
ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းတိုးဖို့ ဆွေးနွေးမှုတွေပြုလုပ်ထားတဲ့ ဟယ်ရီမက်ဂွိုင်းယား
မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွိုင်းယား ဟာ နည်းပြသစ်ရူဘင်အာမိုရင်ရဲ့ ကစားကွက်မှာ အံဝင်ခွင်ကျဖြစ်အောင်ကစားနိုင်တာကြောင့် ယခုအခါမှာတော့ အသင်းနဲ့စာချုပ်သက်တမ်းတို့ဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီး မကြာမီမှာပဲ သဘောတူညီမှုရရှိတော့မယ်လို့သိရပါတယ်။
စွယ်စုံရ ဗဟိုခံစစ်မှူးဟာ အိုးလ်ထရက်ဖို့ဒ်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့ ၆ လသာကျန်ရှိတော့တာဖြစ်ပြီး လာမဲ့ဇန်နဝါရီဈေးကွက်မှာ အသင်းကနေထွက်ခွာဖို့ အခြားအသင်းတွေနဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ဖို့ အခွင့်အရေးရှိနေပါတယ်။ အသက်-၃၁ နှစ်အရွယ်ကစားသမားကို ယူနိုက်တက်ဟာ နောက်ထပ် ၁ နှစ်သက်တမ်းတိုးဖို့ပြင်ဆင်နေတာဖြစ်ပြီး အင်္ဂလန်သားကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်နေထိုင်လိုကြောင်း ပြောကြားထားပါတယ်။
မန်စီးတီးကိုအနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်အပြီးမှာ ဟယ်ရီမက်ဂွိုင်းယား က “ကျွန်တော်စာချုပ်သက်တမ်းတိုးမဲ့အကြောင်းကိုမစဉ်းစားဘဲ ဒီရာသီမှာအသင်းအတွက် အစွမ်းကုန်ပေးဆပ်ဖို့ပဲစဉ်းစားထားပါတယ်။ ဒါပေမဲ့ အခုချိန်မှာ သက်တမ်းတိုးဖို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေလည်း ပြုလုပ်ထားပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂ ရာသီအတွင်းမှာ မက်ဂွါရီဟာ အိုးလ်ထရက်ဖို့ဒ်ကနေထွက်ခွာဖို့ ၂ ကြိမ်အထိနီးစပ်ခဲ့ပြီး ၂၀၂၃ ခုနှစ်နွေရာသီမှာ ဝက်စ်ဟမ်းနဲ့သဘောတူညီမှုရခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ ဆွေးနွေးမှုတွေပျက်ပြယ်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ကစားသမားဟာ နည်းပြသစ်ရူဘင်အာမိုရင်ရဲ့လက်အောက်မှာ ခြေစွမ်းပြသနေပြီး ပြီးခဲ့တဲ့ မန်စီးတီးနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့ပါတယ်။
အဆိုပါပွဲစဉ်အပြီးမှာ အာမိုရင်ကလည်း “ကျွန်တော့်ရဲ့ခံစစ် ၃ ယောက်တွဲကစားကွက်မှာ မက်ဂွိုင်းယားက ပြီးပြည့်စုံတဲ့ကစားသမားပါ။ အခုလို သူ့ကို ဗဟိုခံစစ်နေရာမှာထားပြီးကစားခိုင်းတာက အသင်းနဲ့ အံဝင်ခွင်ကျဖြစ်စေပါတယ်။ အထူးသဖြင့် အာလင်းဟာလန်းဆီ ဖြတ်တင်ဘောတွေမရောက်စေဖို့ သူကအဓိက တားဆီးပေးခဲ့ပါတယ်။ မက်ဂွိုင်းယားပဲမဟုတ်ပါဘူး။ ဒီနေ့မှာ နောက်တန်းကစားသမားတွေအားလုံး ကောင်းကောင်းကစားနိုင်ခဲ့ကြပါတယ်” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၆၄ ပွဲအထိပါဝင်ကစားခွင့်ရထားတဲ့ မက်ဂွါရီဟာ ၂၀၁၉ ခုနှစ်မှာ လက်စတာမှ ယူနိုက်တက်သို့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ရောက်ရှိလာခဲ့ပြီး တန်ကြေးအမြင့်ဆုံးနောက်ခံလူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၂၁၉ ပွဲအထိကစားပေးခဲ့တဲ့ နောက်ခံလူဟာ အသင်းနဲ့အတူ အက်ဖ်အေနဲ့ ကာရာဘောင်ဖလားတွေကို ဆွတ်ခူးရရှိထားပါတယ်။
လာမဲ့ကြာသပတေးနေ့မှာတော့ ယူနိုက်တက်ဟာ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် ခက်ခဲတဲ့ပြိုင်ဘက် တော့တင်ဟမ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး မက်ဂွိုင်းယားအနေနဲ့ အသင်းအတွက် ဆက်လက်ပွဲထွက်ခွင့်ရသွားမလား စောင့်ကြည့်ရပါမယ်။
#မန်ချက်စတာယူနိုက်တက် #အာမိုရင် #မက်ဂွိုင်းယား #အင်္ဂလန် #ကာရာဘောင်ဖလား
Its like you read my mind You appear to know so much about this like you wrote the book in it or something I think that you can do with a few pics to drive the message home a little bit but instead of that this is excellent blog A fantastic read Ill certainly be back