
အင်္ဂလန် လက်ရွေးစင် နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ စာရင်းထဲ ပါဝင်နေခြင်းအပေါ် တုန့်ပြန်လာတဲ့ ဂရေဟမ် ပေါ်တာ
မနှစ်ကမှ ချဲလ်ဆီး နည်းပြ ရာထူးကနေ ထုတ်ပယ်ခြင်း ခံထားခဲ့ရတဲ့ အင်္ဂလိပ်လူမျိုး နည်းပြ ဂရေဟမ် ပေါ်တာဟာ ယူရို ၂၀၂၄ ပြိုင်ပွဲအပြီး ဂါရတ် ဆောက်ဂိတ် နုတ်ထွက်သွားပြီးနောက် ၊ အင်္ဂလန် လက်ရွေးစင် နည်းပြ ရာထူးကို ဆက်ခံဖို့ ရေပန်းအစားဆုံး စာရင်းထဲ ပါဝင်လျက် ရှိပါတယ်။
ပေါ်တာဟာ ဘွတ်ကီတွေရဲ့ အလေးပေးမှုအရ အင်္ဂလိပ်လူမျိုး နည်းပြတွေထဲ အင်္ဂလန်နည်းပြသစ်ဖြစ်လာဖို့ နယူးကာဆယ် နည်းပြ အက်ဒီဟောင်းနဲ့ အပြိုင် ရေပန်းစားနေပါတယ်။ အင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်းတချို့ကလည်း ဆောက်ဂိတ်ရဲ့ နေရာကို ဆက်ခံမဲ့ နည်းပြကို အင်္ဂလိပ်လူမျိုးထဲကပဲ ရွေးချယ်ဖို့ ထင်မြင်ချက် ပေးထားကြပါတယ်။

ITV Sport နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာ ဂရေဟမ် ပေါ်တာက အင်္ဂလန် နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေခြင်းအပေါ် ဖြေဆိုဖို့ ငြင်းဆိုသွားကာ ၊ အင်္ဂလန်ကို နောက်ဆုံး ယူရိုပြိုင်ပွဲ ၂ -ခုဆက် ဗိုလ်လုပွဲသို့ ပို့ဆောင်ပေးခဲ့တဲ့ ဆောက်ဂိတ် အတွက် ဂုဏ်ယူမိကြောင်းသာ မှတ်ချက်ပြုခဲ့ပါတယ်။
ပေါ်တာ က “ဒီနေ့က ဒီအကြောင်း ပြောဖို့ နေ့မကျသေးပါဘူး။ ပြောစရာ တစ်ခုတည်း ရှိတာက ဂါရတ် လုပ်ပြခဲ့တာက ဘယ်လောက် ကြီးကျယ်လိုက်သလဲ ဆိုတာပါပဲ။ အင်္ဂလိပ်လူမျိုး တစ်ယောက် အနေနဲ့ ကျွန်တော်ဟာ သူနဲ့ အသင်း အတွက် ဂုဏ်ယူမိပါတယ် ”
“အင်္ဂလန် အသင်းကို လမ်းပြပေးခဲ့တာတွေ ၊ ဒီလို ပြိုင်ပွဲတွေရဲ့ နောက်ဆုံး အဆင့်တွေဆီ တက်လှမ်းအောင် စွမ်းဆောင်ပေးခဲ့တာတွေအတွက် အင်္ဂလိပ် ဘောလုံးလောကမှာ ဂါရတ်ထက် ပိုပြီး လေးစားမှု ရဖို့ ထိုက်တန်တဲ့သူ တစ်ယောက်မှ ကျွန်တော် စဉ်းစားလို့ကို မရပါဘူး”

“သူနဲ့ သူ့ရဲ့ နည်းပြအဖွဲ့ဟာ အံ့သြပြောင်မြောက်ဖွယ် အလုပ်တစ်ခု စွမ်းဆောင်ပြခဲ့တာပါ။ ဒီတော့ အခုအချိန်မှာ သူတို့ကို လေးစားမှု ပြသရပါမယ်။ ကျန်တာတွေက လူတွေ ခန့်မှန်းပြောဆိုနေကြခြင်းတွေပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
တစ်ဖက်မှာ ပေါ်တာဟာ အင်္ဂလန် နည်းပြရာထူးကို အလိုရှိနေတာ အတော်လေး သိသာနေပြီး ၊ ချဲလ်ဆီးကနေ အထုတ်ခံခဲ့ရပြီးနောက် ၊ ပရီးမီးယားလိဂ် ကလပ် တချို့ အပြင် ဥရော ကလပ် အနည်းငယ်ရဲ့ ချဉ်းကပ်မှုတွေကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့ဖူးပါတယ်။
Sky Sports နဲ့ တွေ့ဆုံခဲ့တဲ့ အင်တာဗျူးမှာတော့ ပေါ်တာ က နည်းပြလောကထဲသို့ ပြန်ဝင်လာဖို့ အသင့် ဖြစ်နေကြောင်းကို “ကျွန်တော်ဟာ အရမ်းကောင်းတဲ့ အနားကာလကို ရရှိထားပါတယ်။ ကျွန်တော် စတင်ခဲ့တဲ့ ခရီးကနေ ရောက်ရှိထားတဲ့ ခရီးထိ ဘာမှ အလကား ရလာခဲ့တာ မဟုတ်ပါဘူး။ ဒီတော့ ကျွန်တော့ အဖို့ အနားရဖို့ ၊ ခွန်အား ပြန်ဖြည့်နိုင်ဖို့က အရေးကြီးပါတယ် ”
“တခြား အားကစား ပြိုင်ပွဲတွေ ၊ တခြား အသင်းတွေနဲ့ လည်ပတ်စရာ နေရာတွေကို သွားရောက်ဖို့ အချိန်ကောင်းလည်းဖြစ်ခဲ့ပါတယ်။ အခုတော့ ကျွန်တော် အဆင်သင့် ပြန်ဖြစ်နေပြီလို့ ခံစားရသလို ၊ မှန်ကန်တဲ့ အခွင့်အရေး တရပ် ရောက်လာတဲ့အခါ ၊ ပြန်လာနိုင်ဖို့ကို စိတ်လှုပ်ရှားနေပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။
Source: skysports.com
#jdbkx.net #ဂရေဟမ်ပေါ်တာ #ဂါရတ်ဆောက်ဂိတ် #Online #Games #Myanmar #OnlineGamesMyanmar #OnlineGames #OnlineCasino #SlotandFish #SportsGames #MyanmarOnlineGames
Great information shared.. really enjoyed reading this post thank you author for sharing this post .. appreciated
Thank you for the auspicious writeup It in fact was a amusement account it Look advanced to far added agreeable from you However how can we communicate
I do believe all the ideas youve presented for your post They are really convincing and will certainly work Nonetheless the posts are too short for novices May just you please lengthen them a little from subsequent time Thanks for the post
Thank you for the good writeup It in fact was a amusement account it Look advanced to far added agreeable from you However how could we communicate
Nice blog here Also your site loads up very fast What host are you using Can I get your affiliate link to your host I wish my site loaded up as quickly as yours lol
Wonderful beat I wish to apprentice while you amend your web site how could i subscribe for a blog web site The account aided me a acceptable deal I had been a little bit acquainted of this your broadcast provided bright clear idea
Startup Talky Naturally like your web site however you need to take a look at the spelling on several of your posts. A number of them are rife with spelling problems and I find it very bothersome to tell the truth on the other hand I will surely come again again.
I truly appreciate your technique of writing a blog. I added it to my bookmark site list and will