူးကနေ နုတ်ထွက်ခဲ့တာဖြစ်ပါတယ်။

အဲ့ကတည်းက ယူအီးအက်ဖ်အေမှာ နည်းစနစ်ပိုင်းရှာဖွေသူအဖြစ် တာဝန်ယူနေပြီး ယူနိုက်တက်က တန်ဟက်နေရာအတွက် ချိတ်ဆက်နေပါတယ်။

ယူနိုက်တက်က ချိတ်ဆက်နေပေမဲ့ အနားယူဦးမဲ့ ဆောက်ဂိတ်

ဒါပေမဲ့လည်း ဆောက်ဂိတ်က သူ့အနေနဲ့ နောက်ထပ် ၁ နှစ်လောက်အထိ နည်းပြအလုပ်ကိုလုပ်ဆောင်မှာမဟုတ်ကြောင်း ယူနိုက်တက်တာဝန်ရှိသူတွေကို အသိပေးခဲ့ပါတယ်။

“ကျွန်တော်လာမဲ့နှစ်အထိ နည်းပြအလုပ်လုပ်မှာမဟုတ်ပါဘူး။ သေချာပါတယ်။ ကျွန်တော် သေချာတာကိုပဲပြောပါတယ်။ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချနိုင်ဖို့ ကျွန်တော့်ကိုကျွန်တော် အချိန်ပေးဖို့လိုအပ်ပါတယ်။

ကျွန်တော့်အတွက် အဆင်ပြေတဲ့အနေအထားရောက်ပြီဆိုရင် နည်းပြအလုပ်ကို ပြန်လုပ်မှာပါ”လို့ ဆောက်ဂိတ်က ပြောကြားခဲ့ပါတယ်။

ဆောက်ဂိတ်ဟာ အနာဂတ်ကိုမဆုံးဖြတ်ခင်အထိ ယူအီးအက်ဖ်အေမှာ နည်းစနစ်ပိုင်းရှာဖွေသူအဖြစ် ဆက်လက်လုပ်ဆောင်ဖွယ်ရှိနေပါတယ်။

 

Source: skysports.com

#jdbkx.net #ဝိန်းရွန်းနီ #ဆောက်ဂိတ်#မန်ချက်စတာယူနိုက်တက် #Online #Games  #Myanmar #OnlineGamesMyanmar  #OnlineGames  #OnlineCasino  #SlotandFish  #SportsGames  #MyanmarOnlineGames

Loading

Leave a Reply

Your email address will not be published. Required fields are marked *